part 39

891 97 7
                                    

ကိုကိုခေါ်သွားတဲပါတီပွဲကိုအရောက်မှာ များပြားလှတဲ့လူတွေကိုတွေ့လိုက်ရသည်။ ထိုလူတွေကတော့ ထင်ရှားကျော်ကြားလှတဲ့ အနုပညာရှင်များအပါအဝင် ထင်ရှားကျော်ကြားလှတဲ့ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်ကြ၏။ ထိုကြားထဲ နာမည်ကြီးသတင်းထောက်များ ဂျာနယ်လစ်များကိုပါတွေ့လိုက်ရ၍ ရိပေါ်ခြေလှမ်းတွေရပ်တန့်သွားရသည်။ သို့သော် ကိုကို့ရဲ့ ကိုကိုရှိတယ်နော်ဆိုတဲ့ အပြုံးလေးနဲ့အားပေးသလိုရိပေါ်လက်လေးကိုဆုတ်ကိုင်လာသည့်အခါ ရိပေါ်အားတက်ရသည်။ ထို့နောက် ကိုကိုလက်တွဲခေါ်သည့်အတိုင်း ပါတီပွဲအတွင်းသို့...။

ကိုကို့ကိုမြင်သည့်အခါ သတင်းထောက်တွေသည် ကိုကိုနားအပြေးလာခဲ့ကြသည်။ ဒါကြောင့်ရိပေါ်ကိုကို့ရဲ့လက်ကိုလွတ်ပေးလိုက်ဖို့ကြိုးစားလိုက်ပေမယ့် ကိုကိုကရိပေါ်လက်လေးကိုလွတ်မပေးခဲ့။ ထို့နောက် ကိုကိုသည် သတင်းထောက်တွေမေးသည့် မေးခွန်းများကို ရိပေါ်လက်လေးကိုကိုင်ထားရင်းပင် ပြန်ဖြေသွားသည် ။

ခဏအကြာ သတင်းထောက်တွေရဲ့မေးခွန်းဟာ ရိပေါ်က ဘယ်သူဘယ်ဝါဆိုတဲ့မေးခွန်းကို ကိုကို့အားမေးသည့်အခါ ရိပေါ်အနည်းငယ်ထိတ်လန့်သွားရသည် ။ ကိုကိုဘယ်လိုဖြေမှာလဲဆိုတဲ့အဖြေကိုရိပေါ်စိတ်ဝင်စားသလို ရိပေါ်ဟာ ကိုကို့ရဲ့ချစ်သူဆိုတာကိုလည်း ရိပေါ်မဖြေစေချင်သေးဘူး။ ဒါကြောင့် ရိပေါ်လက်လေး‌သည် ကိုကိုတွဲထားသည့်လက်လေးထဲမှာပင် အေးစက်လာသည် ။ ဒါကို ကိုကိုကလည်းရိပ်မိသည်ထင်တယ် ရိပေါ်လက်လေးအား ပို၍ဖိညစ်ကာ အားပေးသလို ဆုတ်ကိုင်ပေးလာသည်။ ထို့နောက် ကိုကိုကတည်ငြိမ်စွာပြန်ဖြေလိုက်၏။

ရိပေါ်ဟာ ကိုကို့အင်တာတိတ်မန့်ကပွဲထုတ်မေးမယ့် မင်းသားဆိုတဲ့အဖြေစကားကြောင့် ရိပေါ်သက်ပြင်းအသာချမိလိုက်သလိုရိပေါ်လက်ဖမိုးပေါ် လက်မလေးနဲ့ဖွဖွလေးပွတ်သပ်ကာ နှစ်သိမ့်ပေးလာသည့်ကိုကိုကြောင့် ရိပေါ်စိတ်ထဲမှာလည်းကျေနပ်ရသည်။ ရိပေါ်တစ်ကယ်စိတ်မခုပါဘူး ရိပေါ်က ကိုကို့ချစ်သူဆိုတဲ့အဖြေကို ပြန်မပေးခဲ့တာ။

ကိုကိုဟာ သတင်းထောက်များကို ထိုပွဲထဲမှာပင် တစ်ခါတည်းတောင်းဆိုခဲ့သည်။ ရိပေါ်ကို ဒီအတိုင်း ပွဲထုတ်မပေးချင်တဲ့အကြောင်း ။ ဒါကိုသတင်းထောက်များကလက်ခံပေး၍ ကိုကိုကကျေးဇူးတင်စကားပင်ပြန်၍ပြောခဲ့သည်။ ထို့နောက် ကိုကိုသည် ရိပေါ်လက်ကိုဆွဲကာ ထိုင်ရာမည့်နေရာအထိ လက်တွဲခေါ်လာခဲ့၏။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now