အခန်း (၉၁)

945 211 67
                                    

Unicode

ယဲဖန်သည် ထန်ဝူရွမ်းနှင့် ထွက်သွားခဲ့​သော်လည်း ရိုက်ကူး​ရေးများက​တော့ ဆက်လက်​လုပ်​ဆောင်ဖို့ လိုအပ်​နေ​သေးသည်။

လျန်ရှင်းသည် သူမလက်ထဲတွင် လျှပ်စစ်ပန်ကာအ​သေး​လေးကို ကိုင်​ဆောင်ထားရင်း လုယင်​ဘေးတွင် ထိုင်​နေခဲ့သည်။

"နင့်​ကောင်​လေးရဲ့သူငယ်ချင်းက တကယ့်ကို စွမ်း​ဆောင်ရည် ရှိတာပဲ"

လျန်ရှင်းသည် ယဲဖန်ကို အမှန်တကယ် သ​ဘောကျ​လေသည်။ သခင်​လေးပိုင်၏​ဆွေမျိုးအ​နေဖြင့် သူသည် ထန်ဝူရွမ်းကို​တောင် ချိတ်ဆက်ဖို့ သတ္တိ​ရှိ​​၏။ ထန်ဝူရွမ်းကို ဘာ​ပြောခဲ့မှန်း ဘယ်သူကမှ မသိခဲ့​ပေ။ သူက ထန်ဝူရွမ်းကို ​စကား​ပြောချင်တယ်ဟု ပြောလိုက်​တော့ တစ်ဖက်လူက တိုက်ရိုက်သ​ဘောတူခဲ့​လေသည်။

လျန်ရှင်း၏နှလုံးသားသည် အနည်းငယ်ချဥ်တူးသွားသလို ခံစားခဲ့ရသည်။ ​ကျော်ကြား​စေရန်အတွက် သူမသည် ထန်ဝူရွမ်းကို ဆွဲချဖို့​တောင် ကြိုးစားခဲ့​ဖူး​သည်။ ထန်ဝူရွမ်းကုမ္ပဏီက ထိုအရာအား အမြန်ရှင်းလင်းချက် ထုတ်ပြန်လာခဲ့၏။ ပြီး​တော့ ထန်ဝူရွမ်း၏ရူးသွပ်​သောပရိသတ်​​တွေက​​တောင် သူမအား မျက်နှာပြင်ထားတဲ့ ​ခွေးမလို့မျိုးအရာကိုပင် ​ခေါ်ဆိုခဲ့ကြ၏။

လုယင်က ပြုံးလိုက်ပြီး ဘာမှ​တော့ မ​ပြောခဲ့​ပေ။

သူမသည် ချိုက်ကျန်ကျွင်းကို သူ့အ​ကြောင်း​ပြောခဲ့ဖူးသည်။ ယဲဖန်ကို ​ဖော်ပြသည့်အခါ ချိုက်ကျန်ကျွင်းက အလွန်​လေးစား​နေသည့်ပုံ​ပေါက်​ပေမဲ့ သူမက အ​သေးစိတ်​မေး​ကြည့်​သောအခါ သူက မ​ပြောပြ​​တော့ပေ။

ဒါ​ပေမဲ့ ယဲဖန်နှင့် ပိုင်မိသားစုရှိ တတိယသခင်​​လေးတို့က အတွဲ​တွေဆိုတာ​တော့ သူ့ပါးစပ်မှတစ်ဆင့် သူမ သိရှိခဲ့သည်။

လုယင်သည် ယဲဖန်က သာမာန်ကြယ်ပွင့်များနှင့်မတူဘဲ အလွန်လျှိုဝှက်ဆန်းကြယ်​ကြောင်းကို​တော့ ခံစားရ​လေသည်။

ထိုအချိန်တွင် Bentley တစ်စီး ​ရောက်ရှိလာခဲ့သည်။

"ယဲဖန် ပြန်လာပြီ။ ​နေအုံး။ ဒါက ယဲဖန်ရဲ့ Bentleyမဟုတ်ဘူး၊ နံပါတ်ပြား မတူတဲ့ပုံပဲ။ ယဲဖန့် Bentley က ဒီမှာ ရှိ​နေ​သေးတုန်း​လေ" လျန်ရှင်းက မျက်​စောင်းထိုးလိုက်၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now