Arc 20.14

351 40 0
                                    

Unicode

နေရောင်ခြည်တန်းလေး သူတို့၏ အစက်သေးသေးလေးအတန်းလိုက်ကြီးများကို ကြည့်ကာ သူတို့၏စိတ်ကိုဖတ်နိုင်သကဲ့သို့ပင် chatတွင်ရှင်းပြလာ၏။

[Team] နေရောင်ခြည်တန်းလေး, "ငါ့အကိုက ဒီကိုကစားဖို့လာတာမဟုတ်ဘူးနော်။ စီးပွားရေးကိစ္စလေးတွေရှိလို့"

[Team] မင်းပြန်ခံစားရလိမ့်မယ်, "အယ် ငါအခုမှ နေ့စဉ်မစ်ရှင်တွေ မပြီးသေးဘူးဆိုတာ သတိရတယ် ကြီးမြတ်သော၊မြေခွေးလေး မင်းတို့ ငါနဲ့တူတူလိုက်ခဲ့ချင်လား"

[Team] လေလွင့်မြေခွေး, "လိုက်မယ်ဂျ!"

[Team] ကြီးမြတ်သောအရှင်, "လိုက်မယ်လေ!"

နှစ်ယောက်လုံး တစ်ချိန်တည်းတွင်ပင် ဖြေလာကြ၏။ သူတို့သည် ထိုတွင် တစ်စက္ကန်လေးမျှပင် မနေချင်ကြကြောင်းသိသာပေ၏။

နေရောင်ခြည်တန်းလေး ထိုသတ္တဝါများထွက်ပြေးသွားသည် ကိုမျက်လုံးပြူးပြူးဖြင့်သာ ကြည့်နေနိုင်ခဲ့၏။ဂရုချက်ထဲတွင် သူ့အကို ကသူတို့ကို ကိုက်စားမည်မဟုတ်ကြောင်း ပြောလိုက်ချိန်တွင် နေရောင်ခြည်တန်းလေး အဆဲခံရတော့လေသည်။ သူတို့ ဘာလို့အဲ့လောက်တောင် ကြောက်နေကြရတာတုန်း?

ဤကိစ္စအား ထိုသတ္တဝါများသည် ဤသို့ပြန်ပြောလာခဲ့၏။
ဟေ့ကောင် မင်းအကိုကို မင်းကဘယ်လိုလို့ကြောက်မလဲဟ!

"ဟန်ယွီ"
နေရောင်ခြည်တန်းလေးမော့ကြည့်လိုက်ချိန်တွင်တော့ တော်ဝင်မင်းသားတစ်ဦးပုံစံ ဝတ်ဆင်ထားသော လူတစ်ဦး သူ့ရှေ့တွင်မြင်လိုက်ရ၏၊ သူ၏ခေါင်းပေါ်တွင် 'လပြည့် ဖြည့်စွတ်ခဲ့သော အနောက်နန်းမြင့်'

"ကော... ဘာလို့ ကိုယ့်ရုပ်ကိုယ်ကို ပိုဆိုးအောင်လုပ်လာတာတုန်း"
နေရောင်ခြည်တန်းလေးက ထိတ်လန့်စွာဖြင့်မေးလာခဲ့၏။

သူ၏ဆန့်ကျင်ဖက်တွင်ရပ်နေသော လူကဖြန်ဖြေမလာခဲ့။

နေရောင်ခြည်တန်းလေး ရယ်လိုက်ကာ
"ကော.. အရင်ဆုံး ကောအဆင့်မြှင့်ဖို့လိုတယ်။ ရှန်းဂျွဲ့မြေပုံက အဆင့်၈၀မို့ ကောကအနည်းဆုံး အဆင့်၃၀ရှိဖို့လိုတယ်"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now