part 14

1K 118 8
                                    

" ကိုကို "

" ဗျ "

" ရေခဲမုန့် "

ကျောင်းနား၍ ကလေးငယ်ငယ်အား အလည်လိုက်ပို့ပေးနေ‌သောရှောင်းကျန့်တို့အုပ်စုသည် ကလေးငယ်ငယ်ရဲ့ ရေခဲမုန့်ဆိုတဲ့စကားကြောင့် ကလေးငယ်ငယ်အပါအဝင် လူကြီးလေးယောက်စလုံးသည် ရေခဲမုန့်ဆိုင်ရှေ့ရောက်သွားကြသည်။

" ဘာစားကြမလဲ ငါကတော့ စတော်ဘယ်ရီ ။ ကလေးငယ်ငယ်အတွက်ကတော့ နို့ ကျန့်တဲ့လူကတော့ ကိုယ့်ဟာကိုယ်မှာကြတော့ "

ရှောင်းကျန့်ဟာ ရေခဲမုန့်ဆိုင်ရှေ့ရောက်သောအခါ အရင်ဆုံးမှာလိုက်ပြီး ရရှိလာသောရေခဲမုန့်ထဲက နို့ရေခဲမုန့်ကို ကလေးငယ်ငယ်အားကမ်းပေးလိုက်သည်။

" ကြိုက်တယ်မလား ကလေးငယ်ငယ် "

" ဟုတ်ကဲ့ "

လက်ထဲရောက်လာသည့် ရေခဲမုန့်ကြောင့် ရိပေါ်ဝမ်းသာစွာစားကြည့်လိုက်သည် ချိုပါသည် ဒါဟာ ရှောင်းကျန့်ကိုကိုလက်နဲ့ထိထားတာကြောင့်နေမှာ။

" ချိုလားကလေးငယ်ငယ် "

" ဟုတ် ချိုတယ် "

" အဲ့ဒါဆို ကိုကို့ကို နည်းနည်းကျွေးကြည့် "

ဝမ်ရိပေါ်စကားအဆုံး နည်းနည်းကျွေးကြည့်ဆိုပြီး ရိပေါ်စားနေတဲ့ရေခဲမုန့်ကိုလာစားကြည့်တဲ့ ရှောင်းကျန့်ကိုကိုကြောင့် ရိပေါ်အသက်ရှူဖို့တောင်မေ့သွားရသည်။

ရိပေါ်နားနီးကပ်နေသည့် ရှောင်းကျန့်ကိုကိုမျက်နှာက ရိပေါ်မျက်နှာနဲ့ထိလုမတက် နီးကပ်နေသည်မလား။

တစ်ဒိတ်ဒိတ်ခုန်နေသောရင်ဘက်ထဲကရင်ခုန်သံက ရှောင်းကျန့်ကိုကိုကြားလုမတက် ကျယ်လောင်နေသည်။ ပြီးတော့နီးကပ်နေသည့်မျက်နှာလှလှလေးကြောင့် ရိပေါ် မျက်တောင်ပင်မခက်မိ။ ရေခဲမုန့်ယူစားလိုက်သည့် နှုတ်ခမ်းပါးရဲရဲလေးကြောင့် ရိပေါ်တံသွေးအသာမျိုချမိသည်။

" အင်း တစ်ကယ်ချိုတယ် "

ရေခဲမုန့်အရသာကိုသိသွားတော့မှ နောက်ပြန်ဆုတ်သွားသည့်မျက်နှာလှလှလေးကို ရိပေါ်မျက်လုံးဝိုင်းလေးနဲ့လိုက်ကြည့်နေမိသည်။ ဒါပေမယ့် ရိပေါ်ကိုသတိမထားမိတဲ့ ရှောင်းကျန့်ကိုကိုကတော့ ရေခဲမုန့်မှာယူနေတဲ့သူငယ်ချင်းများကို အနှောက်အယှက်ပေးရင်း။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now