part 38

699 113 7
                                    

‌ကိုကိုခေါ်လာတဲ့ ပါတီပွဲအဝင်ဝကိုရောက်သည့်အခါ ရိပေါ်ခြေလှမ်းတွေရပ်တန့်သွားရသည်။ ပါတီပွဲအတွင်းရှိ မြှောက်များစွာသောလူတွေက ထင်ရှားကျော်ကြားတဲ့အနုပညာရှင်တွေမလား။ ရိပေါ်ခြေလှမ်းတွေတုန့်ဆိုင်းသွားသည်ကိုသတိထားမိတဲ့ကိုကိုဟာ ရိပေါ်လက်ကိုအသာဆုတ်ကိုင်ယူကာ အားပေးသလိုပြုံးပြလာသည်။ ဒါကြောင့် ရိပေါ်သည်လည်း ကိုကို့ကိုပြန်ပြုံးပြကာ အားတင်းလိုက်၏။

ဘာကြောက်စရာရှိလဲလေ ရိပေါ်ဘေးနားမှာ‌ ရှောင်းကျန့်ကိုကိုရှိတာပဲဟာ။

ထို့နောက် ရိပေါ်သည် ရှောင်းကျန့်ကိုကိုကိုင်ထားပေးသည့်လက်ကို အားကိုးတကြီးကိုင်ကာ ပါတီပွဲအတွင်း ဝင်လာခဲ့လိုက်ပါတော့သည်။

နာမည်ကြီးအနုပညာရှင်တစ်ဦးဆုရ၍ ဂုဏ်ပြုပွဲအနေနှင့်ပြုလုပ်ပေးသည့် ပါတီပွဲဖြစ်သဖြင့် ပါတီပွဲအတွင်းမှာ ဖိတ်ကြားခံရသည့် အနုပညာရှင်များ နာမည်ကြီးဒါရိုက်တာများ ဇာတ်ပို့ဇာတ်ရံများနဲ့ လုပ်ငန်းရှင်ကြီးများပါ ရှိနေကြသည်။ ထို့ကြောင့် ထိုပါတီပွဲ၌ ဂျာနယ်လစ် သတင်ထောက်များလည်း များစွာရှိနေကြ၍ အနုပညာရှင်တစ်ဦးချင်းစီအလိုက် နာမည်ကြီးလုပ်ငန်းတစ်ဦးချင်းစီအလိုက် သတင်ယူနေကြသည်။ ထို့နောက် သတင်းထောက်အချို့သည် ရှောင်းကျန့်ပွဲအတွင်းဝင်လာသည့်အခါ ရှောင်းကျန့်ကိုဦးတည်၍ သတင်းယူလာကြသည်။

ရှောင်းကျန့်သည်လည်း ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်းတစ်ယောက်မလား။ ထို့အပြင် ရှောင်အင်တာတိတ်မန့်ရဲ့ သူဌေးတစ်ဌေးတစ်ယောက်ပါဖြစ်နေသည့်အခါ သတင်းထောက်များသည် ရှောင်းကျန့်ကို စိတ်ဝင်တစားသတင်းယူဖို့ကြိုးစားကြသည် ။ ထို့အတူ အထူးတလည်ပိုစိတ်ဝင်စားကြသည်မှာ ရှောင်းကျန့်လက်တွဲ၍ ခေါ်ယူလာခဲ့သည့် အမျိုးသားငယ်လေးထံမှာဖြစ်သည်။

" မင်္ဂလာပါသူဌေးရှောင်းကျန့် "

" မင်္ဂလာပါ "

သတင်းထောက်အချို့သည် ရှောင်းကျန့်ကိုသတင်းယူဖို့ စကားစလာလျှင်ပင် ရှောင်းကျန့်သည်လည်း ယဉ်ကျေးစွာပဲတုန့်ပြန်လိုက်သည်။ ထို့နောက် သတင်းထောက်များသည်သူတို့သိချင်နေသော သတင်းစကားများအား မေးလာခဲ့၏။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now