part 42

669 93 8
                                    

" ငါ့ကိုအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

" ငါကလည်း ငါ့ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အပြုံးနဲ့စကားပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြတဲ့ jk နဲ့ v. ဒီနေ့ဟာ jk ဟာ v ရဲ့လုပ်ငန်းစုမှာ share လာထည့်ခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပေမယ့် အကျိုးတူပူးပေါင်းကြသည်ဖြစ်သဖြင့် လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်အပြီး လက်ဆွဲနှုတ်ဆက်ကြခြင်းပင်။

" ဒါနဲ့ V "

" အင်းပြောလေ jk "

" မင်းအချိန်ရရင် ငါတို့နေ့လည်စာအတူသွားစားမလား"

Jk ရဲ့စကားကြောင့် နာရီကိုတစ်ချက်ကြည့်ကာ ခေါင်းလေးငြိမ့်တဲ့ v . အချိန်ကလည်း နေ့လည်စာစားဖို့အချိန်နီးနေပြီမလား။

ထို့နောက် v သည် jk နဲ့အတူ ဆိုင်တစ်ဆိုင်ကိုရောက်ရှိလာခဲ့သည်။

" ဒီဆိုင်မှာ မင်းကြိုက်တဲ့အစားအစာတွေရှိတယ် "

စားပွဲမှာဝင်ထိုင်ရင်းပြောလာတဲ့ jk စကားကြောင့် ကျေနပ်စွာပြုံးလိုက်တဲ့ v ကို ငေးကြည့်မိသွားတဲ့ jk. အခုနောက် jkဟာ v ကိုမကြာခဏငေးကြည့်နေတက်သည်။ ထို့အတူ V ကလည်း ငေးကြည့်ချင်နေစရာကောင်းလှအောင် ကြည့်ကောင်းလွန်းလာသည်ကို။

" V "

" အင်းပြောလေ "

" မင်းတစ်ကယ်ကြည့်ကောင်းလာတယ်သိလား "

" အဟား ဒီနေ့လည်စာတော့ ငါမင်းကိုကျွေးရတော့မယ်ထင်ပါတယ် "

Jk စကားကြောင့် ရယ်သံနှော၍ပြောလာသည့် V ကိုငေးကြည့်ကာ jk ရဲ့ရင်ခုန်သံတွေက တစ်ငြိမ့်ငြိမ့်။ နိုင်ငံတစ်ကာပတ်ပြီးမှပြန်ရောက်လာတဲ့ jk အတွက်ကတော့ ဒီရင်ခုန်သံက ဘာကြောင့်တိုးထွက်လာသည်ဆိုတာသိလိုက်ပေမယ့် ဒီရင်ခုန်သံရဲ့ဖွင့်ဟချက်ကိုတော့ v လက်မခံနိုင်မှာတော့စိုးရိမ်ရသည်။

ထို့နောက် jk သည် ဝိတ်တာအား v ကြိုက်တက်တဲ့စားစရာများကို အသေအချာဂရုတစ်စိုက်မှာယူပြီး v အား အသေအချာဧည့်ခံကျွေးမွေးခဲ့သည်။ ထို့အခါ v ကလည်း jk ကျွေးမွေးသမျှကို အသေအချာစားသောက်သဖြင့် jk စိတ်ချမ်းသာရ၏။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now