အခန်း (၁၀၂)

1.1K 225 17
                                    

Unicode

ပိုင်ယွင်ရှီ ရုံးခန်းထဲတွင်

ယဲဖန်သည် ဆိုဖာ​ပေါ်တွင် ငြီးငွေ့ဖွယ်​ကောင်းစွာ သူ့​ခြေ​ဖဝါးများအား ပွတ်သပ်​ရင်း ထိုင်​နေခဲ့သည်။ သူဝင်လာကတည်းက ရုံးခန်းဟာ တစ်နာရီ​ကျော်ကြာသည့်အထိ တိတ်ဆိတ်​နေခဲ့သည်။

သူတို့နှစ်ဦးကြားရှိ တင်းမာသည့် ​လေထုကို ခံစားလိုက်ရသကဲ့သို့ ချီစွမ်းအင်စု​လိပ်သည် သူ့အခွံထဲတွင်သာ သူ့​ခေါင်း​လေးအား ကျုံ့နေခဲ့သည်။

​နောက်ဆုံးတွင် ပိုင်ယွင်ရှီက ယဲဖန်အား စိုက်မကြည့်ဘဲ မ​နေနိုင်ကာ "ဒါက ​တော်​လောက်ပြီ။ မင်းရဲ့ နံ​စော်​နေတဲ့ ​ခြေဖဝါးကို ​အောက်ချပြီး ဖိနပ်စီးထားစမ်း"

ယဲဖန်က စိတ်လှုပ်ရှားစွာဖြင့် "ယွင်ရှီ မင်း ငါ့ကို ပြော​နေတာလား"

ပိုင်ယွင်ရှီ ".... "

"မင်းကို နှိမ့်နှိမ့်ချချ​နေထိုင်ဖို့ မ​ပြောခဲ့ဘူးလား။ နှိမ့်နှိမ့်ချချ​နေထိုင်တယ်ဆိုတဲ့ စကားလုံးက ဘာဆိုလိုတာလဲဆိုတာကို​ရော မင်းမသိဘူးလား" ပိုင်ယွင်ရှီက မ​ကျေမနပ်​ပြောလာခဲ့သည်။

ယဲဖန်က ရှက်ကိုးရှက်ကန့်ဖြင့် "ငါ သိပါတယ်။ ငါ့လို ထက်မြက်တဲ့ သူက မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ ငါ နှိမ့်နှိမ့်ချချ​နေထိုင်ဖို့ ကြိုးစားချင်​ပေမယ့် မင်းသိပါတယ် ငါက အရမ်း​ကျော်ကြားနေပြီလေ။ အဲ့ဒီလူ​တွေက ငါ့နားမှာပဲ လှည့်ပတ်ချင်​နေကြတာကို ငါက ဘာလုပ်နိုင်မှာတုန်း"

ပိုင်ယွင်ရှီ "....." ဒါ​ပေမဲ့ မင်းက အ​တော်​လေး ​ကျေနပ်​နေတယ်လို့​ ​ငါတော့ ထင်​နေတာပဲ။

"မင်း အင်တာဗျူး​ကြောင့် ငါ့ကို စိတ်ဆိုး​နေတာလား" ယဲဖန်က ​မေးလိုက်သည်။

"ပြီးခဲ့တဲ့ ရက်တုန်းက ငါ့အဘိုး သူ့သူငယ်ချင်​ဟောင်း​တွေဆီက ဒါဇင်နှင့်ချီတဲ့ ဖုန်း​​ခေါ်ဆိုမှု​တွေကို လက်ခံ​နေရတယ်။ ​ယေဘုယျအားဖြင့်​တော့ အားလုံးက ဒီလိုအရည်အချင်းရှိတဲ့ ​မြေးသမက်တစ်​ယောက်ရလာလို့ သူ့ကို ဂုဏ်ပြု​ပေး​နေကြတာ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now