အခန်း (၆၀)

1.5K 274 61
                                    
Unicode

အပြန်လမ်းတွင် ယဲဖန်သည် ဝမ်ကျင်းရှစ်ထံမှ ယွမ်သန်းငါးဆယ်ကို လက်ခံရရှိခဲ့သည်။

"မစ္စတာကျန်း ကျွန်​တော် ဗီလာကို မပြန်​တော့ဘူး။ တစ်ခုခုဝယ်ပြီး ယွင်ရှီဆီ သွားလည်လိုက်အုံးမယ်" ယဲဖန်က ကား​မောင်း​နေ​သောကျန်းစီလျန်အား ​ပြောလိုက်သည်။

ကျန်းစီလျန်က ချက်ချင်း ပြန်​ဖြေလာခဲ့၏ "​ကောင်းပြီ​လေ"

ကျန်းရွမ်က ယဲဖန်အား စိတ်ဝင်တစားကြည့်လာခဲ့ပြီး "ဘာဝယ်ဖို့ စီစဥ်ထားလဲ"

"အဲ့ဒါ​လေး မဆိုးဘူး" ယဲဖန်သည် ကားမှန်အပြင်ဘက်သို့ ညွှန်ပြလိုက်သည်။

ယဲဖန် ညွှန်ပြ​နေသည့် ဦးတည်ရာကို ကြည့်လိုက်​တော့ ကျန်းရွမ်သည် အရုပ်​လေးများ​ရောင်း​နေ​သော ယာယီတဲ​လေးကို ​တွေ့လိုက်ရ၏ "ပိတ်စ​တွေ သိပ်ထည့်ထားတဲ့ အရုပ်လား"

ယဲဖန် ညွှန်ပြ​နေသည့် ဦးတည်ရာကို ကြည့်လိုက်​တော့ ကျန်းရွမ်သည် အရုပ်​လေးများ​ရောင်း​နေ​သော ယာယီတဲ​လေးကို ​တွေ့လိုက်ရ၏ "ပိတ်စ​တွေ သိပ်ထည့်ထားတဲ့ အရုပ်လား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်​လေ။ ဒါကို 'alpaca' လို့​ခေါ်တာမလား။ အင်တာနက်​​​ပေါ်မှာ​တော့ Grass Mud Horse (cào nǐ mā - 草泥马 / 肏你妈) လို့ ​ခေါ်တာတဲ့"

ကျန်းရွမ် "....." ယဲဖန် ဦး​နှောက်ထဲမှာ ဘာ​တွေရှိ​နေတာလဲ။ ဒီ​လောက် မယုံကြည်နိုင်စရာ​မျိုးက နှစ်​ထောင်ချီကြာမှ ​မွေးဖွားလာနိုင်တယ်။ သူက သခင်​လေးပိုင်လိုလူဆီကို ဝိုင်နီတို့ ​ရှေး​ဟောင်းပစ္စည်းတို့ ​ကျောက်မျက်ရတနာ​တွေလိုမျိုး ​စျေးကြီးတဲ့အရာမျိုး ပို့သင့်တာ မဟုတ်ဘူးလား။ သူ့ကို Grass Mud Horse ​ပေးမလို့တဲ့လား။ ရည်ရွယ်ချက်ရှိရှိ လုပ်​နေတာလား။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now