part 35

4.9K 144 7
                                    

တစ်ပတ်လောက်ခြံထဲက ခြံပြင်မထွက်ပဲနေရတာ အရမ်းစိတ်ညစ်သလို ခံစားရလာ၏ ကိုယ်ဝန်လွယ်ကတည်းက ထူးထူးဆန်းဆန်းအိပ်မက်တွေမက်နေ၏..အိပ်မက်ထဲမှာ စပါးသယ်နေတဲ့ကောင်မလေးကို.. ကောင်လေးတစ်ယောက်က လိုက်ကူနေတဲ့ပုံစံလေ အဲ့ပုံစံကို လှလွန်းသူရဲ့စိတ်ထဲမှာ တော်တော်လေးရင်းနှီးနေပုံရ၏

"မင်းမိဘတွေဆီသွားမလား,

မိဘဆီဆိုတဲ့ အသံလေးကြားတာနဲ့ သူမမျက်လုံးကအရောင်လေးတောက်လာ၏..

"အင်း, ပို့ပေးမလို့လား

"အင်း ပို့ပေးမယ် ကိုယ်ဝန်ရှိတယ်ဆိုတာ မင်းမိဘတွေကို ပြောပြီးပြီလား

"မပြောရသေးဘူး ဖုန်းမှာဘေလ်မှမရှိတာ..

"ဒါဆို သွားဖို့ ဂါဝန်အဝါလေးဝတ်လိုက် ,ဆံပင်ဖီးပေးမယ်, အရမ်းဖီးပေးချင်လို့မဟုတ်ဘူး ဗိုက်ထဲက ငါ့ကလေးကြောင့်..

ဘုန်းမင်းခန့်တစ်ယောက် သူဘာသူပြောပြီး အိုးမလုံအုံပွင့်ပြီး ကိုယ့်စကားကို ပြန်လမ်းကြောင်းပိတ်နေ၏လှလွန်းသူကတော့ ဘာမှမပြောပဲ ဗီရိုထဲက အဝါရောင်ဂါဝန်လေးတစ်ထည်ကိုယူပြီး သန့်စင်ထဲသွားကာ လဲလိုက်၏..ဂါဝန်လေးက အရင်ကလိုကျပ်နေခြင်းမရှိ နည်းနည်းချောင်သွားတာကြောင့် လှလွန်းသူပြုံးနေမိသည် လဲပြီးတော့ အပြင်ပြန်လာတော့

"ချောင်သွားတယ်ရော, အစားစာလို့သိပ်မကောင်းဘူးလား,ငါခ်က္တာ အဆင်မပြေလို့လား

"မဟုတ္ဘူး စိတ်ထဲမစားချင်လို့

ရန်သူတွေလိုပဲ တစ်ယောက်နဲ့တစ်ယောက်စကားပြောတာက ဘုနဲ့ဘောက်

"ဒီနား လာထိုင်..

ဘုန်းမင်းခန့်ထိုင်ခိုင်းထားတဲ့ နေရာကို လှလွန်းသူလျောက်လာပြီး ကျောခိုင်းပြီး ထိုင်လိုက်၏

"ကလေးမွေးရင် ဒီဆံပင်အရှည်တွေက ညှပ်ပစ်ရမယ်မဟုတ်လား သိပ်လဲရှင်းမရှင်းပါနဲ့.

"မလိုဘူး, ဆံပင်အရှည်တိုင်းပဲနေ,..ကလေးမွေးပြီးတာနဲ့ မင်းက ကွာရှင်းမှာဆိုတော့ ညွပ္စရာမလိုဘူး

အရင်က သူမအရမ်းကွာရှင်းချင်ပေမဲ့ အခု ဘုန်းမင်းခန့်နားက ထွက်သွားမှာကြောက်လာမိ၏..ဒါပေမဲ့ ငယ်သူမို့ မာနဆိုတဲ့စည်းလေးက ခြားသွား၏..

ရုပ်ဆိုးမလေးရဲ့ဖူးစာရှင် or အတိတ်ရဲ့နှောင်ကြိုးတစ်မျှင်Where stories live. Discover now