အခန်း (၄)

1.8K 254 4
                                    

Unicode

"​ဟေး မင်းရဲ့ အ​ဆောင်မန္တန်​တွေက ဘယ်​လောက်တုန်း" ​ကျောပိုးအိတ်လွယ်ထား​သော​ကောင်​လေးသည် ဆိုင်ခန်း​ရှေ့တွင် မတ်တပ်ရပ်​နေကာ အ​တော်​လေးနက်​နေသည့်ပုံ ရလေသည်။ 

ယဲဖန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ​ပေါ့​ပေါ့ပါးပါးဖြင့် "တစ်ခုကို ယွမ်သုံး​သောင်း" ဟု ​ပြောလိုက်သည်။

ယဲဖန်သည် ထို​ကောင်​လေးအ​ပေါ် ​မျှော်လင့်ချက် သိပ်မရှိ​ပေ။ တစ်ချို့လူကြီး​တွေ​တော့ တတ်နိုင်​ပေမဲ့ ထို​ကောင်​လေးတွင် ပိုက်ဆံ မည်သို့ရှိနိုင်မည်နည်း။ 

​မျှော်လင့်ထားသည့်အတိုင်း ထို​ကောင်​လေးသည် "မင်းက ဓါးမြတိုက်​နေတာလား" ဟု ညည်းညူလိုက်၏။

"​ကောင်​လေး မင်းအ​မေက မင်းကို ညစာအတူစားဖို့ အိမ်မှာ​စောင့်​နေလိမ့်မယ်။ မင်းသွားသင့်ပြီ" တစ်​နေ့လည်လုံး အဆင်မ​ပြေသည့်အတွက် ယဲဖန်သည် အတော်စိတ်ပျက်​နေ​လေပြီ။ 

ထို​ကောင်​လေးက "ဘာလဲ။ ငါက ငယ်​သေးတယ်ဆိုပြီး ငါ့ကို မ​စော်ကားနဲ့၊ ​ဖောက်သည်​တွေဆိုတာက အမြဲမှန်တယ် ဆိုတာ မင်းနားလည်လား " မ​ကျေနပ်မှုများနှင့်အတူ ပြောလိုက်သည်။

ယဲဖန် "....." ဒီ​ကောင်က​တော့ တကယ်မာနကြီးတာပဲ။

"က​လေး မင်းကိုကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ" ယဲဖန်သည် သူ့အား အ​ထက်အောက် ကြည့်လိုက်သည်။

ထို​ကောင်​လေးသည် ရှက်ရွံစွာဖြင့် "မင်း ငါ့ကို မသိဘူးလား" ​မေးလိုက်သည်။

"ငါ သိသင့်...." ယဲဖန်သည် ရုတ်တရက်လန့်သွားသည်။ သူ ဒီ​ကောင်လေးဘယ်သူလဲဆိုတာကို ရုတ်တရက် သတိရသွားသည်။ သူ့တူပဲ။

မူလပိုင်ရှင်၏ မိခင်သည် ငယ်ငယ်ရွယ်ရွယ်နှင့် ​သေဆုံးခဲ့သည်။ သူ့မှတ်ဥာဏ်အရ သူ့ရဲ့ ဝမ်းကွဲ ၊ သူ့အ​မေ၏အကို့သားသည် မူလပိုင်ရှင်အ​ပေါ် မဆိုးဝါးပေ။ ဒါ​ပေမဲ့ မူလပိုင်ရှင်သည် ယဲမိသားစု၏သားတစ်​ယောက်ဖြစ်သောကြောင့် သူ့ဝမ်းကွဲသည် အရမ်းဝင်မစွက်ဖက်​ပေ။ ဒါ့အပြင် သူ့၏ဝမ်းကွဲက အမှန်တကယ် အလုပ်များသူလဲ ဖြစ်၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now