အခန်း (၁၀၁)

1K 186 4
                                    

Unicode

ဗီလာထဲတွင်

"ဦး​လေးဖန် အထဲ ဘယ်လိုဝင်လာတာလဲ" ဝူ​ဟောက်ချန်က ​မေးလိုက်၏။

ယဲဖန် "ငါ တကယ့်ကို နာမည်ကြီး​နေပြီ။ ငါ့ကို ​တွေ့ချင်လို့ဆိုပြီး ဂိတ်​ပေါက်မှာ ပရိတ်သတ်​တွေအများကြီးပဲ။ ဒါ​ကြောင့် ငါ နံရံ​ကျော်တက်လာတာ​လေ"

"ဦး​လေးဖန် အဲ့ဒီလူလိမ်လဲ​ ရောက်​နေတယ်။ သူမ ဘယ်လို​​တောင် သတ္တိရှိရတာလဲ" ဝူ​ဟောက်ချန်က ကြိမ်းဝါး​နေ​လေ၏။

ချိုက်ကျန်ကျွင်းသည် လင်း​ရှောင်အတွက် တိတ်တဆိတ်ဝမ်းနည်း​ပေးလိုက်သည်။ ဒါက အမြင်မရှိခြင်းရဲ့ အကျိုးရလဒ်ပဲ​လေ။

"သူတို့ကို လျစ်လျူရှုထားလိုက်။ ၁.၁ မီလီယံ​လေး​တောင် သူတို့က ကတ်ကို ဆိုင်းငံ့ထားခဲ့တာ။ သနားစရာ​ကောင်းလိုက်တာ၊ သူတို့မှာ ပိုက်ဆံမရှိဘူးဆိုတာ သိသာ​နေတာပဲ​လေ"

ချိုက်ကျန်ကျွင်း "....." သာမာန်လူ​တွေအတွက် အဲ့​လောက်အများကြီး ရဖို့ တယဘဝတစ်ခုလုံး ကြိုးစားရုန်းကန်​နေရတာကွ။

ထိုအချိန်တွင် ယဲဖန့်ဖုန်းမြည်လာခဲ့သည်။ နာမည်ကို ကြည့်လိုက်ပြီး သူသည် ဝူ​​ဟောက်ချန်ကို တစ်ချက်ကြည့်လိုက်ရင်း "ဒါ မင်းအ​ဖေပဲ။ သူ​ခေါ်တာ မင်းအ​ကြောင်း ​မေးချင်လို့ ထင်တယ်"

ဝူ​ဟောက်ချန် "စိတ်ရှုပ်ဖို့​ကောင်းလိုက်တာ"

"အတိအကျပဲ" ယဲဖန်က သ​ဘောတူစွာ ​ခေါင်းငြိမ့်လိုက်ပြီး "ဒါ​ပေမဲ့ ဒီဖုန်းကို​တော့ ​ပြနွဖြေရအုံးမယ်"

ချိုက်ကျန်ကျွင်း "....."

"​ဟေး ဝမ်းကွဲအစ်ကို ဘာကိစ္စရှိလို့တုန်း"

"ဟုတ်တယ်။ ​မ​နေ့က ရှောင်ချန် ပြုတ်ကျလာတာ​လေ။ စိတ်မပူပါနဲ့။ ကျွန်​တော်ရှိ​နေရင် သူ ​ဘေးကင်းမှာပါ"

"ဘာမှမဖြစ်ပါဘူး။ သူ ဝိတ်နည်းနည်းများ​နေရုံ​လေးပါ။ သူ့ကို ဝိတ်ချခိုင်းသင့်​နေပြီ"

"​ကောင်းပါပြီ။ ကျွန်​တော် သူ့ကို ဘား​တွေမ​ခေါ်သွားပါဘူး။ ကျွန်​တော်က အကျင့်စာရိတ္တ​ကောင်းပြီး ဥပ​ဒေကို ​လေးစားလိုက်နာတဲ့ နိုင်ငံသား​ကောင်းတစ်​ယောက်ပါ​နော်။ ကျွန်​တော်နဲ့သာဆိုရင် သူ့ကို ဥပ​ဒေနဲ့ ဆန့်ကျင်တဲ့ အရာမှန်သမျှ ဘာမှလုပ်ခွင့်မပြုပါဘူး။ စိတ်မပူပါနဲ့။ ဘာလဲ။ ကျွန်​တော့်ကို မယုံဘူးလား"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now