Arc 17.28

1.7K 309 0
                                    

Unicode

မိစ္ဆာမင်းသမီးက ယွဲ့ရန်ဂိုဏ်းကို ဖောက်ခွဲပစ်ခဲ့တယ်တဲ့…

ထိုသတင်းက လူတွေကြားမှ ခေါင်းစီးသတင်းဖြစ်လာခဲ့တော့တယ်။ ယွဲ့ရန်ဂိုဏ်းသားတွေက မိစ္ဆာဘုရင်ဆီကိုသွားပြီး သူတို့ရဲ့ဆုံးရှုံးမှုတွေအတွက် အလျော်တောင်းကြပြန်တယ်။ မိစ္ဆာဘုရင်ကြီးက ပိုပြီးတောင် ကရုဏာကင်းမဲ့သေးတယ်။ လာရှာတဲ့လူတွေကို ဂရုမစိုက်တဲ့အပြင် ‘ပြဿနာရှာခဲ့တဲ့လူကိုသွားရှာကြ’လို့ ပြောလွှတ်လိုက်တယ်။

မိစ္ဆာဘုရင်ကြီးကလည်း သူတို့ကိုဂရုမစိုက်ဘူး။ ‘မင်းတို့ကိုပြဿနာရှာခဲ့တဲ့လူကို သွားရှာကြ’ တစ်ခွန်းတည်း ပြောလွှတ်လိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှီရှန်းကို ဒေါသထွက်နေတော့တယ်။ မနာခံတဲ့မျိုးမစစ်လေးကို အိမ်ပြန်ခေါ်ပြီး ကြိမ်လုံးနဲ့ရိုက်ပစ်ချင်တဲ့အထိပဲ။

ယွဲ့ရန်ဂိုဏ်းသားတွေလည်း ဒေါသတကြီးပြန်သွားကြရတော့တယ်။

‘ဒီကိစ္စကို ဒီလိုဖြေရှင်းလိုက်ရုံနဲ့ပြီးသားရောလား..? ငါတို့လက်မခံနိုင်ဘူး.. မိစ္ဆာဘုရင်က ဂရုမစိုက်ဘူးဆိုမှတော့ ငါတို့ဘာသာဖြေရှင်းကြမယ်..’

ထိုအချိန်မှစ၍ လူသားလောကကြီးလည်း ပိုမိုရှုပ်ထွေးလာခဲ့တော့တယ်။

………..

“အကူအညီတောင်းပါတယ် ကျွန်မရဲ့ဖခင်ကို မြေမြှုပ်သင်္ဂြိုလ်နိုင်အောင် ကူညီပေးကြပါရှင်.. ရှင်တို့ရဲ့သနားကြင်နာမှုအတွက် အရာအားလုံးပြန်လည်ပေးဆပ်ပါ့မယ်..”

မိန်းမလှလေးတစ်ယောက်က လမ်းဘေးမှာဒူးထောက်ထိုင်နေပြီး သူ့ရဲ့အနောက်မှာတော့ ကောက်ရိုးဖျာတွေနဲ့ဖုံးလွှမ်းထားတဲ့ လက်တွန်းလှည်းတစ်ခုရှိနေခဲ့တယ်။ ပြီးတော့ ဖျာအောက်ကနေ လက်တစ်ဖက်ထွက်ကျနေပြန်တယ်။

‘ကောင်မလေးက သူ့အဖေကိုသင်္ဂြိုလ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုရောင်းစားနေတာပဲ..’

ရှီရှန်းက လူအုပ်ကြားမှာရပ်နေပြီး ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ အနီးနားမှာ ထူးဆန်းတဲ့လူတွေရှိမနေတော့မှ စိတ်သက်သာရာရသွားပြီး ပွဲဆက်ကြည့်နေလိုက်တယ်။

“ဝိုး.. ဒီကောင်မလေးက အရမ်းချစ်စရာကောင်းတာပဲ.. ခေါင်လေးမော့ပါဦး.. မင်းမျက်နှာလေးကို သေသေချာချာ ကြည့်ခွင့်ပေးစမ်းပါ…”

ချမ်းသာတဲ့သခင်လေးလို သားသားနားနားဝတ်စားထားတဲ့လူတစ်ယောက်က မိန်းကလေးရဲ့မေးကိုကိုင်ပြီး ခေါင်းမော့ခိုင်းလိုက်တယ်။

‘တစ်ယောက်ယောက်ကတော့ ကောင်မလေးကို ထိကပါးရိကပါးလုပ်နေပြီ..’

ကောင်မလေးရဲ့မျက်ဝန်းတွေက မျက်ရည်ရစ်ဝဲလာပြီး ပါးကလေးတွေနီရဲနေတော့ သနားချင့်စဖွယ်။ ဟိုလူယုတ်မာကလည်း ကောင်မလေးရဲ့မျက်နှာကိုပွတ်သပ်ရင်း သူမရဲ့ရင်ဘတ်ဆီကို စတင်ဦးတည်လာခဲ့တယ်။

မိန်းကလေးရဲ့ခန္ဓာကိုယ်က သိသိသာသာတုန်ယင်လာပြီး တဖြည်းဖြည်း အနောက်ဆုတ်သွားခဲ့တယ်။ ဒါပေမဲ့ ဟိုလူယုတ်မာက ကောင်မလေးရဲ့လက်ကိုအတင်းဆွဲထားပြန်တယ်။

“သခင်လေး.. ကျေးဇူးပြုပြီး သိက္ခာရှိပါရှင်…”
မိန်းကလေးက အတင်းရုန်းကန်နေဆဲ…

“သိက္ခာရှိရမယ်..? ဟား.. ဟား.. မင်းအဖေကိုမြေမြှုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုရောင်းစားနေတာ မဟုတ်ဘူးလား..? ငါ့မှာပိုက်ဆံရှိတယ်.. လာခဲ့စမ်းပါ.. ငါ့ကိုကိုယ်ခွင့်ပေးစမ်း…”


“လွှတ်ပေးပါရှင်…”

“ဟား..ဟား..ဟား.. အသားအရည်လေးက နူးညံ့လိုက်တာကွာ…  လက်ကလေးကလည်း အရမ်းလှတာပဲ…”

ကောင်မလေးက လူယုတ်မာရဲ့လက်မောင်းကြားရောက်သွားပြီး အသားယူခံနေရတော့တယ်။ ဝိုင်းကြည့်နေတဲ့လူတွေကလည်း ထိုလူယုတ်မာကို ကြောက်လန့်နေကြဟန်တူတယ်။ တစ်ယောက်မှ ဝင်မစွက်ဖက်ရဲကြဘူး။

“သူမကိုလွှတ်လိုက်..”

ကျယ်လောင်တဲ့အသံတစ်ခုက လူအုပ်နောက်ကနေထွက်လာခဲ့တယ်။ လူအုပ်ကြီးက အသာဘေးဖယ်ပေးလိုက်ကြတော့ ပုံရိပ်နှစ်ခုက လူအုပ်ကြားမှာမတ်တပ်ရပ်နေခဲ့တယ်။

“သူမကိုလွှတ်ပေးလိုက်..”

‘သူရဲကောင်းက အလှလေးကိုကယ်တင်ချင်နေတာပဲ.. နေပါဦး ဒီအသံက..?’

ရှီရှန်း မျက်ခုံးပင့်လိုက်တယ်။ လူအုပ်ကြားထဲက လူနှစ်ယောက်ကိုလှမ်းကြည့်လိုက်တော့…

‘သေချာတာပေါ့.. ဒီလိုဖိနှိပ်ခံနေရတဲ့နေရာမှာ ဇာတ်လိုက်မ,ပေါ်လာတတ်တာပဲ.. ကောင်းတယ်..
ဇာတ်လိုက်မ,ဘေးနားကလူက ချင်းဟန်.. ဒီလူ…’

ချင်းဟန်က ရှီရှန်းကိုတွေ့သွားတော့ ရှီရှန်းလည်း သွားဖြီးပြလိုက်တယ်။ လက်ချောင်းကိုအသာလှုပ်ရမ်းလိုက်တော့ ဓားတစ်လက်က လေထဲမှာထွက်ပေါ်လာခဲ့ပြီး ယွီရှောင်ချီဆီကို ဦးတည်သွားခဲ့တယ်။
“အား..”

ရုတ်တရက်ထွက်ပေါ်လာတဲ့ဓားကြောင့် လူတွေလည်း ကြောက်လန့်တကြား ထွက်ပြေးကြကုန်တယ်။ အစောပိုင်းက ကောင်မလေးကိုနှောင့်ယှက်နေတဲ့လူယုတ်မာတောင်မှာ ကောင်မလေးကိုလွှတ်ပေးလိုက်ပြီး သူ့ရဲ့သက်တော်စောင့်တွေအနောက်မှာ ပုန်းကွယ်နေလေရဲ့…

ချင်းဟန်က ယွီရှောင်ချီကိုလှမ်းဆွဲလိုက်တာကြောင့် ဓားက သူမရဲ့နားရွက်နားက‌နေ အရှိန်ပြင်းပြင်းဖြတ်သန်းသွားခဲ့တယ်။ ထို့နောက် လေထဲမှာတစ်ပတ်ပြန်လည်လာပြီး ယွီရှောင်ချီရဲ့လည်ပင်းရှိရာ ဦးတည်လာပြန်တယ်။

ယွီရှောင်ချီလည်း ဓားကိုငေးကြောင်ကြည့်နေမိတယ်။ ဒါပေမဲ့ ဓားက ယွီရှောင်ချီအနားရောက်တော့ ဘယ်ကမှန်းမသိတဲ့တွန်းအားကြောင့် နှေးကွေးသွားခဲ့တယ်။ ယွီရှောင်ချီက ထိုအချင်းအရာကိုအခွင့်ကောင်းယူပြီး ဘေးကိုခုန်ရှောင်လိုက်တယ်။ ထို့နောက် သူမရဲ့လက်ချောင်တွေကိုသုံးပြီး လေပေါ်မှာ ထူးဆန်းတဲ့သင်္ကေတတွေကိုရေးဆွဲလိုက်တော့ ပြင်းထန်တဲ့စွမ်းအားတစ်ခုက ရှီရှန်းဆီကို တိုးဝင်လာခဲ့တယ်။

‘ယွီရှောင်ချီရဲ့စွမ်းအားတွေက အချိန်တိုအတွင်းတိုးတက်လာပြန်ပြီ..’

ပြင်းထန်တဲ့စွမ်းအားလှိုင်းတွေက ရှီရှန်းဆီကို ဓားသွားများအသွင်တိုးဝင်လာခဲ့တယ်။ ရှီရှန်းရှောင်တိမ်းလိုက်ပေမယ့် ဂါဝန်အနားစတွေစုတ်ပြဲသွားပြီး ခြေလှမ်းတော်တော်များများ အနောက်ဆုတ်လိုက်ရတယ်။

ယွီရှောင်ချီရဲ့မျက်နှာက ဒေါသတွေဖုံးလွှမ်းနေပြီ..
“ယွီရီ.. ငါနင့်ကိုမသတ်ချင်ဘူးနော်..”

ရှီရှန်းက ဘာမှပြန်မပြောပဲ သူမရဲ့ဂါဝန်ကိုငုံ့ကြည့်လိုက်တယ်။

“ယွီရီ.. အသုံးမဝင်တော့ဘူး.. ဆရာကနင့်ကို မမှတ်မိဘူး..”

ယွီရှောင်ချီက ဆက်ပြောလိုက်တယ်။
“နင်ငါ့ကိုသတ်ပစ်လိုက်ရင်တောင် ဆရာကနင့်ကို မှတ်မိမှာမဟုတ်ဘူး..”

ချင်းဟန်က ယွီရှောင်ချီအနောက်မှာမတ်တပ်ရပ်နေပြီး ရှီရှန်းကို အမှုမထားသလိုစိုက်ကြည့်နေခဲ့တယ်။ ရှီရှန်းလည်း  လက်အသာမြှောက်လိုက်ပြီး ယွီ‌ရှောင်ချီကို အေးစက်စက်စိုက်ကြည့်လိုက်တယ်။

နေရာတစ်ခုလုံးက ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားသလိုပင်။

“ရွှစ်..”

ရုတ်တရက် တစ်စုံတစ်ယောက်က ရှီရှန်းကိုအနောက်ကနေတိုက်ခိုက်လာတာကြောင့် ရှီရှန်းလည်းတစ်ပတ်လှည့်လိုက်ပြီး ဓားနဲ့ခုခံလိုက်ရတယ်။ ပြင်းထန်ရက်စက်တဲ့စွမ်းအားတွေက ဓားကိုရိုက်ခတ်သွားပြီး သူမရဲ့လက်မောင်းတစ်ခုလုံးကို ထုံကျင်သွားစေခဲ့တယ်။

ရှီရှန်းလည်း အဝေးတစ်နေရာကို အေးဆေးတည်ငြိမ်စွာစိုက်ကြည့်လိုက်တယ်။ လူတစ်စုက ဓားပျံတွေစီးပြီး ရှီရှန်းအနားကို ရောက်လာကြတော့တယ်။

ယွဲ့ရန်ဂိုဏ်းကလူတွေပဲ..

“မိစ္ဆာမ.. မင်းကိုသတ်ပစ်ရမယ်..”
ကျယ်လောင်တဲ့ထိုအသံက အနီးပတ်ဝန်းကျင်မှာပဲ့တင်ထပ်နေပြီး လူတိုင်းရဲ့နားစည်ကို တုန်ခါသွားစေခဲ့တယ်။

ချင်းဟန်နဲ့ယွီရှောင်ချီလည်း ရှီရှန်းအနားမှာမတ်တပ်ရပ်နေတာကြောင့် တိုက်ခိုက်ခံလိုက်ရတယ်။

ရှီရှန်းရဲ့လက်မောင်းက ထုံကျင်နေဆဲ။ ဓားကိုမြှောက်ဖို့ခက်ခဲနေတာကြောင့် ဒီလူအုပ်ကြီးနဲ့တိုက်ခိုက်ဖို့မလွယ်ဘူး။ ယွီရှောင်ချီကလည်း ဒီလောက်လူအုပ်ကြီးကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ ဇာတ်လိုက်မနဲ့မပူးပေါင်းချင်ပေမယ့် ယွီရှောင်ချီက ရှီရှန်းအနားကိုတိုးကပ်လာတာကြောင့် ယွဲ့ရန်ဂိုဏ်းသားတွေလည်း နှစ်ယောက်စလုံးကိုဖိအားပေးလာတော့တယ်။

ရှီရှန်းလည်း ဇာတ်လိုက်မနဲ့တစ်ဖွဲ့တည်းလိုဖြစ်သွားပြီး ပြန်တိုက်နေရတော့တယ်။

“ယွီရီ.. သူတို့က ငါတို့ကိုသတ်ချင်နေတာ.. ငါတို့ကြားကအမုန်းတွေကို ခနဖယ်ထားပြီး အတူတူဖောက်ထွက်ကြရအောင်..”

ယွီရှောင်ချီက အမောတကောဖြင့် ရှီရှန်းကို မဟာမိတ်ဖွဲ့ချင်နေခဲ့တယ်။

“ငါ့ဘာသာဖောက်ထွက်နိုင်တယ်”
ရှီရှန်းကလည်း အထက်စီးဆန်ဆန် ငြင်းဆန်ပစ်လိုက်တယ်။

‘နင်စွမ်းအားကြီးရင်တောင် ဒီလူအုပ်ကြီးနဲ့တိုက်ခိုက်ရတာ ဟာသမဟုတ်ဘူးဟဲ့..’

ယွီရှောင်ချီက ဒေါသထွက်သွားပြီး ချင်းဟန်အနားကို အမြန်ပြန်ဆုတ်သွားခဲ့တယ်။

“ချင်းဟန်ရဲ့အတွင်းဒဏ်ရာက အပြည့်အဝပြန်မကောင်းသေးဘူး.. လူတွေထပ်ရောက်လာရင် မကောင်းတော့ဘူး.. ရွေးချယ်စရာမရှိတော့ဘူး..’

ယွီရှောင်ချီလည်း အခြေအနေကိုအကဲခတ်လိုက်ပြီး သူမရဲ့အကြည့်တွေက ရှီရှန်းအပေါ်မှာရပ်တန့်သွားခဲ့တယ်။ ထို့နောက် အံကြိတ်ကာ တစ်စုံတစ်ခုကိုဆုံးဖြတ်လိုက်တယ်။

တချိန်တည်းမှာပဲ ရှီရှန်းက ယွီရှောင်ချီရဲ့အကြံအစည်ကို ရိပ်မိလိုက်ပေမယ့် နောက်ကျသွားခဲ့ချေပြီ။ ဇာတ်လိုက်မက လူအုပ်ကြီးကို ရှီရှန်းဆီလမ်းလွှဲခဲ့ပြီး ချင်းဟန်နဲ့အတူ ကိုယ်လွတ်ရုန်းသွားလေရဲ့..

‘ဇာတ်လိုက်မ.. နင်ဒီလိုလုပ်လို့ရလား..?’

“ထားလိုက်တော့.. ဒီမြေခွေးမကို အရင်ဖမ်းကြရအောင်..
ဒီဟာမ လူသားတွေကိုထပ်ပြီးထိခိုက်အောင်လုပ်မှာကို ခွင့်ပြုထားလို့မဖြစ်ဘူး..”

ယွီရှောင်ချီက အဝေးရောက်သွားပြီဆိုတော့ ယွဲ့ရန်ဂိုဏ်းသားတွေလည်း ရှီရှန်းကိုပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

“လူတွေကိုထိခိုက်စေတယ်..?”
ရှီရှန်းကလှောင်ပြောင်လိုက်တယ်။

“ငါဘယ်တုန်းက လူတွေကိုထိခိုက်အောင်လုပ်မိလို့လဲ..?”

‘သာမာန်လူတွေကို ငါသတ်ဖူးလို့လား..? သာမာန်လူတွေကို အခက်အခဲဖြစ်အောင်လုပ်ဖူးလို့လား..? ဒီကောင်တွေက တကယ့်ကိုအရှက်မရှိတာပဲ.. ငါတောင်မယှဉ်နိုင်တော့ဘူး..’

“မင်းယွဲ့ရန်ဂိုဏ်းသားတွေကို သတ်ပစ်ခဲ့တယ်လေ.. မင်းက နှလုံးသားကင်းမဲ့ပြီး အကြင်နာတရားမရှိတဲ့မိစ္ဆာမပဲ.. ဘယ်အချိန် စစ်ပွဲတွေဖန်တီးလာမလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ..? ငါတို့မင်းကို တရားစီရင်ရလိမ့်မယ်..”

ယွဲ့ရန်ဂိုဏ်းသားတစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်တယ်။

“နင်တို့သာ မိစ္ဆာလေးတွေကိုမဖမ်းခဲ့ဘူးဆိုရင် ငါကသူတို့ကိုသတ်ပါ့မလား..? ငါ့ကိုအားယားနေတယ်လို့ ထင်နေတာလား..?”

“မိစ္ဆာလောကမှာ ကောင်းတဲ့မိစ္ဆာဆိုတာမရှိဘူး.. ငါတို့တွေက လူသားကောင်းကျိုးအတွက်လုပ်ခဲ့တာ.. သူတို့ကိုဖမ်းရမှာ ငါတို့ရဲ့တာဝန်ပဲ..”
‘ကျင့်ကြံသူအနေနဲ့ မိစ္ဆာတွေကိုသတ်ပစ်ဖို့တာဝန်ရှိတယ်..’

“အဲ့တော့ မိစ္ဆာမင်းသမီးအနေနဲ့ ငါ့လူတွေကိုကယ်တင်တာ ဘာမှားလို့လဲ..?”

ရှီရှန်းက မျက်ခုံးပင့်လိုက်ပြီး..
“အကျိုးအကြောင်းသိစမ်းပါဟဲ့.. မိစ္ဆာတွေဘက်ကသာ နင်တို့လူတွေကိုဖမ်းခဲ့ရင် နင်တို့လည်းလိုက်ကယ်မှာပဲမဟုတ်ဘူးလား..? မိစ္ဆာတွေကို သတ်မှာမလား..?”

ယွဲ့ရန်းဂိုဏ်းသားတွေ ဆွံ့အ,သွားကြရတယ်။

“ဒီမိန်းမက ဉာဏ်ကောင်းတယ်.. လူတွေကို တွေဝေအောင်လုပ်တဲ့နေရာမှာ တော်တယ်.. ဒီမိန်းမအရူးလုပ်တာ မခံနဲ့.. သတ်ကြ..”

“မိစ္ဆာတွေကို သတ်…  အမှန်တရားကို ကာကွယ်ကြ…”

“မိစ္ဆာတွေကို သတ်ကြ…”

ရှီရှန်းလည်း မျက်လုံးလှန်လိုက်တော့တယ်။
‘Fuck.. အရူးတွေပဲ..’

ရှီရှန်းက လူအုပ်ကြီးကိုဝေ့ကြည့်လိုက်ပြီး..
‘ခုနက ငါ့ကိုချောင်းတိုက်ခဲ့တဲ့လူမရှိတော့ဘူး..’

………………………….

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now