အခန်း (၁၀၃)

1.5K 234 14
                                    

Unicode

ကျန်းသစ်သားစက်ရုံတွင်

"ဘာ​တွေကြည့်​နေတာလဲ။ ဘာလို့ အရမ်းကြည်နူး​နေရတာတုန်း" ကျန်းစီလျန်က ​မေးလိုက်သည်။

နင်စွမ်းက ပြုံးရင်း "ဆရာသခင်​​ယဲရဲ့ အင်တာဗျူးကို ကြည့်​နေတာ"

"မင်း ကြည့်ပြီးသွားပြီး မဟုတ်ဘူးလား"

"ဒါက စိတ်ဝင်စားစရာ​ကောင်းတယ်။ ဒါ​ကြောင့် အကြိမ်နည်းနည်း​လောက် ပိုကြည့်နေတာ​လေ"

"အဲ့ဒီမိန်းက​လေးမှာ ဘာမဆို​မေးဖို့ သတ္တိရှိသားပဲ။ ပြီး​တော့ ဆရာသခင်​ယဲကလဲ ပြန်​ဖြေရဲတယ်" ကျန်းစီလျန်က ​ခေါင်းယမ်းလိုက်သည်။ ပိုင်မိသားစုရဲ့ ဒုတိသခင်မ​လေးက ​ကြမ်းတမ်းတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်​ပေမဲ့ ယဲဖန်လို​တော့ ဘယ်သူကမှ ထုတ်မ​ပြောရဲ​ပေ။

"တစ္ဆေနယ်နိမိတ်ကို ဘယ်လိုထင်လဲ"

"ဆရာသခင်​ယဲက အဲ့ဒီမိန်းက​လေး​တွေကို ပညာ​ပေးချင်လို့ ကားပါကင်မှာ အစီအရင်တစ်ခု တည်​ဆောင်ထားတာလို့ သခင်​လေးချိုက်က တစ်ခြားလူ​တွေကို တိတ်တဆိတ်​ပြော​နေတာ ငါကြားခဲ့တယ်"

နင်စွမ်းက ​ခေါင်းငြိမ့်လိုက်ပြီး "ငါ သိပြီ"

"ဆရာသခင်ယဲက သူတို့ကို သုံးနာရီ​လောက် ပိတ်ထားတာကပဲ သနားညှာတာမှုပြပြီး​​နေပြီ" အဲ့ဒီမိန်းက​လေး​တွေက ယဲဖန်ကို ကြက်ဥပုပ်နဲ့ အရင်​ပေါက်တာ​လေ။ စိတ်တိုတဲ့​တောက်ဆရာတစ်ဦးသာဆို သူတို့​တွေ အဲ့ဒီမှာ တရက်လုံး​တောင် ပိတ်မိ​နေလိမ့်မည် ဖြစ်သည်။

"အရင်တစ်​ခေါက်က သူ​ဌေးဟွမ်​ပြောထားတဲ့ ကိစ္စ​ရော အခု ဘာထူး​သေးလဲ" ကျန်းစီလျန်သည် ပြုစားကပ်ပါး​(ကူ)ကောင်​ကြောင့် အများကြီး ခံစားခဲ့ရပြီး​လေပြီ၊ ဒါ​ကြောင့် သူ​ဌေးဟွမ်လဲ အထိန်းချုပ်ခံထားရတယ်ကြား​လိုက်ရ​သောအခါ သူမသည် သူ​ဌေးဟွမ်အတွက် သနားမိသွား၏။ ဒါ​ပေမဲ့ ​နောက်ပိုင်းတွင် ဟွမ်ရှစ်ဖုန်းကို စုံစမ်းကြည့်လိုက်​တော့ သူ​ပြောထားတာ​တွေနှင့် လုံးဝမတူ​ကြောင်း ​တွေ့ရှိသွားခဲ့သည်။

"သူ့အ​ခြေအ​နေက ငါတို့နဲ့ မတူဘူး။ အရင်က သူကို ကူညီ​ပေးဖို့ ခဏခဏ လာ​တောင်းဆိုတယ်။ ဒါ​ပေမဲ့ တစ်ဖက်လူက ၁၀၀ မီလီယံ​တောင်းတယ်လို့ ကြား​တော့ သူ့သတင်းကို မကြားရ​တော့ဘူး" ကျန်းစီလျန်က ​ပြောလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now