အခန်း (၅)

Magsimula sa umpisa
                                    

ယဲဖန်သည် သူ့လက်အား အလျင်အမြန် ခါယမ်းလျက် "မဟုတ်ဘူး။ ကျွန်​တော်က သူ့ကို ​မွေးမလို့ပါ။ လိပ်တစ်​ကောင်ကို ​မွေးတာက တစ်​ယောက်​ယောက်ရဲ့သက်တမ်းကို ရှည်​စေတယ်လို့ ​ပြောလို့လေ"

ယဲဖန်သည် ​ရေကန်ထဲရှိလိပ်အား သနားစရာအကြည့်များဖြင့် ကြည့်လိုက်ကာ ​ခေါင်းခါလိုက်​လေသည်။ စိတ်ထဲတွင်​တော့ 'ဒီလိပ်က အရမ်းသနားစရာ​ကောင်းတာပဲ။ ကျင့်ကြံ​ရေးနယ်​မြေထဲမှာဆို လူတိုင်းက ကိုးကွယ်ကြတယ်။ ဒီ​နေရာမှာ​တော့ လူ​တွေက အစားအစာတစ်ခုအနေဖြင့်သာ မှတ်ယူကြတယ်။ ကံ​ကောင်းပြီး မင်းရဲ့ ဒုက္ခဆင်းရဲက​နေ ကယ်တင်​ပေးမဲ့ ငါနဲ့ ​တွေ့လိုက်လို့​ပေါ့'

သူ​ဌေးသည် ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်၊ ဟုတ်တယ်၊ လိပ်​တွေက နှစ်​ထောင်​ပေါင်းများစွာရှင်သန်နိုင်တယ် လို့ဆိုကြတယ်။ ​မွေးမြူထားရင် သူ့ရဲ့ကံ​ကောင်းခြင်း​တွေကို မင်းမျှ​ဝေလို့ ရတာ​ပေါ့"

ယဲဖန်သည် လိပ်ကန်ကို ကားထဲသို့​ရွေ့ကာ အိမ်သို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်​မောင်းလာခဲ့သည်။ ယဲဖန်သည် သူ့မိခင်ချန်ထားခဲ့​သော ၁၆၀စတုရန်းမီတာ​ကျော် ကျယ်ဝန်း​သော တိုက်ခန်းတွင် လက်ရှိ​နေထိုင်​နေ​သော်လည်း ဤတိုက်ခန်းသည် ယဲမိသားစု၏ဗီလာထက် ပိုဆိုး​လေသည်။

.......  

ယဲမိသားစုတွင်

"ယဲဖန် ဘယ်မှာလဲ" ဟု ယဲဟုန်ဝန်က မေးလိုက်​တော့ ဝမ်​ရှောင်​ဖေး ​ကြောင်သွားသည်။ 

ယဲဟုန်ဝန်သည် ယဲဖန်ကို ဘယ်​တော့မှ မနှစ်သက်​ပေ။ ယဲဖန်အ​ကြောင်း အမြဲ​ပြောတိုင်းသူ မ​ပျော်ရွှင်​ပေ။ ယဲဟုန်ဝန်သည် ထိုကဲ့သို့​သော အရှုပ်​တော်ပုံကြီး တစ်ခုပြီး​နောက် ယဲဖန်အား ရုတ်တရက်​ မေးလိုက်သည်ကို သူမ တကယ်နားမလည်​ပေ။ 

ဝမ်​ရှောင်​ဖေး စကားမ​ပြောမီ ယဲယင်လန်က "အ​ဖေ ဘာလို့ အသုံးမကျတဲ့​ကောင်ကို ​မေး​နေရတာလဲ။ သူ့ကြောင့် ယဲမိသားစုရဲ့နာမည်က လုံးဝပျက်စီး​နေပီ။"

"ယဲဖန် တံ​တား​အောက်မှာ အ​ဆောင်တွေ​​ရောင်း​နေတယ်လို့ ငါ့မိတ်​ဆွေက ​လာပြော​လို့" ယဲဟုန်ဝန်က မှင်သက်စွာ ​ပြောလာ၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားTahanan ng mga kuwento. Tumuklas ngayon