Arc 20.9

606 76 2
                                    


ARC-20 chapter-9

ဘ၀တစ်သက်စာငြိမ်းချမ်းရာ သူမကိုအေးစက်စွာဖြင့်ကြည့်နေသည်။

ရှီရှန်းသည်လည်း အကြောက်အလန့်မရှိသော မျက်၀◌န်းများဖြင့် ပြန်ကြည့်လိုက်ကာ “ငါ့ယောကျာ်းသေသွားတာ နှစ်တွေအကြာကြီးရှိနေပြီ ဧကန္တ မြေကြီးထဲကနေလှမ်းပို့လိုက်တာများလား?

‘ပျံလွှားငှက်၏ ပြန်လာခြင်း’ ကအံ့အားသင့်သွား၏။

ငါဒီဘောစ့်နဲ့တော့ဘယ်လိုလုပ်ရမတုန်းဟ

‘ပျံလွှားငှက်၏ ပြန်လာခြင်း’ ကTeam channel မှာပို့ထားတဲ့ဘ၀တစ်သက်စာငြိမ်းချမ်းရာရဲ့ စာကို မြင်သွားသည်။ ချက်ချင်းပဲ အသံထွက်ရွတ်ဆိုလိုက်ကာ “မင်းရဲ့ယောကျာ်းက မင်းအပေါ်မှားမှားယွင်းယွင်းဆက်ဆံခဲ့မိတဲ့အတွက် မင်းကိုတောင်းပန်စာရေးပြီးပို့ခိုင်းခဲ့တာ”
[team channel- အသင်းသားတွေပဲ စကားပြောလို့ရ /ကြည့်လို့ရတဲ့ စကားပြောခန်း /chat]

“နင်ကအဲ့တာကိုတောင်းပန်စာဆိုပြီး ဘာလို့
ဒီလောက်သေချာနေတာလဲ,ခိုးပြီးများ ကြည့်ထားလို့လား?”

ဟား-

‘ပျံလွှားငှက်၏ ပြန်လာခြင်း’ ကမွန်းကျပ်သွားသလို ခံစားလိုက်ရ၏။
ဒါကဘယ်လိုဇာတ်ကြောင်းကြီးတုန်း , သူတို့ ပထမဆုံးနဲ့အခုတစ်ခေါက် တိုက်ခိုက်တဲ့ dialogတွေကမတူပါလားဟ
[dialog- ပြောဖို့ကြိုတင်သတ်မှတ်ထားသောစကား/စကားလုံးများ]

[private] ‘ပျံလွှားငှက်၏ ပြန်လာခြင်း’ : “အကြီးအကဲ အကြီးအကဲရဲ့ အစီအစဥ်ရေးဆွဲရေး ဌာနကလူတွေကတော့ တကယ့်ကိုတစ်ခုခုပဲဗျာ”

[private] ဘ၀တစ်သက်စာြငိမ်းရာ : “ ဒီဘောစ့် မှာတစ်ခုခုမှားနေတာရှိလိမ့်မယ်, တခြားဟာစမ်းကြည့်”

ဒီဂိမ်းကိုလီဂျင်းအတွက် တီထွင်ခဲ့တာဖြစ်ပြီး
ဂိမ်းရဲ့တီထွင်သူတစ်ယောက်အနေနဲ့  ဘ၀တစ်သက်စာငြိမ်းချမ်းရာသည် ဂိမ်းကို အတွင်းကျကျ သိသည်။ အခုဖြစ်နေတာတွေက သူတို့တင်ပြခဲ့တာတွေနဲ့လုံး၀တူမနေဘူး။

သူတို့ သူမကိုပထမဆုံးတိုက်ခိုက်ခဲ့တုန်းက , သူမရဲ့ combat point က နည်းနည်းလေးမြင့်နေတာပဲ ရှိတယ်, ဘယ်နေရာကမှ ပုံမှန်မဟုတ်တဲ့ပုံစံမရှိဘူး။
[combat point- ရန်သူကို တိုက်ခိုက်တဲ့အခါထွက်လာတဲ့damage]

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now