အမှုဆောင်ဒါရိုက်တာလျို့သည် အသက်ကြီးနေပြီဖြစ်၍ ဆေးရုံ၏ အခြေအနေများကို အတော်များများ လျစ်လျူရှုထား၏။ ထို့ကြောင့် သူ့ဆီသို့ သတင်းရောက်သောအချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်သည်။ သူသည် သူ၏ မြေးဖြစ်သူက ကန်စုန့်ပိုင်အား မေ့လဲသည်အထိ ဒေါသထွက်အောင် လုပ်ခဲ့ရုံမျှသာမက အလုပ်ပါထုတ်ပစ်ချင်ခဲ့သည်ဟု ကြားလိုက်ရသောအခါ နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်းမှ သီသီလေး ရှောင်လိုက်နိုင်သည်အထိ ဒေါသထွက်ခဲ့ရ၏။

သူက ကန်စုန့်ပိုင်အား သူ၏ ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းများထဲမှ တစ်ယောက်ဟု သတ်မှတ်ခဲ့သည်။ ကန်စု့န်ပိုင်သည် လူများနှင့် ရောရောနှောနှောနေရသည်ကို မနှစ်သက်ဘဲ လူများကို အေးအေးချမ်းချမ်း ကုသပေး၍ ကယ်တင်ချင်၏။ ထိုအချက်ကြောင့်သာ မဟုတ်ပါက သူသည် ဤဆေးရုံကို တည်ထောင်ရာ၌ ကန်စုန့်ပိုင်နှင့်အတူ ပူးပေါင်းလိမ့်မည်ဖြစ်သည်။ ထို့အပြင် သူသည် ကန်စုန့်ပိုင်ဆီမှ အကူအညီအချို့လည်း လက်ခံရရှိနေဆဲဖြစ်ပြီး ယခု ကိစ္စများ အထူးကောင်းမွန်နေသည့်အချိန်မှ သူ အလွယ်တကူ အထိုးခံလိုက်ရသည် (ပြဿနာဖြစ်သွားသည်)။

ကန့်စုန့်ပိုင်၌ မည်သည့်စိတ်ထားမျိုးရှိကြောင်း သူ မသိဘဲနေမည်လား။

မျက်နှာတည့်တည့်အား လက်ညှိုးဖြင့် ငေါက်ငေါက်ထိုး၍ မည်သူ့ကျင့်ဝတ်မှမရှိဟု စွပ်စွဲခြင်းကသာ ကန်စုန့်ပိုင်ကို ပြဿနာရှာမိလိုက်ခြင်း ဖြစ်သည်။ ထိုအခိုက်တွင် သူသည် သေသာသွားချင်စိတ်ဖြစ်နေ၏။ ဤပြဿနာမှာ ပြင်းထန်လွန်းလှပေသည်။

အကယ်၍ ကိစ္စများက ဤအထိသာဖြစ်ပျက်ခဲ့သည်ဆိုပါက အမှုဆောင်ဒါရိုက်တာလျို့သည့် ပြဿနာများကို လက်မခံနိုင်စရာမရှိသော်လည်း ထိုဉာဏ်မရှိသည့်လူမိုက်က ကလေးတစ်ယောက်နှင့်ပင် ယှဥ်ပြိုင်နေသေးသည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။

သူတို့ယှဥ်ပြိုင်ခဲ့သည်က အဓိကမဟုတ်။ ပြဿနာမှာ အဆုံးသတ်၌ သူသည် အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့၍ ရှုကျင်းဇစ်ထံမှ မျက်နှာကို လက်ညှိုးဖြင့် ငေါက်ငေါက်ထိုး၍ အမှိုက်ဟုလည်း အခေါ်ခံခဲ့ရ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now