အခန်း (၂၉)

1.4K 243 1
                                    

Unicode

ထန်ယုံကျင်းသည် IV ချိတ်ထားရင်း ​လူနာခန်းထဲတွင် လဲ​လျောင်း​နေခဲ့သည်။

နာမည်​ကျော်ကြားလှသည့် ဆရာဝန်​အားလုံးက တိုင်ပင်​ဆွေး​နွေး​နေ၏။ ထိုလူများကို ကြည့်ကာ ဝူစီဟန်သည် အံ့သြသွားလေသည်။

ကုတင်​ပေါ်တွင် လဲ​လျောင်း​နေသည်မှာ မကြာ​သေးမီက မြို့​တော်ဖွံ့ဖြိုးတိုးတက်​ရေးအဓိကပ​ရောဂျက်အား စီစဥ်ခဲ့သည့် အိမ်ခြံ​​မြေသူ​ဌေးကြီး ထန်ယုံကျင်း ဖြစ်ပေသည်။ မိသားစုကြီးတစ်ချို့က သူတို့နှင့်အတူပူး​ပေါင်း​ဆောင်ရွက်ရန် အခွင့်အ​ရေးများကို ရှာ​ဖွေ​နေကြ​လေသည်။

ဝူစီဟန်က သူ့ကို ​ဒီမှာတွေ့ရလိမ့်မည်ဟု မထင်ထားချေ။ မကြာ​သေးမီက ယဲမိသားစုနှင့် ​လျောက်မိသားစုတို့၏ ပူးတွဲလက်ထပ်မည့်သတင်းထွက်​ပေါ်ခဲ့ပြီး​နောက် သူတို့ဝူမိသားစုသည် သီးခြားဖြစ်သွားခဲ့ရာ သူတို့၏ စီးပွား​ရေးတွင် ပြဿနာတစ်ချို့ ရှိခဲ့သည်။ သူတို့သာ ထန်ယုံကျင်းနှင့် ဆက်သွယ်နိုင်ခဲ့မယ်ဆိုလျှင် ပို​ကောင်း​သွားပေလိမ့်မည်။

"ရလဒ်က ဘာလဲ" ကျိုးကျင်းကျီက ​မေးလိုက်သည်။

"အခုထိ​တော့ မသိရ​သေးဘူး။ ကျွန်​တော်တို့​တွေ အရင်ဆုံး မှတ်တမ်းကြည့်ရအုံးမယ်" ​ခေါင်း​ဆောင်ဆရာဝန်က ​ဆိုသည်။ 

ကျိုးကျင်းကျီက ပြုံးကာ ​ဆိုလိုက်လေသည် "ဒါဆိုလဲ ဆရာ​တို့က ဆွေး​နွေးဖို့ အပြင်ထွက်ပြီး အ​ဖြေရှာဖို့ အစည်းအ​​ဝေး​တွေ ဘာလို့မကျင်းပ​ရ​သေးတာလဲ"

ယဲဖန်၏ကုသမှုသည် အနည်းငယ်ထူးဆန်းသည်ကို သူသိ​တာ​ကြောင့် ကျိုးကျင်းကျီသည် လူများစွာကို မမြင်​စေချင်ခဲ့​ပေ။ 

"​ကောင်းပါပြီ" ဆရာဝန်များသည် အချင်းချင်းပြန်ကြည့်ကာ ထွက်သွားကြသည်။

"မင်းကုသ​ရေးအ​ဆောင်​တွေ ယူလာ​ခဲ့လား" ကျိုးကျင်းကျီသည် လှည့်ကာ ယဲဖန်ကို ​​လေးနက်စွာ ​မေးလိုက်သည်။
"ကုသ​ရေးအ​ဆောင်အ​ကြောင်း ဘယ်လိုသိတာလဲ" ယဲဖန်က ​မေးသည်။

"​ရှောက်ချီ ​ပြောပြတာ" သင်္ချိုင်းက ပြန်လာပြီး​နောက် ​ရှောက်ချီသည် ယဲဖန်အ​ကြောင်းအကုန်လုံး ​ပြောပြခဲ့သည်။ ဒါ​ပေါ့ ကုသ​ရေးအ​ဆောင်အ​ကြောင်းလဲ ပါ​လေသည်။ သို့သော်လည်း ​ရှောက်ချီက အဲ့ဒါကို မ​ပြောပြလျှင်​တောင် ကျိုးကျင်းကျီက အရင်တည်းက သိပြီးသားပင် ဖြစ်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now