part 21

831 130 8
                                    

" ညကဘယ်အထိတောင်သွားခဲ့တာလဲ ဝမ်ရိပေါ် "

ကျောင်းအတူသွားရင်း မေးလာသည့် ယွီပင်းစကားကြောင့် ရိပေါ်ကျေနပ်စွာခေါင်းလေးငြိမ့်ကာပြုံးသည်။

ညက ကိုကိုနဲ့အတူ မုန့်သွားစားကြတာဖြစ်သည်။ ထို့အပြင် ကိုကိုနဲ့ရိပေါ်ကြားခဲ့ မပြေမလည်ဖြစ်ခဲ့တဲ့အကြောင်းအရာအချို့ပါ ပြေလည်ခဲ့ရပြန်သည်။ ကိုကိုသည် ရိပေါ်မသိအောင် ရည်းစားမထားဘူး။ ကိုကိုသည် ရိပေါ်ကိုပေးထားသည့် ကတိစကားကို မဖောက်ဖျက်ခဲ့ဘူး။ ထို့ကြောင့် ရိပေါ်ပျော်နေခဲ့ရသည်။

" ယွီပင်း "

" အင်း "

" ငါမင်းကိုပြောပြစရာတစ်ခုရှိတယ် သိလား "

" အင်း ပြောကြည့်လေ နားထောင်ပေးမယ် "

ယွီပင်းစကားအဆုံး ရိပေါ်စဉ်းစားဟန်ပြုသည် ။ ဒါပေမယ့် အခုဖြစ်နေတဲ့အကြောင်းအရာဟာ ရိပေါ်တစ်ယောက်တည်းအားနဲ့ စဉ်းစားလို့မရဘူး။ ဒါကြောင့် ကြားလူကိုပြောပြီး အဖြေရှာကြည့်ရမည်။

" ဒီလိုကွာ ယွီပင်းရာ ငါ့မှာငယ်ငယ်ကတည်းကတွဲခဲ့တဲ့ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ရှိတယ် သိလား "

" အင်း အဲ့တော့ဘာဖြစ်လဲ "

" အေး ဒီလိုကွ ယွီပင်းရ ။ အဲ့ဒီသူငယ်ချင်းသူကလေ ယောကျာ်းလေးဖြစ်ပေမယ့် သူသဘောကျနေတဲ့လူကလည်း သူနဲ့မျိုးတူ ယောကျာ်းလေးဖြစ်နေတယ်ကွာ "

ရိပေါ်ဟာ ထိုစကားကိုပြောအပြီး ယွီပင်းမျက်နှာကို အသေအချာအကဲခက်ကာကြည့်သည်။

‌အချို့လူတွေသည် လိင်တူစိတ်ဝင်စားကြတာမျိုးဆို ကူးဆက်ရောဂါလိုမျိုး ရွံရှာတက်ကြသည်ဟု ရိပေါ်ကြားဖူးထားသည်မလား။

သို့ပေမယ့် ယွီပင်းဟာ ရိပေါ်စကားကို ရွံရှာဟန်မပြသည့်အပြင် ထူးဆန်းဟန်တောင်မရှိ။

" ဆက်ပြောလေရိပေါ် "

" အော် အေးအေး အဲ့ဒါနဲ့လေ သူကငါ့ကိုရင်ဖွင့်တယ်သိလား။ သူကလေ အဲ့ဒီအမျိုးသားကို လိင်တူမှန်းသိနေတာတောင် သဘောကျနေတာတဲ့သိလား။ ဒါပေမယ့်လေ အဲ့ဒီလူက သူသဘောကျနေတာကိုမသိဘူးတဲ့ "

ကိုကို့ရဲ့ကလေးငယ်ငယ်Kde žijí příběhy. Začni objevovat