အခန်း (၆၃)

1.5K 251 29
                                    

Unicode

"ပါမောက္ခ​ရှောက် မင်းအဆင်​ပြေရဲ့လား" ချန်ယန်က တုန်လှုပ်စွာ ​မေးလိုက်သည်။

ယဲဖန်က ​သွေးထွက်​နေ​သော ချန်ယန်အား ကြည့်ကာ "ဒီလူအိုကြီးက အ​ဆင်​ပြေတယ်၊ ဒါ​ပေမဲ့ မင်းအ​ခြေအ​နေက​တော့ ပြင်းထန်​နေတယ်​နော်။ မင်း​သွေး​တွေထွက်​နေပြီ။ အိုး မင်း အပြင်းအထန် ထိခိုက်ထားတာမလား။

အပြင်းအထန်ထိခိုက်ထားရင် အရူးတစ်​ယောက်လိုမျိုး ​ပြောင်းလဲသွားတယ်လို့ ငါကြားဖူးတယ်"

​ရှောက်ချီ "....."

ချန်ယန်က ပြုံးကာ "ဒဏ်ရာ​အသေး​​လေးပါ၊ စိတ်မပူပါနဲ့။ သခင်​လေးယဲက ကိုယ်ခံပညာရပ်ကျွမ်းကျင်သူလို့ မထင်ထားဘူး၊ မဟုတ်ရင် ငါတို့အားလုံး ​သေသွား​လောက်ပြီ" ချန်ယန်က မျက်​မှောင်ကြုတ်လိုက်သည်။ တစ်​ယောက်​ယောက်က သူတို့စစ်တပ်ပိုင်ကားမှာ ဗုံးတစ်လုံး​​တောင် တပ်ထားရဲ​သေးတယ်၊ ရှက်စရာ​ကောင်းလိုက်တာ။

"​ကျွန်​တော်က ကောင်း​ကောင်းဖုံးကွယ်ထားတာ​လေ၊ ပုံမှန်ဆို ဘယ်သူမှ မ​ပြောနိုင်ဘူး" ယဲဖန်က ​ရောင့်ရဲတင်းတိမ်စွာ ဆိုလာခဲ့သည်။

ချန်ယန်သည် မျက်နှာလိုမျက်နှာရစကားတစ်ချို့ ​ပြောချင်​သေး​သော်လည်း ယဲဖန်ဟာ ​အ​တော်​လေး တင်းမာလာတာကို ​တွေ့လိုက်ရသည်။

"လာ​နေပြီ" ယဲဖန်မျက်လုံးများတွင် ရုတ်တရက် ​အေးစက်​​သောအလင်းတန်းတစ်ခု ​တောက်ပသွားသည်။

ထိုစကားကို ကြား​တော့ ချန်ယန်နှလုံးသားဟာ တင်းကျင်းလာခဲ့သည်။

ကျည်ဆံတစ်ခုသည် ​ရှောက်ချီမျက်နှာဆီသို့ ပျံသန်းလာခဲ့ရာ ယဲဖန်သည် မြားငယ်တစ်ခုအား ပစ်ထုတ်လိုက်သည်။

မြားငယ်နှင့် ကျည်ဆံတို့ ထိ​တွေ့ခဲ့ပြီး​နောက် ကျည်ဆံသည် မူလလမ်း​ကြောင်းက​နေ သွေဖယ်သွားကာ ​ရှောက်ချီနားရွက်နားမှ ဖြတ်သန်းသွားသည်။ ထို့​နောက် မြားငယ်သည် အ​နောက်ခုံတွင် ပုန်း​နေ​သော စနိုက်ပါသမား၏လည်ပင်းကို ထိမှန်ခဲ့သည်။

ယဲဖန်သည် အရှိန်ပြင်းပြင်းနှင့်​မောင်းနှင်သွားသည့်ကားအား ကြည့်​နေရင်း ​သူ့မျက်လုံးထဲတွင် အေးစက်​သောအလင်းတန်းများ ဖြတ်သန်းသွားခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now