Unicode
ပိုင်မိသားစုတွင်
"အဘိုး ဖိတ်စာကတ်တွေ လုပ်နေတာလား" ပိုင်ယွင်ရှီသည် ပိုင်ရှစ်ယွမ်ဘေးသို့ လျှောက်လာရင်း မေးလိုက်သည်။
"ဟုတ်တယ်"
"ဒီတစ်ခုက ယဲဖန်ဆီ ပို့မလို့လား" ပိုင်ယွင်ရှီက ဆိုလိုက်၏။
ပိုင်ရှစ်ယွမ်က မပျော်မရွှင်ဖြင့် "ဒါက ငါ့အကောင်းဆုံးမိတ်ဆွေအတွက်ကွ။ ဒါကို အဲဒီကောင်ဆီပို့ဖို့က နည်းနည်းလေးမသင့်တော်လောက်ဘူးမလား"
ဖိတ်စာကတ်အား နှစ်မျိုးခွဲခြားထားလေသည်။ တစ်ခုက ရင်းနှီးသောလူများအတွက်ဖြစ်ပြီး တစ်ခြားတစ်မျိုးမှာကတော့ သာမာန်မိတ်ဆွေများနှင့် စီးပွားရေးပါတနာများအတွက် ဖြစ်လေသည်။
ပိုင်ယွင်ရှီက ပေါ့ပေါ့ပါးပါးဖြင့် "ဒီတစ်ခါပဲ အဘိုး၊ ယဲဖန်က တောက်ပတဲ့ပစ္စည်းတွေကို သဘောကျတယ်"
ပိုင်ရှစ်ယွမ် "သူက တောက်ပတဲ့ပစ္စည်းတွေသဘောကျတယ်၊ ငါတော့ သူဘယ်လောက်တောက်ပလဲဆိုတာတော့ မမြင်မိပါဘူး"
ပိုင်ယွင်ရှီသည် ဖိတ်စာကတ်ကို ကိုင်ထားပြီး ဘာမှတော့ မပြောခဲ့ပေ။
ထိုအရာကို မြင်တော့ ပိုင်ရှစ်ယွမ်သည် မှုန်တေတေဖြင့် "ကောင်းပြီ၊ ဒီတစ်ခုကို သူ့ဆီပို့လိုက်မယ်"
.......
ဝမ်ကျင်းရှစ်အကူအညီဖြင့် ယဲဖန်သည် ကားဝယ်ရာတွင် အလွန်ချောမွေ့ခဲ့၏။
သူသည် ငွေပေးချေပြီးသည်နှင့် ပိုင်ယွင်ရှီထံမှ ဖုန်းဝင်လာခဲ့သည်။
"ယွင်ရှီ ဘာကိစ္စရှိလို့လဲ"
"မင်းအဘိုးမွေးနေ့ဆိုတာ ငါသိတယ်လေ၊ ငါသေချာပေါက် သွားမှာပေါ့"
"ငါ မင်းဟာနဲ့ ဆင်တူလွန်းတဲ့ကားတစ်စီး ဝယ်ခဲ့တယ်"
"ယွင်ရှီ ငါက ငါးဆားနယ်နဲ့ တူတယ်လို့ ပြောနေတာကို ရပ်တန့်လိုက်တော့"
"ငါ အစောကြီး ရောက်လာလိမ့်မယ်၊ စိတ်မပူပါနဲ့၊ ငါ လူအိုကြီးကို ဒေါသထွက်အောင် မလုပ်ပါဘူး။ ငါတို့က အာဃာတတွေမထားတတ်ပါဘူး။ ငါက ဘာလို့ သူ့ကို ရန်စရမှာလဲ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...