part 1

3.4K 216 20
                                    

အမျိုးသားကိုယ်ပိုင်အလယ်တန်းကျောင်းတစ်ကျောင်းအတွင်းရှိ ကျောင်းဝန်းထဲတွင် ဆယ်ကျော်သက်လူငယ်ကျောင်းသားလေးများ သွားလာလှုပ်ရှားနေကြသည်။ အလယ်တန်းကျောင်းတစ်ကျောင်းဖြစ်‌သည်နှင့်အညီ ကျောင်းသားအရွယ်များသည် တစ်ဆယ်သုံး တစ်ဆယ်လေးနှစ်အရွယ်သာ ကျောင်း၏အကြီးဆုံးကျောင်းသားများဖြစ်ကြကုန်၏။ ထိုဆယ်ကျော်သက်ကျောင်း‌သားလေးများတွင် အချို့သည် ဘောလုံးကစားနေကြသလို အချို့သည်လည်း အုပ်စုဖွဲ့ကာ စကားပြောနေကြ၏။ အချို့သည် ဘတ်စကတ်ဘောကစားနေကြသလို အချို့သည်လည်း ကျောင်းတွင်း၌ပြင်ဆင်ထားသော လေ့ကျင့်ရေးကရိယာများနဲ့အလုပ်ရှုပ်နေကြသည်။ ထိုအထဲမှာ ဆယ်ကျော်သက်ကျောင်းသားလေး ဝမ်ရိပေါ်ဆိုတဲ့အသက်တစ်ဆယ့်လေးနှစ်အရွယ် ကျောင်းသားလေးနဲ့ သူ၏သူငယ်ချင်း ဖန်ရှင်းဆိုသည့်ဆယ်ကျော်သက်‌လေးပါ ပါဝင်သည်။

" ရိပေါ် "

" အင်း "

" ဆရာမပေးတဲ့အိမ်စာတွေပြီးခဲ့လား "

" အင်း "

သူငယ်ချင်းဖြစ်သူဖန်ရှင်းရဲ့စကားကို ဝမ်ရိပေါ်လေ့လာရေးကရိယာများကိုအသုံးပြုနေရင်းမှပြန်ဖြေသည်။ အိမ်စာတွေကမလုပ်ရင်မရတဲ့အခြေအနေဖြစ်သည်။ ဘာလို့လဲဆိုတော့ အိမ်စာပေးတဲ့ဆရာမက အိမ်စာမပြီးခဲ့ရင် ရိုက်တက်လို့။

" မင်းရော ပြီးခဲ့လား "

" အင်း "

ထို့နောက် သူငယ်ချင်းနှစ်ယောက်သည် စကားတစ်ပြောပြောနဲ့လေ့ကျင်းရေးခန်းထဲမှထွက်လာခဲ့ကြသည်။ မကြာခင်ကျောင်းတက်တော့မည်မလား။ ဒါကြောင့် စာသင်ခန်းထဲဝင်နေကြမည်။

" ဒါနဲ့ရိပေါ် "

" အင်း "

" မင်းအကိုရော ဒီနှစ်သစ်ကူးကျောင်းပိတ်ရက်ပြန်လာမှာလား "

အထက်တန်းအောင်သွားပြီဖြစ်တဲ့အကိုဖြစ်သူကျိုးချန်ကိုရည်ရွယ်ပြီးမေးလာသည့်ဖန်ရှင်းစကားကို ရိပေါ်ခေါင်းခါသည်။ အကိုကျိုးချန်သည် အထက်တန်းအောင်မြင်ပြီးကတည်းက သူဝါသနာပါသည့် စီးပွားစီမံရေးကျောင်းကို သွားတက်နေပြီဖြစ်သည်။

ကိုကို့ရဲ့ကလေးငယ်ငယ်Où les histoires vivent. Découvrez maintenant