အခန်း (၄၄)

1.6K 232 18
                                    

Unicode

ပိုင်ယွင်ရှီဖုန်းမြည်လာခဲ့သည်၊၊

"ဟဲလို ဘာကိစ္စလဲ"

"မစ္စတာပိုင် ကျန်းဝန်​ထောက်လို့​ခေါ်တဲ့ လူတစ်​ယောက်က သခင်​လေးယဲနှင့် ​တွေ့ချင်​နေလို့ပါတဲ့" ​အ​ရှေ့ကောင်တာမှအမျိုးသမီး၏အသံက ဖုန်းတစ်ဖက်ခြမ်းမှ ထွက်လာခဲ့သည်။

"သိပြီ။ သူ့ကို ဝင်လာခိုင်းလိုက်" ပိုင်ယွင်ရှီက ​ပြောလိုက်သည်။

ထို့​နောက် ကျန်းဝန်​ထောက်တစ်​ယောက် ဓါတ်​လှေကားထဲဝင်သွားသည်ကို အ​ရှေ့​ကောင်တာမှအမျိုးသမီးနှစ်ဦးက ကြည့်​နေခဲ့ကြသည်။

"ဒီလူက ဘယ်သူတုန်း။ ​တောက်ဝတ်ရုံရှည် ဝတ်ထားတာဆို​တော့ သရုပ်​​ဆောင်များလား"

"သရုပ်​ဆောင်ဆိုလဲ အဲ့​လောက်မလိုပါဘူး။ မစ္စတာပိုင်ရဲ့ ကျန်းမာ​ရေးက မ​ကောင်းဘူးလို့ ငါကြားတယ်။ မစ္စတာပိုင်ရဲ့အဘိုးက သူ့အတွက် ဆရာဝန်နှင့် ဆရာသခင်အများကြီး ရှာခဲ့တယ်တဲ့"

"မကြာ​သေးခင်ကဆို ငါတို့ကုမ္ပဏီက လူ​ပေါင်းစုံကို လက်ခံ​နေရတာ​လေ"

"ဟုတ်တယ်။ အဲ့ဒီယဲဖန်ဆိုလဲ လုံးဝကို လူထူးလူဆန်းပဲ။ ဒါ​ပေမဲ့ မစ္စတာပိုင်က သူ့အ​ပေါ်​တော့ တကယ်​ကောင်းတယ်။ သူ့ကို ရုံးခန်းထဲမှာ​ ဆိုဖာတောင် ထားဖို့ ခွင့်ပြု​ပေးထားတာ"

"အဲ့ဒီသခင်​လေးယဲ လာပြီးကတည်းက မစ္စတာပိုင်က လူ​တွေကို ​အော်​ငေါက်တာ နည်းသွားတယ်ဆိုတာ နင် သတိထားမိလား" အ​ရှေ့​ကောင်တာထဲမှ တစ်ဦးက ​ပြောလိုက်သည်။

ကျန်းဝန်​ထောက်သည် အစည်းအ​ဝေးခန်းထဲ ဝင်လိုက်သည်နှင့် ယဲဖန်က ဆိုဖာတွင် ပျင်းရိစွာ လဲ​လျောင်း​နေသည်ကို ​တွေ့လိုက်ရသည်။

ပိုင်ယွင်ရှီ၏ရုံးခန်းသည် လုံးဝအဖြူအမည်းဖြစ်ကာ ​အေးတိ​အေးစက်ခံစားရသည်။ သို့​သော် ၎င်းက ယဲဖန်၏​ရွှေ​ရောင်ဆိုဖာ​ကြောင့် လုံးဝပျက်စီးသွားခဲ့​လေသည်။ ကျန်းဝန်​ထောက်က ယဲဖန်​နောက်မှထည့်ထားခဲ့သည့်ဆိုဖာကို ထိလိုက်သည်။

"​တောက်ဆရာကျန်း ကျွန်​တော့်ကို ရှာ​နေတာလား" ယဲဖန်က ​မေးလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now