အခန်း (၃၈)

1.4K 224 8
                                    

Unicode

"အကိုကြီး ယွင်ရှီ" ပိုင်ယွင်ရှီက အစည်းအ​ဝေးခန်းထဲမှ ထွက်လာသည်ကို မြင်​သော် ယွင်ရှန်းရှန်သည် အပြုံးအကြီးကြီးဖြင့် ​လျှောက်​လာ​​လေသည်။

လက်​နောက်ပစ်ရင်း ယဲဖန်က သူမကို ကြည့်ကာ ထူးဆန်းစွာ ဆိုလာ၏ "မင်းက သူ့ကို အကိုကြီးလို့ ​ခေါ်တာလား။ မင်းက ​မောင်​လေးလို့ ​ခေါ်သင့်တာမဟုတ်ဘူးလား။ မင်းက သူ့ထက်​တောင် အသက်ပိုကြီးတဲ့ဟာ"

ပိုင်ယွင်ရှီ "....." ယဲဖန့်ပါးစပ်က အဆိပ်​တော်​တော်ပြင်းတာပဲ။

ယွင်ရှန်းရှန်သည် ယဲဖန်ကို ကြည့်ပြီး "နင်က ဒီမှာ ဘာလုပ်​နေတာလဲ။ နင်ဇွတ်ဝင်လာတာလား။ အကိုကြီးယွင်ရှီ လုံခြုံ​ရေး​ကို ခေါ်လိုက်အုံး"

ပိုင်ယွင်ရှီသည် ​ပေါ့​ပေါ့ပါးပါးဆို​လာလေသည် "ဘာလို့​ရေးကြီးခွင်ကျယ်လုပ်​နေတာလဲ။ သူက ငါ့သူငယ်ချင်းပဲ"

ထို့​နောက် ယွင်ရှန်းရှန်သည် ယဲဖန်အား စိုက်ကြည့်ရင်း "အကိုကြီးယွင်ရှီ နင် ဘယ်တုန်းက ဒီလိုမျိုးထိန်းမနိုင်သိမ်းမရ​ကောင်နဲ့ သူငယ်ချင်းလုပ်လိုက်တာလဲ။ သူ့ကို ကြည့်ပါအုံး ....." လုံးဝကို င​ကြောင်တစ်​ကောင်ပဲ။

ယဲဖန် "မိန်းမငယ်​လေး​ရေ ငါက င​ကြောင်မဟုတ်ဘူး​နော်။ ဒါကို မိုက်တာလို့​ခေါ်တယ်"

ထို့​နောက် ပိုင်ယွင်ရှီဘက်လှည့်ကာ ​မေးလိုက်သည် "ယွင်ရှီ ဟုတ်တယ်မလား"

ပိုင်ယွင်ရှီသည် အပြုံးတုဖြင့် "ဟုတ်တာ​ပေါ့။ မိုက်တယ်။ အရမ်းကိုမိုက်တာပဲ" ငါးဆားနယ်​ရောင်း​နေတဲ့ ​ဆေးသမားလိုမျိုး မိုက်တယ်။

"သွားရ​အောင်။ ကျွန်​တော် ခင်ဗျားကို ဒကာခံ​ပေးမယ်။ ကျွန်​တော် ယွမ်သန်းငါးဆယ်ရထားတယ်။ အချိန်တစ်ခု​လောက်​တော့ ကျွန်​တော် သုံးဖို့အတွက် လုံ​လောက်ပါတယ်" ယဲဖန်က မ​ချေမငံ​ပြောလိုက်သည်။

"ယွမ်သန်းငါးဆယ် ဒါက တကယ်ကို လုံ​လောက်ပါတယ်" ပိုင်ယွင်ရှီက ​ဆို၏။

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ကျွန်​တော်က လုပ်နိုင်စွမ်းအရမ်းရှိတယ်လေ။ ကျွန်​တော်နဲ့ဆို ခင်ဗျားရဲ့အသုံးအဖြုန်းကြီးတဲ့ဘဝကို အာမခံနိုင်ပါတယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now