part 23

828 139 12
                                    

ကားပေါ်ရောက်တဲ့အထိ ဆွဲကိုင်ထားတဲ့လက်လေးကိုမလွတ်ပေးချင်ပါ ။ သို့ပေမယ့် ကားထိုင်ခုံလေးမှာ နေသားတကျထိုင်စေပြီး ကားခါးပတ်လေးကိုဆွဲပတ်ပေးလိုက်သည်။ ထိုသို့အလုံးစုံပြီးကာမှ ကားမောင်းသူနေရာဘက်သွားကာ ဝင်ထိုင်လိုက်ပြီး ရှောင်းကျန့် ကားကိုမောင်းထွက်ခဲ့လိုက်ပါတော့၏။

ကားမောင်းနေတဲ့ဘေးတိုက်မျက်နှာလေးကို ဝမ်ရိပေါ်ငေးကာကြည့်သည်။ ခုဏကရိပေါ်လက်ဖဝါးကိုဆုတ်ကိုင်ထားတာများ ထာဝရအတွက် မလွတ်ပေးတော့သလို။ ရိပေါ်ယခုထက်တိုင်နွေးနေတုန်းဖြစ်တဲ့လက်ကလေးကို ငုံ့ကြည့်မိသည်။ အကယ်၍ရိပေါ်သာ ကိုကို့ကိုချစ်တယ်လို့ဖွင့်ပြောလိုက်ရင် ကိုကို ရိပေါ်ကို ဒီလိုကြင်နာနေနိုင်ဦးမလား။

" ကလေးငယ်ငယ် "

ရိပေါ်အတွေးလွန်နေတုန်းခေါ်လာသည့် ကိုကိုအသံကြောင့် ကိုကို့ဘက်ကိုလှည့်ကြည့်ကာထူးလိုက်သည်။

" ဗျာ "

ကားမောင်းနေရင်းပင် ရိပေါ်ဘက်ကြည့်ကာခေါ်လာသည့် ကိုကို့ပုံစံက ဆွဲမက်ဖွယ်ရာအတိ။

" ဘာစားချင်လဲ ကလေးငယ်ငယ် "

အကြင်နာပိုနေသော လေသံတိုးတိုးက ရိပေါ်ကိုရင်ခုန်သံတွေမြန်လာစေသည်။ ဒါကြောင့် ကားပြတင်းပေါက်ဘက်ကို အကြည့်လွှဲကာ ပြန်ဖြေလိုက်သည်။

" ကိုကိုကြိုက်တဲ့ဟာ "

ကားပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးကြည့်ကာ အဖြေပြန်ပေးလာသည့် ကလေးငယ်ငယ်ကြောင့် ရှောင်းကျန့်သက်ပြင်းအသာချသည်။ ခုဏက သူလက်တွဲခဲ့မိလို့များ ကလေးငယ်ငယ်စိတ်ဆိုးနေတာများလား။ အင်းလေ ဘယ်သူကများ ကိုယ်နဲ့မျိုးတူ ယောကျာ်းတစ်ယောက်လက်ဆွဲခေါ်လာခြင်းကို ကြည်ဖြူပေးနိုင်မှာလဲလေ။ သက်ပြင်းပူကြီးကိုသာ ထပ်ခါ ထပ်ခါချပြီး ငြိမ်သက်စွာကားမောင်းနေသည့်ရှောင်းကျန့်။ အကယ်၍များ ကလေးငယ်ငယ်လေးက သူနဲ့မျိုးတူဒီအမျိုးသားကြီးက ဒီကလေးငယ်ငယ်အမျိုးသားငယ်လေးကို ချစ်ခင်နှစ်သက် မြတ်နိုးနေတာများသိသွားရင်ဖြင့် ရွံရှာသွားခဲ့လေမလားကကွယ်။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now