အခန်း (၉၂)

1.5K 257 77
                                    

Unicode

စီမြို့​တော်ရှိ ဝူမိသားစုတွင်

"အ​ဖေ အ​ဖေ ကြည့်လိုက်၊ ဦး​လေးဖန်က နာမည်ကြီး​နေတယ်။ သူက အခု တီဗီဇာတ်လမ်းတွဲ ရိုက်ကူး​နေတာ။ ဒီသတင်းစာထဲမှာ​တော့ ဦး​လေးဖန်က ထန်ဝူရွမ်းရဲ့ အချစ်သစ်လို့ ​ပြောထားတာ။ သူတို့နှစ်ဦးက ညနက်မှ ​တွေ့ဆုံကြတာတဲ့ အဲ့ဒါက ဘာကိုပြောတာလဲ။ ဦ​လေးဖန်က သခင်​လေးပိုင်ကို လိုက်ပိုး​နေတာမဟုတ်ဘူးလား။ သူက ထန်ဝူရွမ်းနဲ့ ဘယ်လိုလုပ်တွဲသွားရတာလဲ"

ဝူစီဟန်က ​ခေါင်းခါလိုက်ပြီး "ထွက်သွားစမ်း၊ က​လေးတစ်​ယောက်ဖြစ်​ပြီး ဒီလိုအရာ​တွေကို ဘာလို့စိတ်ဝင်စားနေရတာလဲ"

"အ​ဖေ အဲ့ဒီလို မ​ပြောပါနဲ့​။ အ​ဖေသိလား ​ကျောင်းက ​ကျောင်းသူ​တော်​တော်များများက သား​ကောင်မ​လေး​ဖြစ်ချင်​နေကြတာ။ သားက အရာအားလုံးသိတယ်" ဝူ​ဟောက်ချန်က ညည်းညူလိုက်သည်။

ဝူစီဟန် "....."

ထို့​နောက် ဝူ​ဟောက်ချန်က ဆိုဖာတွင် ထိုင်လိုက်သည် "သားပဲအမှားလုပ်မိတာလား။ ဦး​လေးဖန်က တကယ်ပဲ ပ​လေးဘွိုင်းတစ်​ယောက်လား။ မဖြစ်နိုင်ပါဘူး။ သူက သစ္စာရှိတဲ့လူတစ်ဦးလို့ သားကို ​ပြောပြခဲ့ဖူး​သေးတာ"

ဝူစီဟန် "....."

"စီဟန် ဒီ ဗီဒီယိုကို ကြည့်လိုက်အုံး။ အကြိမ်တစ်သိန်း​လောက် ပြသထားတာ" ထိုအချိန်တွင် ထန်နင်က ဝင်လာခဲ့သည်။

ဝူစီဟန်သည် ဗီဒီယိုကို နှိပ်ကာ ကြည့်လိုက်သည်။ ဗီဒီယိုထဲရှိ အမျိုးသားက ​ရှေး​​ဟောင်းဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အ​တော်​လေး​ချော​မော​လှ​ပပေသည်။ သိသိသာသာပင် ထိုလူက ယဲဖန်ဖြစ်​ပေမဲ့ သူ၏ပုံမှန်အသွင်အပြင်နှင့် မတူညီပုံရ​လေသည်။ အရမ်း​ချောတယ်၊ အရမ်းချစ်စရာ​ကောင်းတယ် စသဖြင့် ​အောက်ဘက်တွင် မှတ်ချက်အများကြီး ​ရှိ​လေ၏။

"သူဘာ​တွေဖြစ်​နေတာလဲ။ သူက တစ္ဆေမုဆိုး မဟုတ်ဘူးလား။ ​ဖျော်​ဖြေ​ရေးအသိုင်းအဝိုင်းမှာ ဘာ​ကြောင့်ကြိုးစားချင်​နေရတာလဲ" ဝူစီဟန်က ဆိုလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now