part 17

1K 134 9
                                    

အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုတဲ့အတိုင်း အချိန်တွေကုန်လွန်လာခဲ့လို့ ရိပေါ်ပင်အထက်တန်းအောင်မြင်သွားခဲ့ပြီ။ ထို့ကြောင့် ဝမ်ရိပေါ်သည် သူဝါသနာပါသော အနုပညာကျောင်းကိုတက်ဖို့အတွက် နယ်မြို့လေးကနေ အနုပညာကျောင်းရှိရာ မြို့ပြကြီးကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

" ဟိုင်း ယွီပင်းပါ "

ရိပေါ်အဆောင်ခန်းလေးထဲရောက်တော့ အရင်ကြိုရောက်နေတဲ့ ရိပေါ်တို့အရွယ်ကောင်ကလေးကနှုတ်ဆက်လာသည်။ ဒါကြောင့် ဝမ်ရိပေါ်လည်းပြန်၍နှုတ်ဆက်လိုက်သည်။

" ဟိုင်း ဝမ်ရိပေါ်လို့ခေါ်ပါတယ် "

" ငါက လုဝမ် "

" ငါက ဖန်ကျိ "

ဒီလိုနဲ့အဆောင်ခန်းလေးထဲမှာ သူငယ်ချင်းအသစ်တွေရရှိခဲ့တဲ့ဝမ်ရိပေါ်ဟာ ယောကျာ်းလေးတွေသဘာဝ ခင်မှင်ပွင့်လင်းစွာပေါင်းဖြစ်ကြခဲ့ကြသည်။

လုဝမ်နဲ့ ဖန်ကျိဟာ အခြားမေဂျာကဖြစ်ပြီး ယွီပင်းနဲ့ရိပေါ်ကတော့ အနုပညာမေဂျာတစ်ခုတည်း တူညီကြသည်။ ဒါကြောင့် ရိပေါ်နဲ့ဖန်ရှင်းဟာ ပို၍အတွဲညီခဲ့ကြသည်။

" မင်းက အနုပညာမေဂျာယူတာက အနုပညာလုပ်ငန်းကိုဝါသနာပါလို့လား ရိပေါ် "

" အင်း "

ရိပေါ်ရဲ့အဖြေကြောင့် ယွီပင်းသည် ခေါင်းအသာငြိမ့်သည်။

" အဲ့ဒါဆို မင်းကျောင်းပြီးရင် အနုပညာလုပ်ငန်းတွေဆက်လုပ်မှာလား "

" အင်း လုပ်မှာ။ ပြီး‌တော့ ဒီကြားထဲမှအခွင့်အရေးရှိရင်လည်း ငါလုပ်မယ်လို့ရည်ရွယ်ထားတယ် ယွီပင်း"

" အင်း "

" ဒါနဲ့ယွီပင်း မင်းကပဲငါ့ကိုမေးနေတာ မင်းကရော အနုပညာမေဂျာကိုအဓိကထားပြီးယူခဲ့တာ အနုပညာလုပ်ငန်းကိုဝါသနာပါလို့လား "

ရိပေါ်ပြန်မေးသည့်အမေးစကားကြောင့် ယွီပင်းသည် ခေါင်းလေးငြိမ့်ကာရယ်သည်။

" အနုပညာလုပ်ငန်းကိုအရမ်းကြီးဝါသနာမပါပေမယ့် အနုပညာလုပ်ငန်းထဲဝင်နိုင်ဖို့ အနုပညာကျောင်းကိုရွေးချယ်ခဲ့တာလေ "

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now