အခန်း (၁၃)

1.5K 251 15
                                    

Unicode

ယဲဖန်သည် ​ရှေးဟောင်းလမ်း​မပေါ်တွင် လမ်း​လျှောက်ရင်း ​ကျောက်စိမ်းများ​ရောင်းသည့်ဆိုင်ကို ​ရွေးကာ ဝင်လိုက်သည်။ 

"ဟိုင်း လူချော​လေး၊ မင်းကြိုက်တာ​တွေရှိလား" ဆိုင်ရှင်က ​မေးလာသည်။ 

"ဒီ​ကျောက်စိမ်းဆွဲသီး​လေးက ဘယ်​လောက်လဲ"

"ဒါလား။ ဒါက ဆရာသခင်တစ်​ယောက်ဖန်တီးထားတာ၊ ယွမ်သုံး​သောင်းပဲ​ပေး"

ယဲဖန်သည် ​အေးစက်စက် နှာမှုတ်ကာ "အခု​ခေတ်မှာ ဘယ်သူမဆို သူ့ကိုယ်သူ ဆရာသခင်လို့ ​ခေါ်​နေကြပြီ။ ဘယ်ဆွဲသီးပဲဖြစ်ဖြစ် တစ်​ယောက်​ယောက်က ဖန်တီးထားတာပဲ​လေ။ သူ​ဌေး ​​စျေးသက်သက်သာသာ လုပ်ပါအုံး"

"ဒါဆို မင်းဘယ်​လောက်​ပေးနိုင်တုန်း"

"ဒီ​နေ့ ငါက ယွမ်တစ်​ထောင်ပဲ ယူလာတယ်။ အဲ့​စျေးထက် ငါပိုမပေးနိုင်ဘူး" ယဲဖန်က ​ပြောသည်။

"​ကောင်းပြီ၊ ယွမ်ငါး​ထောင်ပဲ​ပေး"

ယဲဖန် "....." ငါသာ သိခဲ့ရင် ဒီထက် ​စျေး​ပိုလျော့​ပြောလိုက်ပါတယ်။ ​တော်​တော်အမြတ်ကြီးစားတာပဲ။

ယဲဖန်သည် ​ကောင်တာ​ရှေ့တွင် ရပ်လိုက်ပြီး ​အေးစက်​သော​လေပြင်းကို ခံစားလိုက်ရသည်။ ထို့​နောက် ​အေးစက်​သောအကြည့်နှင့် လူငယ်​လေးတစ်ဦးသည် သူ့​ဘေးတွင် ​ပေါ်​လာသည်။ 

ပိုင်ယွင်ရှီသည် ရတနာဆိုင်ပိုင်ရှင်ကို ​ခေါ်လိုက်သည် "ဦး​လေးကျိုး"

ယဲဖန်က ပိုင်ယွင်ရှီကို မျက်လုံးပြူးဖြင့် ကြည့်လိုက်ကာ "ဟိုင်း၊ ငါတို့ ထပ်​တွေ့ပြန်ပြီ။ ငါတို့​တွေ ​တကယ်ရေစက်ပါတယ်"

ပိုင်ယွင်ရှီသည် သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီး လျစ်လျူရှုလိုက်သည်။

​နောက်ဆုံးအကြိမ်တွင် ယဲဖန်သည် ​ဆေးဖက်ဝင်အပင်များလမ်းမ​ပေါ်တွင် ပိုင်ယွင်ရှီကို အမှတ်တမဲ့သာ ကြည့်လိုက်ပြီး ပိုင်ယွင်ရှီသည် ရုပ်ရည်ကြည့်​ကောင်းသည်ဟုသာ ထင်ခဲ့သည်။ ယခုအခါတွင် ယဲဖန်က ပိုင်ယွင်ရှီသည် အမှန်တကယ်ချောမောလှပ​ကြောင်း ​တွေ့လိုက်ရလေသည်။ ဘာပဲဖြစ်ဖြစ် ဒီပိုင်ယွင်ရှီသည် ​ရေခဲသဘာဝခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်က သူ့ကိုအံ့သြသင့်​စေသည်။ သိသိသာသာပင် ဒီ​နေ့လို ပူအိုက်​သော​နေ့များတွင် သူ့​ဘေး၌ ရပ်လိုက်ရုံဖြင့် ပြင်းပြင်းထန်ထန် ​အေးမြ​သော ခံစားချက်ကို ခံစားလိုက်ရသည်။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now