" ဟယ်လိုကိုကို "
" အင်း ဘာလုပ်နေလဲကလေးငယ်ငယ် "
" စာလုပ်နေတာ ကိုကို "
" ကြိုးစားလှချည်လား "
" စာမေးပွဲနီးနေပြီလေကိုကိုရဲ့။ လကုန်ရင် အတန်းတက်စာမေးပွဲကြီးဖြေရဦးမယ်လေ "
" အိုး ဟုတ်သားပဲကလေးငယ်ငယ်။ ကိုကိုဖုန်းဆက်လိုက်တာ အနှောက်အယှက်များဖြစ်သွားလား "
" ရပါတယ်ကိုကိုရဲ့ ကျွန်တော်လည်းစာတွေရနေပါပြီ။ အခုဟာက ပြန်နွေးနေယုံပါ "
" ဟုတ်လား တော်သေးတာပေါ့ကွာ။ ဒါနဲ့ကလေးငယ်ငယ် စာတွေနားမလည်တာရှိရင် ကိုကို့ကိုလာမေးနော်။ ဘယ်အချိန်ဖြစ်ဖြစ် အားမနာနဲ့ "
" ဟုတ်ကဲ့ပါကိုကို "
" အင်းအင်း အဲ့ဒါဆိုကလေးငယ်ငယ်စာလုပ်တော့နော် ကိုကိုဖုန်းချလိုက်တော့မယ် "
" ဟုတ်ကဲ့ပါကိုကို "
တစ်ဖက်ကကျသွားသည့်ဖုန်းလေးကိုကြည့်ပြီး ရိပေါ်ပြုံးလိုက်သည်။ ရှောင်းကျန့်ကိုကိုဟာ ရိပေါ်တို့အိမ်ကပြန်သွားပြီးကတည်းက ရိပေါ်နားဖုန်းဆက်လာတာ တစ်ရက်မှမပျက်ခဲ့။
ယခုဆိုရင် ရှောင်းကျန့်ကိုကိုပြန်သွားတာ လတွေတောင်အတော်ကြာခဲ့ပြီမလို့ ရိပေါ်တောင် အလယ်တန်းစာမေးပွဲကြီးဖြေရတော့မည်။ နောက်နှစ်ဆိုအထက်တန်းကျောင်းသားကြီးဖြစ်တော့မယ့်ရိပေါ်ဟာ လူကြီးတစ်ယောက်ဖြစ်ခဲ့ပြီပေါ့။ ဒါကြောင့်ဒီကြားထဲ ရှောင်းကျန့်ကိုကိုလာလည်ခဲ့ရင် ရိပေါ်ဟာကလေးငယ်ငယ်မဟုတ်တော့ကြောင်း ရှင်းပြရပါဦးမည်။ ဘာကြောင့်လဲဆိုတော့ ရိပေါ်ဟာ ရှောင်းကျန့်ကိုကိုနဲ့တွေ့ကာစကလို ပုတုတုလေးမဟုတ်တော့။ အရပ်သည်အရင်ကထက် အနည်းငယ်ပိုရှည်လာပြီဖြစ်သည်။
ရိပေါ်သည် စာကျက်ရင်းမသိမသာစောင့်နေမိတက်သော ဖုန်းအဝင်ကောလေးကျသွားပြီဆိုမှ စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံသွားပြီ မလို့ စာကျက်ခြင်းကိုရပ်နားဖို့ပြင်သည်။ သို့သော် စာကျက်ခြင်းမရပ်နားခင် နေ့တိုင်းရေးဖြစ်ခဲ့သော ဒိုင်ယာရီမှတ်တမ်းလေးထဲမှာတော့ ရက်စွဲအသစ်လေးတစ်ရက်တိုးခဲ့ပြီး ဒီနေ့လည်းကိုကိုက ဖုန်းဆက်လာခဲ့ပါသည်ဟူသော စာတမ်းအသစ်လေးတစ်ကြောင်းလည်းတိုးလာခဲ့ပြီဖြစ်သည်။ ထို့နောက်ရိပေါ်သည် ဒိုင်ယာရီစာအုပ်လေးအား သိမ်းကာ အိပ်ဖို့ပြင်လိုက်သည်။ မိုးချုပ်ပြီမလို့ အနားယူဖို့အချိန်တန်ပြီ။