part 33

806 124 8
                                    

ဟေ့ကောင်ကြီးတွေငါပြန်ရောက်နေပြီမလို့ ဆုံကြရအောင် ဆိုပြီး သူငယ်ချင်းတွေကြည့်ပဲ သီးသန်ရှိနေတဲ့ group chat ထဲပေးပို့လာသည့် JK ရဲ့ message လေးကြောင့် သူငယ်ချင်းတွေပြန်ဆုံကြဖို့ဖြစ်လာခဲ့သည် ။ ကျိုးချန်ကလည်း JK ပြန်လာတာဆို၍ မြို့ကိုတက်ပြီးလာတွေ့မည်ဟုကတိခံသည် ။ ထို့အတူ လုပ်ငန်းအကြီးကြီးတွေလုပ်နေကြတဲ့ V နဲ့ရှောင်းကျန့်ဟာလည်း အဲ့နေကြရင် အလုပ်အားလုံးဖျက်၍ တွေကြမည်ဟုကတိခံကြရ၏။ ဘာပဲပြောပြော မတွေ့ရတာ အရမ်းကြာနေကြပြီဖြစ်တဲ့ သူငယ်ချင်းတွေမလို့ ပြန်ဆုံချင်ပါသည်။

" ကိုကို ကျွန်တော်ရော လိုက်လို့မရဘူးလား "

ကျိုးချန်တစ်ယောက် မြို့တက်ပြီး သူငယ်ချင်းများဆုံကြမည်ကို အိမ်ရဲ့အငယ်ဆုံးလေးအားဖုန်းဆက်တဲ့အချိန် ပြောပြလိုက်သည့်အခါ အိမ်ရဲ့အငယ်ဆုံးလေးကပါ လိုက်ချင်ကြောင်းပြောလာခဲ့သည်။

" ငါက ဝက်တွေကိုမခေါ်ဘူး "

ကျိုးချန်ရဲ့အငြင်းစကားကြောင့် စိတ်ဆိုးဟန်ပြသည့် အိမ်ရဲ့အငယ်ဆုံးလေးက ဖုန်းကိုချက်ချင်းချ၍သွားသည်။ ဒါကြောင့်ကျိုးချန်ဟာသဘောကျစွာရယ်သည်။ သို့ပေမယ့် သူငယ်ချင်းတွေရှိနေသော group chat ထဲကိုတော့ အဲ့ဒီနေ့သူတို့တွေ့ကြရင် အိမ်ရဲ့အငယ်ဆုံးလေးပါလာမည့်အကြောင်းကိုတော့ စာဝင်ပို့ခဲ့လိုက်ပါသည်။

....….

" ကျွန်တော် ကိုကိုကျိုးချန်နဲ့မခေါ်ဘူး "

ရှောင်းကျန့်တစ်ယောက်သူ့ရှေ့မှာ စိတ်တိုနေသည့်ဟန်နှင့်စကားပြောလာသည့် ကလေးလေးကိုကြည့်ကာ ‌သဘောကျစွာရယ်သည်။ သူတို့သူငယ်ချင်း‌တွေတွေ့ဆုံပွဲကို ကျိုးချန်ကမခေါ်ဘူးပြောလိုက်လို့ စိတ်ဆိုးနေတာပါတဲ့။ ကျိုးချန်ကတော့ group chat ထဲမှာစာပို့ထားသည်။ အဲ့ဒီနေ့မှာ ကလေးငယ်ငယ်ပါ ခေါ်လာမည်တဲ့ ။ ဒါကိုကလေးငယ်ငယ်ကမသိထား၍ စိတ်ဆိုးနေသည့်ဟန်။ အကိုဖြစ်သူ ဝမ်ကျိုးချန်ကလည်း ညီငယ်လေးဖြစ်သူကို စနောက်ထားသည့်ပုံပါပဲ။ တစ်ကယ့်မတည့်အတူနေညီအကိုတွေ။

" ကိုကိုကျိုးချန်ကမခေါ်ရင် ကိုကိုကခေါ်သွားမှာပေါ့ ကလေးလေးကို မဟုတ်ဘူးလား "

ကိုကို့ရဲ့ကလေးငယ်ငယ်जहाँ कहानियाँ रहती हैं। अभी खोजें