part 7

1.1K 153 9
                                    

" နို့အေးအေးလေးသောက်လိုက်ဦး "

ကြိုးစားပန်းစား စာသင်ကြားနေသည့်ဝမ်ရိပေါ်ကို ရှောင်းကျန့်ကနို့အေးဘူးကမ်းပေးရင်း စကားပြောသည် ။ ထိုအခါမှ နိုးဘူးကိုလှမ်းယူသောက်သည့် ကလေးငယ်ကြောင့် ရှောင်းကျန့်သည် ကလေးငယ်ရှေ့က အဖြေစာအုပ်ကိုယူပြီး စစ်ဆေးကြည့်၏။ အဖြေလွှာရဲ့ရလဒ်က ကျေနပ်စရာကောင်းသည်ကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည်ပြုံးကျသွားသည်။ ထို့နောက် ဝမ်ရိပေါ်မျက်နှာကိုအကဲခက်ကြည့်သည့်အခါ သူ့မျက်နှာအား အသေအချာစိုက်ကြည့်နေသည့်မျက်လုံးဝိုင်းလေးတွေကြောင့် ရယ်ပြလိုက်၏။

" ကိုကို့ကလေးငယ်ငယ်ကတော်လိုက်တာ "

ရှောင်းကျန့်ရဲ့ချီးကျူးစကားကြောင့် ပြုံးကျသွားသည့်ကလေးလေးဟာ သိပ်ကိုအပြစ်ကင်းစင်လှ၏။ ထို့နောက် ကျေနပ်ပြုံးလေးနဲ့နို့အေး‌ဘူးလေးသောက်နေသည့် ကလေးလေးကို အူယားလာ၍ ကလေးလေးရဲ့ ဆံပင်အိအိလေးတွေအား ရှောင်းကျန့်ထိုးဖွကစားလိုက်သည်။ ထို့နောက် သက်ပြင်းအသာချပြန်သည့်ရှောင်းကျန့်။

ဧည့်သည်ဆိုတာ အချိန်တန်ရင်ပြန်ရပါမည်။ ‌ထို့အတူရှောင်းကျန့်သည်လည်း ကျိုးချန်အိမ်ရောက်နေသည်မှာ ရက်သတ်တစ်ပတ်ကျော်နေပြီမလို့ ပြန်ရပါတော့မည်။ ပြီးတော့ကျောင်းပိတ်ရက်‌တွေကလည်းကုန်ပြီမလို့ ကျောင်းတွေကလည်း ပြန်ဖွင့်တော့မည်။ ဒါကြောင့် ဧည့်သည်ဖြစ်တဲ့သူက အိမ်ရှင်ကလေးလေးအား နှုတ်ဆက်ရပါတော့မည်။

" ကလေးငယ်ငယ် "

" ဗျာ "

ရှောင်းကျန့်တိုးတိုးလေးခေါ်သည့်အခါ ကလေးငယ်ငယ်ကလည်း တိုးတိုးလေးပြန်ထူးသည်။မျက်လုံးဝိုင်းလေးများနဲ့ရှောင်းကျန့်ကိုပြန်ကြည့်နေတဲ့ ကလေးလေးကြောင့် ရှောင်းကျန့်သက်ပြင်းအသာချ၏။ ခဏလေးသာဆုံတွေ့ကြပေမယ့် အရမ်းကိုရင်းနှီးခဲ့ကြတာကြောင့် ပြန်ခွဲခွာကြရမယ်ဆိုတော့ဝမ်းနည်းစရာပဲ။

" ကိုကိုပြန်ရတော့မယ် "

ကလေးလေးရဲ့မျက်နှာကိုအသေအချာကြည့်ပြီး နှုတ်ဆက်စကားဆိုသည့်အခါ အံ့ဩသင့်သွားသည့် မျက်နှာကလေးကနုနုငယ်ငယ်။ ထို့နောက်ချက်ချင်းဝမ်းနည်းရိပ်သန်းသွားသည့်မျက်နှာလေးနဲ့အတူ ဝိုင်းစက်စက်မျက်လုံးလေးများတွင် မျက်ရည်စလေးများတွဲလွဲခိုလာကြသည်။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now