" ထည့်စားနော်သား အားမနာနဲ့ "
" ဟုတ်ကဲ့ပါ အန်တီ "
ဝမ်မာမားရဲ့စကားကို ယဉ်ကျေးစွာပြန်ဖြေရင်း ထမင်းစားနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်စူးစမ်းစွာကြည့်နေသည်။
ရှောင်းကျန့်ကိုကိုက နှစ်သစ်ကူးအိမ်မပြန်ချင်၍ ကိုကိုကျိုးချန်နဲ့အတူ လိုက်လာခဲ့သည်တဲ့။
" မာမား သားကမှ မာမားရဲ့သားအရင်းပါနော် "
ရှောင်းကျန့်ကိုကိုကို ဟင်းထည့်ပေးနေသည့် မာမားအား ကိုကိုကျိုးချန်က စိတ်ထဲမပါပဲ စိတ်ဆိုးဟန်ပြုသည့်အခါ ရှောင်းကျန့်ကိုကိုအပါအဝင် ဝမ်ပါပါးရော မာမားပါ သဘောကျစွာရယ်မောကြသည်။ ထိုအထဲမှာ ဝမ်ရိပေါ်ကမပါဝင်ပါ။ အကြောင်းရင်းက ဝမ်ရိပေါ်သည် ရှောင်းကျန့်ကိုကိုရယ်မောနေသည်ကို မျက်လုံးဝိုင်းလေးနှင့် ငေးကြည့်နေမိသောကြောင့်ဖြစ်သည်။
ရှောင်းကျန့်သည် ကျိုးချန်၏စကားကြောင့် သဘောကျစွာရယ်နေမိစဉ် ထိုအိမ်ရဲ့အငယ်ဆုံးလေးထံအကြည့်ရောက်သည့်အခါ အရယ်တွေရပ်တန့်သွားမိမတက်ဖြစ်သွားရသည်။
မျက်နှာတည်လေးနဲ့ ရှောင်းကျန့်ကိုကြည့်နေတဲ့ ထိုအိမ်ရဲ့အငယ်ဆုံးသားလေးကရော ဝမ်ကျိုးချန်လိုမျိုးမတွေးဘူးမလား။
ရှောင်းကျန့်သည် စားလက်စထမင်းပန်းကန်ကိုချပြီး ထိုအငယ်ဆုံးလေးကို မျက်နှာချိုသွေးကာ ရယ်ပြလိုက်သည်။ ထိုအခါမှပို၍ မကျေမနပ်ဖြစ်သွားသလို မျက်မှောင်လေးကုတ်သွားသည့် အငယ်ဆုံးလေးကြောင့် ရှောင်းကျန့် သူငယ်ချင်းဖြစ်သူကျိုးချန်နား တိုးကပ်သွားရသည်။
" ကျိုးချန် "
နားနားကပ်ကာ တိုးတိုးလေးခေါ်လာသည့် ရှောင်းကျန့်အသံကြောင့် ကျိုးချန်ကလည်း တိုးတိုးလေးပြန်ထူးသည်။
" ဘာလဲပြောလေ "
" မင်းမာမားကငါ့ကိုဂရုစိုက်တာ မင်းတစ်ကယ်စိတ်ဆိုးလား "
" ငါက ရူးနေလို့တစ်ကယ်စိတ်ဆိုးရမှာလား "
" အဲ့ဒါဆိုမင်းငါ့ကို မင်းမာမားကဂရုစိုက်ပေးတာ တစ်ကယ်စိတ်မဆိုးဘူးပေါ့ "