Arc 16.30

2.1K 280 13
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[30]

နောက်တစ်နေ့လန်ချင်းနိုးလာတော့ သူ့ဆီလာလည်တဲ့များပြားလှတဲ့ကုမိသားစုကြောင့် လန့်သွားရတယ်။ 

'ကုချီကိုအရမ်းချစ်ကြတဲ့မွန်းစတားတွေက နောက်ဆုံးတော့သူ့ကိုဒုက္ခပေးဖို့ရောက်လာကြပြီ'

လန်ချင်းကသူတို့နဲ့ပြေပြေလည်လည်ဆက်ဆံဖို့အတွက် သူ့ရဲ့ထုံထိုင်းတဲ့ဦးနှောက်လေးကိုအသုံးပြုပြီး နည်းလမ်းတချို့ကိုခွဲဖြာတွက်ချက်နေလိုက်တယ်။ 

ဒါပေမဲ့ လက်တွေ့ကတော့ အမြဲတမ်းမမျှော်လင့်ထားတာတွေကြီးပဲ။ 

သခင်ကြီးကုကနေဦးဆောင်လို့ သူတို့ကတစ်ယောက်ပြီးတစ်ယောက် လန်ချင်းကိုနွေးထွေးစွာ ကြိုဆိုကြတယ်။ 

လန်ချင်းကြက်သေသေသွားတော့တယ်။ 

'သူတို့ဒီကိုပြဿနာရှာဖို့ရောက်လာကြတာမဟုတ်ဘူးလား?'

'သူတို့ငါ့ကိုကြိုပြီးအကြောင်းကြားသင့်တယ်လေ!အခုငါလန့်တာပေါ့လို့!'

'နေဦး မနေ့ညကငါမသိတာတစ်ခုခု ဖြစ်သွားတာလား?'

'ဘယ်လိုဖြစ်ပြီး သူတို့သဘောထားက ခမည်းခမက်တစ်ယောက်ကို ကြိုဆိုနေတဲ့အတိုင်းဖြစ်နေတာလဲ'

သခင်ကြီးကုကပစ္စည်းတွေအများကြီးပေးသွားပေမဲ့ မနေ့ကရှီရှန်းပေးသွားတဲ့လက်ဆောင်တွေနဲ့ ယှဉ်ရင်တော့အသေးအမွှားပဲရှိသေးတယ်။ 

သူတို့ထွက်သွားပြီးတော့ လန်ချင်းကသူ့ဖုန်းကိုထုတ်လိုက်တယ်။ သူရှီရှန်းကိုဖုန်းခေါ်ချင်ပေမယ့် Weiboပေါ်ကနိုတီတွေက တတီတီနဲ့မြည်လာတယ်။ 

သူ့ရဲ့identityကိုထုတ်ပြန်လိုက်ပြီးကတည်းက သူ့ကိုတစ်ချိန်ပြီးတစ်ချိန်tagတွဲနေကြတဲ့တချို့လူတွေရှိပေမယ့် အခုလိုတစ်ချိန်တည်းမှာနိုတီအများကြီးဝင်လာတဲ့အကြောင်းအရင်းက ကြီးမားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတာကြောင့်ပဲရှိတယ်။ 

'ငါ့ရဲ့ချစ်လှစွာသောညီမလေးက ဘာလုပ်ထားပြန်ပြီလဲ?'

လန်ချင်းကချက်ချင်းပဲပို့စ်ကိုကလစ်နှိပ်လိုက်ပြီး ဓာတ်ပုံနှစ်ပုံကိုတွေ့လိုက်တယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Donde viven las historias. Descúbrelo ahora