part 12

1K 135 7
                                    

" ကိုကိုကတိပေးပါတယ် ကလေးငယ်ငယ် "

ရည်းစားမထားရဘူးနော်ဆိုတဲ့ရိပေါ်စကားကို အတည်ပြုကတိပေးလာသည့်ကိုကိုကြောင့် ရိပေါ်ကျေနပ်ရသည်။ ဘာပဲပြောပြော ကိုကိုကယောကျာ်းသားတစ်ယောက်မလို့ ယောကျာ်းကတိတည်နိုင်ပါရဲ့။ ရိပေါ်တောင် ကိုကို့ကိုကတိပေးထားသည့်အတိုင်း ရိပေါ်သဘောမကျတဲ့ဘာသာကျောင်းစာကိုတောင်ကြိုးစားခဲ့သေးတာပဲလေ။ ကိုကိုလည်းကတိတည်မှာပါ။

" ဟေ့ ညီအကိုနှစ်ယောက် ပြေလည်သွားပြီမလား။ ပြေလည်သွားရင်လည်း ညနေစာသွားစားမယ် ။ ဗိုက်ဆာနေပြီ "

ရိပေါ်နဲ့ရှောင်းကျန့်ကိုကိုပြေလည်သွားသည့်အချိန် ကိုကိုကျိုးချန်ရဲ့ အသံပြဲပြဲကြီးက ဝင်ရောက်နှောက်ယှက်လာသည့်အခါ ရိပေါ်ကမျက်နှာလေးမဲ့သွားသလို ရှောင်းကျန့်ကိုကိုက တိုးဖွဖွရယ်လာသည်။

" အင်း ငါတို့လည်းဗိုက်ဆာပြီ "

အကို V ကပါ ကိုကိုကျိုးချန်ဘက် တပ်ကူဝင်သွားခဲ့တော့ ရိပေါ်တို့မငြင်းသာတော့ ။ဒါကြောင့် ရှောင်းကျန့်ကိုကိုကပါ ဝင်ပြောလိုက်သည်။

" အင်း သွားစားကြမယ်လေ "

ထို့နောက် သူငယ်ချင်းတွေအားလုံးထိုင်ရာမှထကြပေမယ့် အကို JK ကတော့ ငြိမ်သက်နေခဲ့၏။ ဒါကြောင့် ရှောင်းကျန့်ကိုကိုက မေးလိုက်သည်။

" JK မင်းမလိုက်ဘူးလား "

" အင်း ငါမလိုက်တော့ဘူး ခဏနေအချိန်ပိုင်းအလုပ်ရှိလို့ "

အကို JK စကားကြောင့် ရိပေါ်မျက်လုံးလေးများဝိုင်းသွားသလို ကျန်သူငယ်ချင်းများကလည်း မျက်နှာမကောင်းခဲ့။

" မင်း တစ်ရက်လောက်နားလိုက်ပါလား JK "

V က အားမရှိတဲ့လေသံနဲ့ဝင်တားပေမယ့် JK ရဲ့ အကြောင်းအရာတွေ အတွင်းသိ အဆင်းသိမလို့ သက်ပြင်းပါအသာချသည်။

" V ရာ ငါ့အခြေအနေကို မင်းသိသားနဲ့ "

JK ရဲ့အားမပါတဲ့တုန့်ပြန်စကားအဆုံး V ကခေါင်းလေးငြိမ့်သလို့ ကျိုးချန်က ရိပေါ်ရဲ့ပခုံးကိုဖက်ကာ အခန်းအပြင်ထွက်ဖို့ပြင်သည်။ ထို့နောက် V က JK ကိုအားပေးသလိုလေးပြုံးပြကာ ဖက်ပေးလိုက်ပြီး အခန်းပြင်လိုက်ထွက်လိုက်၏။ ထိုအခါ အခန်းထဲမှာကျန်ခဲ့သေသော ရှောင်းကျန့်သည် ‌အနွေးထည်ပါးပါးလေးတစ်ထည်ကိုထုတ်ယူခဲ့ပြီး JK နားကိုလျှောက်လှမ်းလာသည်။

ကိုကို့ရဲ့ကလေးငယ်ငယ်Tempat cerita menjadi hidup. Temukan sekarang