part 10

888 133 9
                                    

ကိုကိုကျိုးချန်ရဲ့ ဝက်ပေါက်လေးကိုကို့နားလာလည်ချင်လားဆိုတဲ့အမေးကို ချက်ချင်းခေါင်းငြိမ့်ခဲ့တဲ့ဝမ်ရိပေါ်ဟာ ကိုကိုဝယ်ပေးလိုက်တဲ့ လေယာဉ်လက်မှတ်နဲ့ ကိုကိုရှိရာမြို့ကိုရောက်ရှိလာသည်။

လေဆိပ်ရောက်ရင်ချက်ချင်းဖုန်းဆက်နော်ဆိုတဲ့ ကိုကို့စကားကြောင့် ရိပေါ်ရောက်ရောက်ခြင်း ချက်ချင်းပင်ဖုန်ဆက်လိုက်သည့်အခါ ကိုကိုက ဘယ်မှမသွားပဲခဏစောင့်နေနော်ဆိုတဲ့စကားကြောင့် ရိပေါ်လေယာဉ်ကွင်းရဲ့ ဧည့်သည်များထိုင်ခုံမှာထိုင်ပြီးစောင့်နေခဲ့သည်။

ရိပေါ်သည် ဧည့်သည်များနားနေခုံမှာထိုင်နေပြီး ဟိုဒီလိုက်ကြည့်နေ၏။ ရိပေါ်တစ်ယောက်တည်း တစ်ကိုယ်တော်ခရီးမလို့ မြင်မြင်သမျှဟာအထူးအဆန်းပါ။ ဒီခရီးတိုလေးကိုတစ်ယောက်တည်းလာဖို့အတွက် မာမားကစိတ်မချပေမယ့် ပါပါးက ယောကျာ်းလေးပဲကွာ သွားခိုင်းလိုက်ဆိုတဲ့စကားကြောင့် ရိပေါ်ဒီခရီးတိုလေးကိုရောက်ရှိလာခြင်းဖြစ်သည်။ ဘာပဲပြောပြောဒီမြို့ကြီးမှာ ကိုကိုကျိုးချန်ရော ရှောင်းကျန့်ကိုကိုရော ရှိနေပါသည်ဆိုတဲ့အတွေးကြောင့် ရိပေါ်လည်းမကြောက်မရွံ့ရောက်ရှိခဲ့ခြင်းပါ။

ရိပေါ်သည် နာရီလေးကြည့်လိုက် ဖုန်းလေးကြည့်လိုက်နဲ့ လာကြိုမယ့်ကိုကိုကို စောင့်နေခဲ့ပါသည်။ ထိုအချိန်မှာပဲ ရိပေါ်နောက်ကနေ ခေါ်သံတိုးတိုးကိုကြားလိုက်ရ၏။

" ကလေးငယ်ငယ် "

ထိုခေါ်သံပိုင်ရှင်ရဲ့အသံနဲ့ ခေါ်ဆိုခံလိုက်ရတဲ့နာမ်စားလေးဟာ ရိပေါ်နဲ့မစိမ်းသက်၍ ရိပေါ်ချက်ချင်းပင် လည့်ကြည့်လိုက်သည်။

ရှောင်းကျန့်ကိုကို ။ ဟုတ်ပါတယ် ရိပေါ်ရှိရာဘက်ကို တစ်လှမ်းခြင်း အပြုံးလေးနဲ့လျှောက်လှမ်းလာသူက ရှောင်းကျန့်ကိုကိုပါပဲ။

ရိပေါ်သည် ထိုင်ရာမှထပြီး ရှောင်းကျန့်ကိုကိုကို ရယ်ပြလိုက်သည်။

" ကိုကို "

" ဗျ "

အပြုံးလေးနဲ့ထူးလားသည့် ရှောင်းကျန့်ကိုကိုကြောင့် ရိပေါ်ပါလိုက်၍ ပြုံးလိုက်မိသည်။

ကိုကို့ရဲ့ကလေးငယ်ငယ်Where stories live. Discover now