part 19

899 146 14
                                    

တူး.....တူး.....။

ရိပေါ်စာကြည့်နေစဉ် မည်လာသည့်ဖုန်းကြောင့် ကောက်ကိုင်လိုက်သည်။ ဖုန်းခေါ်ဆိုသည့်သူကတော့ ကိုကိုဝမ်ကျိုးချန်သာဖြစ်၏။

" ဟယ်လို ကိုကို "

" ဘာလုပ်နေတာလဲ ငါတို့အိမ်ကဝက်ပေါက်လေး "

" ငါစာလုပ်နေတာကိုကို "

" ဟုတ်လား ကြိုးစားနေတယ်ပေါ့ ငါတို့အိမ်ကဝက်ပေါက်လေးက "

" ကိုကို မင်းငါ့ကိုလာစမနေနဲ့ ပြောစရာရှိတာမြန်မြန်ပြောလိုက် "

" အဟား လေသံကမာလှချည်လား ဝက်ပေါက်လေးရ ကိုကို‌တောင်ကြောက်သွားပြီ "

" ကိုကို ငါမအားဘူး စာလုပ်နေတယ်လို့ "

ဝမ်ရိပေါ်ရဲ့ဒေါသထွက်လာဟန်ပေါက်သော အသံလေးကြောင့် သဘောကျသလိုရယ်လိုက်သည့် ဝမ်ကျိုးချန် ။

" အေးပါကွာ ဝက်ပေါက်လေးရာ ကိုကိုမစတော့ပါဘူး။ ဒါနဲ့ဝက်ပေါက်လေး "

" အင်း "

" မင်းအတွက် မာမားကဟင်းတွေပို့ပေးလိုက်တယ်သိလား "

" ဟုတ်လား ဘယ်မှာလဲ ငါသွားယူလိုက်မယ် "

" ရတယ် ရတယ် ငါတို့အိမ်ကဝက်ပေါက်လေးအပင်ပန်းခံစရာမလိုဘူး ။ ငါတို့အိမ်ကဝက်ပေါက်လေးကို အဆောင်ရောက်တဲ့အထိ အရောက်ပို့ပေးမယ့် ဝက်ပေါက်လေးရဲ့ ကိုကိုအရင်းတစ်ယောက် ရှိတယ်"

ကိုကိုကျိုးချန်စကားကြောင့် ဝမ်ရိပေါ်မျက်မှောင်လေးအသာကုတ်သည်။ ထို့နောက်အလိုမကျတဲ့အသံလေးနဲ့ ပြန်မေးလာ၏။

" ‌ကိုကိုအရင်းဆိုတာ ရှောင်းကျန့်ကိုကို ကိုပြောတာလား"

ဝမ်ရိပေါ်အမေးစကားကိုကြားရသည့်ဝမ်ကျိုးချန်ဟာ သဘောကျစွာဖြင့် အသံထွက်အောင်ရယ်သည်။

" ဟား ဟား ဟား ဝမ်ပေါက်လေးရာ မင်းမှာ ငါ့အပြင်ရှောင်းကျန့်ရယ်ပဲရှိတာမလား ။ အဲ့ဒါကိုဘာတွေအထူးအဆန်းလုပ်ပြီးမေးနေတာလဲ "

ဝမ်ကျိုးချန်စကားကြောင့် ဝမ်ရိပေါ်အလိုမကျသလို မျက်မှောင်ကြီးကုတ်သည်။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now