part 4

1.1K 136 7
                                    

" ကိုကို "

ရှောင်းကျန့်နဲ့အတူ ကျိုးချန်ဟာ အိမ်ရဲ့ဧည့်ခန်းထဲမှာဂိမ်းကစားနေစဉ် ခပ်တိုးတိုးပျံ့နှံ့လာသည့်ခေါ်သံတိုးတိုးကြောင့် နှစ်ယောက်လုံးခေါင်းထောင်ကြည့်သည်။ ခေါ်ဆိုလိုက်တဲ့ ကာယကံရှင်ကတော့ မျက်နှာထားတည်တည်လေးနှင့်။

" ပြောလေ ငါတို့အိမ်ကဝက်ပေါက်လေး "

ဂိမ်းကစားမပျက်ထူးလိုက်တဲ့ကျိုးချန်အသံကြောင့် မျက်နှာ‌ထားလေးပိုတည်သွားတဲ့ကလေးငယ်လေးဟာ ခဏအကြာစိတ်ကိုလျော့ချလိုက်သည့်ဟန်။

လူကြီးတစ်ယောက်လို သက်ပြင်းအသာချသည့် ကလေးငယ်ငယ်လေးကြောင့် ရှောင်းကျန့်အသာခိုး၍ပြုံးသည်။ ဂျစ်တူးအဆိုးလေးက သူ့ကိုကိုကို ဘာတွေဂျစ်တိုက်ဦးမည်မသိ။

" ဟုန်ပေါင်းပေး "

ဂျစ်တစ်တစ်လေးထွက်လာသည့်အသံနဲ့အတူ ကျိုးကျန်မျက်နှာရှေ့ရောက်လာသည့် လက်ဖောင်းဖောင်းလေးတစ်ဖက်ကို ကျိုးချန်မသိချင်‌ယောင်ဆောင်သည်။

ဂိမ်းကစားတာမပျက်ပဲ မသိချင်ယောင်ဆောင်နေသည့် အကိုဖြစ်သူကြောင့် ရိပေါ်စိတ်ဆိုးလာသည်။ ဖန်ရှင်းကိုမုန့်ဖိုးခွဲပေးရမည်ဖြစ်၍သာ အကိုဖြစ်သူနားနှစ်သစ်ကူးမုန့်ဖိုးလာတောင်းရခြင်းဖြစ်သည်။ ရိပေါ်စိတ်နဲ့ဆို ရိပေါ်ကိုကို့နားကိုမုန့်ဖိုးမတောင်းတော့ပါ။ ဘာလို့လဲဆိုတော့ ရိပေါ် ကိုကို့သူငယ်ချင်းဖြစ်သော ရှောင်းကျန့်ကိုကိုကိုရှက်လို့။

ရှောင်းကျန့်ကိုကိုသည် ရိပေါ်ကိုတွေ့သည့်အခါ သုံးနှစ်သားကလေးလေးကိုတွေ့ရသလိုမျိုး ရယ်မြူးရိပ်သန်းနေသည့် မျက်ဝန်းတွေနဲ့သာကြည့်သည်။ ထို့အပြင် ရိပေါ်ဘာဖြစ်ဖြစ် အလွဲလေးတွေလုပ်တက်သည့် သုံးနှစ်သားကလေးလေးကို ‌သဘောကျ၍ကြည့်နေတက်သော အကြည့်တွေနဲ့သာကြည့်တက်၏။ ယခုလည်းရိပေါ် ကိုကိုကျိုးချန်နားမုန့်ဖိုးတောင်းနေသည်ကို ရှောင်းကျန့်ကိုကိုသည် ရိပေါ်မသိအောင် ခေါင်းငုံ့ကာပြုံးနေသည်။ ဒါကို ရှောင်းကျန့်ကိုကိုအား သေခြာကြည့်နေသည့်ရိပေါ်ကမြင်နေရ၏။

" ကိုကို ငါ့ကိုဟုန်ပေါင်းပေးလို့ "

မုန့်ဖိုးမြန်မြန်ရ‌ဖို့အရေး ရိပေါ်အရေးဖြစ်ကာ ရိပေါ်လေသံလေးများမာလာရသည်။ ထိုအခါမှ ဂိမ်းကစားနေရာမှမော့ကြည့်လာသည့် ကိုကိုကျိုးချန်။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now