ကျောင်းကနေပြန်ရောက်ရောက်ခြင်း ရေမိုးချိုးကာ အဝတ်အစားလဲနေတဲ့ဝမ်ရိပေါ်ကို အဆောင်အတူနေသူငယ်ချင်းများက စူးစမ်းကာကြည့်နေကြသည်။ နောက်ဆုံးမှာတော့မနေနိုင်တော့တဲ့ဖန်ကျိက စကားစ၏။
" ဝမ်ရိပေါ် မင်းကဘယ်သွားမှာမလို့ အဲ့လောက်အထိ အလှပြင်နေတာလဲ "
ဖန်ကျိစကားကြောင့် ဝမ်ရိပေါ်မျက်နှာလေးသည် မဲ့ရွဲ့သွားရသည်။
" ဘာကိုအလှပြင်နေရမှာလဲ အလှပြင်နေတယ်လို့ပြောရအောင် ငါကမိန်းကလေးမလို့လား "
ဝမ်ရိပေါ်ရဲ့ပြောစကားကြောင့် အခန်းထဲရှိလူတိုင်း ပြုံးရယ်လိုက်ကြသလို လုဝမ်ကလည်း ဖန်ကျိဘက်ကနေ တပ်ကူဝင်လာခဲ့သည်။
" မင်းက မိန်းကလေးမဟုတ်မှန်းတော့ ငါတို့သိတာပေါ့။ ဒါပေမယ့် မင်းအခုလုပ်နေတဲ့ပုံက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ရည်းစားနဲ့ချိန်းထားလို့သွားတွေ့ရမှာမလို့ အလှဆုံးဖြစ်အောင် အလှပြင်နေသလိုဖြစ်နေတာပဲလေ "
လုဝမ်ရဲ့စကားအဆုံး ဝမ်ရိပေါ်မျက်နှာလေးမဲ့ကျသွားပြန်သည်။
" မဟုတ်ကဟုတ်ကတွေအရမ်းမပြောနဲ့ ငါဘယ်မှာရည်းစားနဲ့ချိန်းထားတဲ့ကောင်မလေးလို အလှပြင်နေလို့လဲ။ အခုဟာက ငါ့အကိုအသိတစ်ယောက်နဲ့ချိန်းထားတာမလို့ ကြည့်ကောင်းအောင် ဝတ်ထားယုံပဲဟာ"
ဝမ်ရိပေါ်စကားကြောင့် အခန်းထဲရှိလူကုန် ရယ်ကြပြန်သည်။
" ငါကတော့ မယုံဘူးဟေ့ "
ရယ်ရင်တန်းလန်းထပြောတဲ့ယွီပင်းကြောင့် ဝမ်ရိပေါ်မျက်နှာလေးရဲရဲနီသွားသလို သူငယ်ချင်းတစ်စုရဲ့ရယ်သံများကိုပို၍ကျယ်လာကြ၏။ ထိုအခါ ဝမ်ရိပေါ်သည် အပေါ်ဝတ်အိကျီတစ်ထ်အားဆွဲယူလိုက်ပြီး သူငယ်ချင်းများကိုနှုတ်ဆက်လိုက်သည်။
" ငါသွားတော့မယ် ဟေ့ကောင်တွေ။ ပြီးတော့ အဆောင်ပြန်တာနောက်ကျနေရင်လည်း စိတ်မပူနဲ့ "
" အေးဟေ့ မပူဘူးဟေ့ကောင် ။ အကယ်၍ မင်းပြန်မအိပ်နိုင်ရင်တောင် ငါအဆောင်မှူးကိုသွားပြောလိုက်ပေးမယ် ပြန်မလာနိုင်လို့ပြန်မလာတာလို့ "
![](https://img.wattpad.com/cover/356769455-288-k846877.jpg)