part 13

806 135 8
                                    

" ကျွန်တော်ကဘယ်မှာအိပ်ရမှာလဲ "

" ဟိုဘက်ကိုသွား မင်းရဲ့ကိုကိုအရင်းရှောင်းကျန့်ကဟိုဘက်မှာ ဒါကြောင့် ဟိုဘက်ကိုသွား "

ညနေစာစားပြီးအဆောင်ပြန်ရောက်တော့ မိုးပင်အတော်ချုပ်နေခဲ့ပြီ။ ဒါကြောင့် ခြေလက်ဆေးကြကာ အိပ်ဖို့သာပြင်ကြ၏။ ဒါကြောင့် ဧည့်သည်လေးဖြစ်တဲ့ဝမ်ရိပေါ်ဟာ ကျိုးချန်ကိုမေးသည့်အခါ ကျိုးချန်ကဝမ်ရိပေါ်ကို ရှောင်းကျန့်ရှိရာဘက် လှမ်းပြပေးသည်။ တိုက်ခန်းကတစ်ခန်းဖြစ်ပေမယ့် နေရာအလွန်ကျဉ်းလွန်းတစ်ဖြင့် သူငယ်ချင်းလေးယောက်ဟာ နှစ်ထပ်ကုတင်လေးများနဲ့အိပ်ကြရသည်။ ကုတင်တစ်လုံးတွင် V နဲ့ JK အိပ်ကြပြီး နောက်တစ်လုံးတွင်တော့ ကျိုးချန်နဲ့ ရှောင်းကျန့်အိပ်သည်။ ရိပေါ်သည် ကျိုးချန်ပြရာဘက်လှမ်းကြည့်ပြီး ကျိုးချန်နားကိုတိုးတပ်သွားသည်။

" ကိုကို "

" ဘာလဲ "

" ငါမင်းနဲ့အိပ်လို့မရဘူးလား "

ကျိုးချန်သည် သူ့နားကိုကပ်ကာ စကားတိုးတိုးတိုးတိုးနဲ့လာပြောနေသည့် ဝက်ပေါက်လေးကြောင့် ရယ်ချင်နေပြီဖြစ်သည်။ တစ်ကယ်တော့ ဝက်ပေါက်လေးကို သူနဲ့မအိပ်စေချင်တာမဟုတ်။ သူ့အိပ်ယာကအဝတ်တွေနဲ့ပြည့်နေသောကြောင့်ဖြစ်သည်။ ဒါကြောင့် အိပ်ယာပေါ်ဘာမှမတင်တက်သောရှောင်းကျန့်နဲ သွားအိပ်ခိုင်းခြင်းသာဖြစ်၏။ သို့သော် ကျိုးချန်သ‌ဘာက ဝက်ပေါက်လေးအားမစရမနေနိုင်ဖြစ်ကာ အိပ်ခါနီး ဝက်ပေါက်လေးကိုအငိုရှာဖို့ပြင်သည်။

" မရဘူး "

ဝက်ပေါက်လေးနားရွက်နားကပ်ကာ တိုးတိုးလေးပြန်ဖြေသည့်အခါ ဝက်ပေါက်လေးမျက်နှာလေးကမဲ့ကျသွားသည်။

" ဘာလို့လဲ "

" ငါက ဝက်နဲ့အတူတူမအိပ်တက်လို့ "

ကျိုးချန်စကားအဆုံးမှာ ဝမ်ရိပေါ်သည် ကျိုးချန်လက်မောင်းကြီးအား တစ်ဝုန်းဝုန်းထုရိုက်ပါတော့သည်။

" ဘာ ငါ့ကိုများဝက်လဲ "

ညီအကိုနှစ်ယောက် တိုက်ပွဲဖြစ်နေသည်ကို V ကကုတင်ပေါ်ကနေထိုင်ကြည့်ကာ သဘောကျစွာရယ်နေသည်။ ထိုအချိန်မှာပဲ ရေချိုးခန်းထဲကထွက်လာသည့်ရှောင်းကျန့်သည် ကျိုးချန်ကိုဦးတည်ပြီး စကားပြောလာသည်။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now