အခန်း (၃၇)

1.4K 238 9
                                    

Unicode

​ယဲဖန်သည် ​လေယာဥ်​ပေါ်မှ ဆင်းပြီး​နောက် ​ကျောက်ရှီအုပ်စုသို့ ဦးတည်သည့် တက္ကစီအားငှားလိုက်သည်။

ယဲဖန်သည် ​ကျောက်ရှီအုပ်စုသို့ ​လျှောက်လာသည်နှင့် လူအများ၏စိတ်ဝင်စားမှုကို ခံလိုက်ရသည်။

ယဲဖန်ကို ​တွေ့​တော့ ဧည့်ခံ​ကောင်တာမှ ယဲဖန်အား ကြည့်ကာ ​မေးလိုက်၏ "တစ်စိတ်​လောက်ရှင့်။ ဘယ်သူ့ကို လာရှာတာလဲ"

"ကျွန်​တော် ပိုင်ယွင်ရှီကို လာရှာတာ"

"မင်းမှာ ချိန်းထားတာရှိလား" ​ကောင်တာမှအမျိုးသမီးက ​အေးစက်စွာ ​မေးလိုက်၏။

ယဲဖန်သည် ​မေးကို ​မြှောက်ကာ "ပိုင်ယွင်ရှီနဲ့ ကျွန်​တော်တို့ဆက်ဆံ​ရေးမှာ ရက်ချိန်းလို​သေးတာလား"

"ကျွန်မ​ အားနာပါတယ်။ မင်းမှာ ရက်ချိန်းမရှိရင် ကျွန်မ ဝင်ခွင့်ပြုလို့ မရပါဘူး။ ​နေ့တိုင်း ဒီမှာကို ဥက္ကဋ္ဌပိုင်နဲ့ ​တွေ့ချင်တဲ့လူ​တွေအများကြီးရှိတယ်ဆိုတာ မင်းသိသင့်တယ်။ ဥက္ကဋ္ဌပိုင်သာ သူတို့အားလုံးကို ​တွေ့မယ်ဆိုရင် ​မောပန်းပြီး​ သေသွားလိမ့်မယ်" ​ကောင်တာမှအမျိုးသမီးက အပြုံး​လေးနှင့် ရှင်းပြသွား၏။

ယဲဖန်သည် သူမကို ​ဒေါသတကြီး စိုက်ကြည့်ပြီး အံ့ကြိတ်ကာ ​ပြောလိုက်၏ "ဒါဆိုလဲ ကျွန်​တော်ပဲ သူ့ကို ​စောင့်လိုက်မယ်"

ထို့​နောက် ​ဘေးရှိ ဆိုဖာတွင် ထိုင်လိုက်သည်။ တခဏကြာတော့ ​ခြေတံရှည်မိန်းမလှ​လေးသည် ဝင်လာပြီး ဥက္ကဋ္ဌပိုင်နှင့် ​တွေ့ချင်​ကြောင်း​ ​ကောင်တာကိုပြော​လိုက်သောအခါ ဝင်ခွင့်ပြုလိုက်​လေသည်။

ယဲဖန်သည် ​ဒေါသတကြီးဖြင့် ​ကောင်တာသို့ သွားကာ "သူမက​တော့ ဝင်ခွင့်ရပြီး ကျွန်​တော်ကျ​ ဘာလို့ဝင်လို့မရတာလဲ"

"မစ်ယွင်ရှန်းရှန်က ကျွန်မတို့ရဲ့ ​မော်ဒယ်ဖြစ်ပြီး ဥက္ကဋ္ဌပိုင်ရဲ့ ချစ်သူ​လေ" ​ကောင်တာမှအမျိုးသမီးက ​ပြော၏။

"မင်း ဘယ်လို​ပေါက်ကရစကား​တွေ​ပြော​နေတာလဲ။ ပိုင်ယွင်ရှီမှာ ချစ်သူမရှိဘူး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now