ထိုအစား ဤစကတ်ကို စူးချူ ဝတ်မှသာ လုံးဝ ပြီးပြည့်စုံလိုက်ဖက်ပေလိမ့်မည်။

"အန်တီဝမ်"

ကျင်းယွင်ကျောင်းက ခေါ်လိုက်သည်။

"ဒီပုံစံက ချစ်စရာကောင်းတဲ့ဘက်ကို သွားတယ်။ ရှင့်ရဲ့သမီးနှစ်ယောက် ဝတ်လို့ရမယ်လို့ ကျွန်မထင်တယ်၊ ဒါကြောင့် အိမ်ပြန်ယူသွားလိုက်တာ ပိုကောင်းမယ်၊ ပြီးတော့ အချိန်လည်း မစောတော့ဘူး။ ကျွန်မ ကျောင်းသွားရဦးမှာ။"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ငါ ဒါကို မင်းအတွက် ဝယ်လာတာ၊ မင်းပဲ သိမ်းထားရမှာပေါ့။ ရှောင်ယွင်၊ မင်း စိတ်ချပါ၊ မင်းရဲ့ညီမလေးနှစ်ယောက်က မင်းကို ဘာကြောင့်မှ ရန်မရှာပါဘူး၊ ငါ သူတို့ကို သေချာလေး ဆုံးမထားလိုက်ပါ့မယ်။ ရလဒ်တွေ ထွက်လာတဲ့အထိ စောင့်ပြီးရင် ပိတ်ရက်မှာပဲ မင်း ငါတို့နဲ့အတူ အိမ်ကို ပြန်လာနေလို့ရတယ်။ ငါ မင်းအတွက် အခန်းသက်သက် ပြင်ပေးထားပြီးသွားပြီ၊ မင်းကို ဒုက္ခမခံခိုင်းပါဘူးကွယ်။"

ဝမ်ရှင်းဖန်းက ခပ်သွက်သွက် ရှင်းပြလာ၏။

"ပြီးတော့ မင်းရဲ့အဆင့်တွေကောင်းတာကိုလည်း ငါသိပါတယ်ကွယ်။ မင်းက ငါတို့မိသားစုရဲ့ အကောင်းဆုံးအနာဂတ် မျှော်မှန်းချက်လေးပါပဲ။ စာကောင်းကောင်းသင်နော်၊ ငါ မင်းကို နောက်ကျအောင် မလုပ်တော့ဘူး။"

သူမသည် စကားဆုံးသည်နှင့် ထိုအဝတ်အစားအိတ်ကို ကျင်းယွင်ကျောင်း၏ လက်ထဲသို့ ထပ်မံ၍ ထိုးထည့်ပေးလိုက်ပြီးနောက်ပြန်လှည့်ပြေးသွားတော့သည်။

သူမ၏ အလျင်လိုနေသောပုံရိပ်က ကျင်းယွင်ကျောင်းသည် သူမ၏နောက်သို့လိုက်၍ ပစ္စည်းပြန်ပေးမည်ကို ကြောက်နေသည့်အလားပင်။ ထိုအဖြစ်အပျက်ကို ကြည့်နေကြသော စူးချူနှင့် ကန်ကျင်းချန်တို့ နှစ်ဦးစလုံးသည်လည်း ဆွံ့အနေကြသည်။

"ပြောင်ကျဲ...သူက ဘာသဘောလဲ။ ဘာလို့ သူက သူ့ကိုယ်သူ အစ်မရဲ့အမေလို့ ခေါ်နေတာလဲ။"

စူးချူက ဝမ်ရှင်းဖန်း၏နောက်ကျောကို ညွှန်ပြ၍ မေးလိုက်၏။

ကန်ကျင်းချန်က စူးချူအား ချက်ချင်းပင် တံတောင်နှင့်တွက်၍ တားလိုက်ပြီး

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now