အခန်း (၂၅)

1.5K 232 3
                                    

Unicode

ကျန်းဝန်​ထောက်သည် ​ရောက်လာပြီး ​မေး​လေသည် "ညီ​လေး မင်းသခင်​လေးပိုင်ကို လိုက်ဖို့ ကြိုးစား​နေတာလား"

ယဲဖန်သည် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး "ဟုတ်တယ်။ ဒါ​ပေမဲ့ သူက အရမ်း​အေးစက်တာပဲ။ မင်းသိပါတယ်။ ငါ့ကိုဆို လိုက်​နေတဲ့သူ​တွေအများကြီးပဲ" သို့​သော် ဒီကမ္ဘာ​ပေါ်​ရောက်လာပြီး​မှ သူက မ​ကျော်ကြား​တော့သလို ခံစားလိုက်ရသည်။ ထင်ထင်ရှားရှားပင် သူသည်အရင်ကထက် ပိုထက်မြက်လာပြီး ဤ​လောကတွင်​တောင် ကျင့်ကြံနိုင်​သေးတယ်လေ။

"ကံ​ကောင်းပါ​စေ ညီ​လေး" ပိုင်မိသားစုမှ လူအိုကြီးသာ ပိုင်ယွင်ရှီကို ဒီလိုအရူးက လိုက်​နေသည်ကိုသာ သိလျှင် သူသည် သင်ခန်းစာ​ကောင်း​ကောင်း​ပေးခံရလိမ့်မည်။

ယဲဖန်သည် ​ကောင်းကင်ကို ကြည့်ရင်း "ဒီည လ​ရောင်မရှိဘူး။ ဒုက္ခအကြီးကြီး ဖြစ်လိမ့်မယ်"

ကျန်းဝန်​ထောက်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ နက်ဖန်ရာသီဥတုက ဆိုးဝါးလိမ့်မယ်"

ထို့​နောက် ယဲဖန်က စိတ်ဓါတ်ကျစွာ ​ပြော​လေသည် "ပိုင်ယွင်ရှီက သူနဲ့အတူအိပ်ရတာကို မကြိုက်ဘူး။ ငါကလဲ သူစိမ်း​တွေနဲ့ လူထူထပ်တဲ့တဲ​တွေကို မကြိုက်တာကြောင့် မအိပ်ဘူး"

ကျန်းဝန်​ထောက် "....."

ယဲဖန်သည် နှုတ်ခမ်းကို ကိုက်ရင်း တစ်ညလုံး တရားထိုင်ရန် ရည်ရွယ်​လိုက်သည်။ ဤ​နေရာရှိ ချီစွမ်းအင်သည် ​ပေါများလွန်းကာ ကျင့်ကြံရန်အတွက် အ​ကောင်းဆုံး​နေရာတစ်ခု ဖြစ်​သည်။

မကြာခင်မှာပဲ ယဲဖန်နှင့် ကင်းလှည့်တပ်သားအချို့မှလွဲ၍ ကျန်လူများအားလုံး အိပ်​ပျော်သွားခဲ့သည်။

ပိုင်ယွင်ရှီသည် သူ့တဲထဲတွင် အိပ်​​ပျော်နေစဥ် အပြင်ဘက်မှ သီချင်းဆိုသံကို ကြားလိုက်ရသည်။ ထို့​နောက် သူသည် ထလာကာ တဲကိုဖွင့်၍ အပြင်သို့ထွက်လာခဲ့သည်။

မိန်း​မော​တွေ​ဝေနေစဥ် သူသည် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးအားမျက်နှာချင်းဆိုင် ​တွေ့လိုက်ရသည်။ ပိုင်ယွင်ရှီက မထိန်းချုပ်နိုင်စွာ ထိုနန်းတွင်းဝတ်စုံနှင့်အမျိုးသမီးထံသို့ ​လျှောက်သွား​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now