Arc 17.7

2.1K 335 1
                                    

Unicode

ဝူချန်ကလည်း နေရာတကာ ဝင်ပါတတ်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ မိန်းကလေးနဲ့ထိုလူတွေက အချင်းချင်းရုန်းကန်ကြရင်း ရှီရှန်းအနားကို တိုးကပ်လာကြတယ်။ ရှီရှန်းက အဲ့မိန်းကလေးထက်ပိုပြီးလှပတာတော့ ထိုလူတွေလည်း ဉာဏ်များလာကြတော့တယ်။

ဝူချန်က စွမ်းအားပျောက်ဆုံးနေတယ်ဆိုပေမယ့် သူ့ရဲ့ကိုယ်ခံပညာနဲ့ သာမာန်လူတွေကို အေးဆေးဖြေရှင်းနိုင်သေးတယ်။ ထိုလူအုပ်ကြီးထွက်ပြေးသွားအောင် ဖိအားပေးပြီးနောက် မိန်းကလေးကရှိုက်ကြီးတငင်နဲ့ ဝူချန်ကို ကျေးဇူးအထပ်ထပ် တင်နေတော့တယ်။

သူမက ဝူချန်ကို လက်ထပ်မယ်လို့တောင် ကတိပေးလိုက်သေးတယ်..

ရှီရှန်းက ဝူချန်ကို လှောင်ပြောင်သလိုကြည့်လိုက်ပြီး ငွေစတစ်ချို့ကို စားပွဲပေါ်တင်ထားခဲ့ကာ ဆိုင်ထဲကနေထွက်သွားခဲ့တယ်။

ဝူချန်လည်း စိတ်ပျက်လက်ပျက်ဖြင့်…
“ငါလက်ချောင်းလေးတစ်ချောင်းပဲ မြှောက်လိုက်ရတာပါ.. အဲ့တာကြောင့် ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး.. သွားပြီ”

သူ့ကိုအမိဖမ်းနေတဲ့မိန်းကလေးကို တွန်းထုတ်လိုက်ပြီး ရှီးရှန်နောက်ကို အမြန်ပြေးလိုက်ရတော့တယ်။ နှစ်ယောက်သား မြို့ထဲရောက်တဲ့အထိ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်လာခဲ့ကြတယ်..

“မင်း…”
မြို့ထဲရောက်တာနဲ့ ဝူချန်က ရှီရှန်းကို စိတ်မထိန်းနိုင်တော့ပဲမေးလိုက်တယ်။

“ခုနက လိမ်ညာနေတာမှန်း ဘယ်လိုလုပ်သိတာလဲ??”

သူမက ဟိုမိန်းကလေး တကယ်ဒုက္ခရောက်နေသလား၊ လိမ်ညာနေတာလားဆိုတာကို သေသေချာချာသိနေသလိုပဲ။ ပြန်စဉ်းစားကြည့်မယ်ဆို ဟိုမိန်းကလေးကို ဘယ်သူကမှ လိုက်မနှောင့်ယှက်နေဘူး။ သူတို့က သူမကိုကူညီပြီး ထောင်ချောက်ဆင်နေခဲ့တာ။

ရှီရှန်းက ဟိုဟိုသည်သည်သွားလာနေတဲ့ လူအုပ်ကြီးကိုကြည့်လိုက်ပြီး…
“အတွေ့အကြုံများလေ.. ပိုသိလေပဲ”

ဝူချန်တစ်ယောက် မျက်မှောင်ကြုတ်သွားတယ်။ သူလည်း လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ သူမလို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဉာဏ်များတတ်တဲ့လူတွေရဲ့အကျင့်ကို မြင်နိုင်ဖို့ကျခက်ခဲတယ်လေ။ ပြောရမယ်ဆိုရင် လူသားတွေက စိတ်အပြောင်းအလဲအမြန်ဆုံးပဲ မဟုတ်လား…

‘လူသားတစ်ယောက်အနေနဲ့တောင် ငါကလူသားတွေရဲ့စိတ်ကို မဖတ်နိုင်တာ.. သူမလိုမိစ္ဆာတစ်ကောင်က လူသားတွေစိတ်ကို ဘယ်လို‌လုပ်သိနေရတာလဲ..?’

ဝူချန်မသိလိုက်တာက ရှီရှန်းကိုယ်တိုင်လည်း ရန်သူနဲ့ရင်ဆိုင်ရတော့မယ်ဆို ဉာဏ်များနေကျပဲလေ။ အဲ့တော့ သူမက ဝူချန်ထက်ပိုပြီး လူသားတွေရဲ့သဘောသဘာဝကို နားလည်တယ်…

“အဲ့မိန်းကလေးက ဆွဲလားရမ်းလားလုပ်ခံနေရတဲ့တချိန်လုံး ရှင့်ကိုပဲကြည့်နေခဲ့တာ… ရှင်က ဘာမှမလှုပ်ရှားတော့ သူ့လူတွေကို ကျွန်မဆီရောက်အောင် လုပ်လိုက်တာလေ..”

ရှီရှန်းက ဝူချန်ရဲ့ပုခုံးကိုပုတ်လိုက်ပြီး ဝင့်ကြားစွာပြောလိုက်တယ်…
“လူငယ်လေး.. ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့.. စာများများဖတ်စမ်းပါ”

ဝူချန်ခမျာ ပြောစရာစကားမဲ့သွားရတယ်။

………………

အမှန်တော့ ရှီရှန်းလည်း ရွှမ်ဖုန်းဘယ်မှာရှိတယ်ဆိုတာကို မသိဘူး။ သူမက မူလကိုယ်ရဲ့မှတ်ဉာဏ်ကိုသုံးပြီး ရွှမ်ဖုန်းပေါ်ထွက်လာမည့်နေရာမှာ စောင့်ဆိုင်းနေလိုက်တယ်။ ဒီမြို့က ရွှမ်ဖုန်း၊ ဇာတ်လိုက်မနဲ့ ယွဲ့ရန်ဂိုဏ်းနဲ့ပေါင်းပြီး မူလကိုယ်ကို ပြေးစရာနေရာမရှိအောင်လုပ်ခဲ့တဲ့နေရာပဲ။

“ရှောင်ရီ..” ဝူချန်က တံခါးကိုတွန်းပြီးဝင်လာခဲ့တယ်..

ရှီရှန်းလည်း ကျင့်ကြံနေရာက မျက်လုံးဖွင့်ကြည့်လိုက်တော့ ဝူချန်ကသူမကို တည်ကြည်စွာစိုက်ကြည့်နေခဲ့တယ်။ သူက သူမအနားကို လျှောက်လာပြီး…
“အပြင်ကို သွားသေးလား?”

သူမ,ဒီမြို့ကိုစရောက်ကတည်းက အခန်းထဲမှာပဲနေပြီး စားတာ၊ အိပ်တာနဲ့ ကျင့်ကြံတာကလွဲရင် ဘာမှမလုပ်ခဲ့ဘူး။ ရှီရှန်းက ထိုင်ရာမှထလိုက်ပြီး တည်ကြည်စွာပြန်မေးလိုက်တယ်။
“ဘာဖြစ်လို့လဲ?”

ဝူချန်က သူမကိုစူးစိုက်ကြည့်နေရင်း…
“မြို့ထဲမှာ တစ်စုံတစ်ယောက်က လူတစ်ယောက်ရဲ့နှလုံးကို ထုတ်ယူသွားလို့..”

လူသားတွေရဲ့နှလုံးကို အမြဲလိုချင်နေကြတာက မြေခွေးမိစ္ဆာတွေပဲလေ..

“ရှင်ကျွန်မကို .. သံသယဝင်နေတာလား?”
ရှီရှန်းက ဝူချန်ကို ဉာဏ်များတဲ့မျက်ဝန်းတွေနဲ့ မေးလိုက်တယ်။

‘ငါမလုပ်ပေမယ့် တစ်ယောက်ယောက်ကတော့ လုပ်ခဲ့ပြီ.. မဟုတ်သေးဘူး.. မြေခွေးတစ်ကောင်ကောင် လုပ်ခဲ့တာ.. ပြောရမယ်ဆို.. ဇာတ်ကြောင်းကို ဘယ်လိုမှပြောင်းလို့မရဘူးပဲ..’

ကောက်ကျစ်တဲ့ဇာတ်ကွက်က ရှီရှန်းအစား သူ့ဘာသာ လှုပ်ရှားသွားခဲ့တယ်။

ဘာမှန်းမသိတဲ့အချိန်မှာ၊ ဘယ်သူမှန်းမသိတဲ့လူက အဓိပ္ပါယ်မရှိတဲ့အရာတွေကို လုပ်ဆောင်သွားခဲ့ပြီ။
‘သေစမ်း’

“ကိုယ်က မေးကြည့်ရုံပါ” ဝူချန်က အပြင်ဘက်ကို ငေးမောကြည့်နေခဲ့တယ်။

ရှီရှန်းက မျက်လုံးပြန်မှိတ်ပြီး လဲလျောင်းလိုက်ကာ..
“ငါ့ဘဝက ငါ့လက်ထဲမှာပဲ.. နင်က တခြားလူအတွက် စိုးရိမ်နိုင်သေးတယ်နော်.. ကြင်နာတတ်လိုက်တာ”

ဝူချန်ခမျာ ငေးကြောင်သွားရတယ်။
‘သူမက အရမ်းအထက်စီးဆန်တာပဲ’

ပြန်စဉ်းစားကြည့်ရင် ဒီကိစ္စက သူမ,လုပ်တာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီမြေခွေးမိစ္ဆာလေးက လူသတ်မယ်ဆိုရင် ခိုးကြောင်ခိုးဝှက် မလုပ်တတ်ဘူး။ ဒါက သူမအကျင့်နဲ့မကိုက်ညီဘူး။ ကောက်ချက်ချရမယ်ဆိုရင် ဒီကိစ္စကိုလုပ်ခဲ့တဲ့သူက တခြားမြေခွေးမိစ္ဆာတစ်ကောင်ပဲဖြစ်ရမယ်။

ထိုအချိန်၌ မြို့တော်ဝန်ကလည်း ယွဲ့ရန်ဂိုဏ်းဆီလူလွှတ်ပြီး မိစ္ဆာဖမ်းပေးဖို့ ဖိတ်ခေါ်စေခဲ့တယ်။ ယွဲ့ရန်ဂိုဏ်းရောက်လာတော့ လူမသေတော့ဘူး။ ဒါပေမဲ့ ယွဲ့ရန်ဂိုဏ်းပြန်သွားတာနဲ့ လူသေပြန်ရော။ မြို့ထဲမှာရှိသမျှအိမ်တိုင်းက သူတို့ရဲ့အိမ်တံခါးတွေကို နေဝင်တာတာနဲ့ အသေပိတ်ထားကြတော့တယ်။ မြေခွေးမိစ္ဆာက သူတို့အိမ်ရောက်လာမှာကို လူတိုင်းကြောက်ကြတယ်လေ။

ရှီရှန်းက ပြတင်းပေါက်ဘောင်ကိုမှီကာ အဝေးတစ်နေရာကို တိတ်တဆိတ်စိုက်ကြည့်ရင်း ခပ်ဖွဖွပြုံးလိုက်တယ်။

“မြေခွေးမိစ္ဆာလေး… မင်းဘယ်သူလုပ်တာလဲဆိုတာကို သိလား..?”

“ကျွန်မသိတယ်..”

“ဘယ်သူလဲ?” ဝူချန်ရဲ့ မျက်ဝန်းတွေက တောက်ပသွားခဲ့တယ်..

“ကျွန်မက ရှင့်ကို ဘာလို့ပြောပြရမှာလဲ..?”
ရှီရှန်းက မျက်ခုံးပင့်လိုက်ပြီး ပြန်ဖြေလိုက်တယ်…

“ကိုယ်တို့ အတူတူသွားလာနေတာ ဒီလောက်ကြာပြီကို… မင်းက နည်းနည်းလေးတောင် အကြင်နာမရှိဘူးလား..?”

“ရှင်ကအရှုပ်ထုပ်ဆိုတာ ကျွန်မ,မသိခဲ့ဘူး”

ဝူချန်က ပုခုံးတွန့်လိုက်ပြီး…
“ကိုယ်တို့ရဲ့လက်တွေ့ဘဝမှာ ကုသိုလ်တွေအများကြီးလုပ်သင့်တယ်လေ… အဲ့တာမှ သေရင်မိုးကြိုးအပစ်မခံရမှာ…”

ရှီရှန်းရဲ့နှုတ်ခမ်းတွေက တွန့်ကွေးသွားပြီး..
“ဘယ်သူက ရှင့်ကို အဲ့လိုပြောခဲ့တာလဲ..?”

‘အံ့ဩစရာမရှိပါဘူး… အဲ့တာကြောင့် သူက သူ,မလုပ်ချင်ပေမယ့် လူတွေကိုကူညီပေးနေတာကိုး.. ကောင်းကင်ဘုံက အဲ့လိုခွင့်ပြုထားလို့လား’

“ကိုယ့်ရဲ့ဆရာ… တကယ်လို့ ကိုယ်သာ လူသတ်သမားကိုရှာတွေ့ခဲ့ရင် ကုသိုလ်တွေအများကြီးရမှာ..”

“ကံကောင်းပါစေ”
ရှီရှန်းက သူမအခန်းထဲကို ပြန်ဝင်သွားလိုက်တယ်…

ဝူချန်က သူမနောက်ကို တကောက်ကောက်လိုက်ပြီး
“မြေခွေးမိစ္ဆာလေး… ကျေးဇူးပြုပြီး ကူညီပါနော်”

“ရှင်က ကျွန်မကို မြေခွေးမိစ္ဆာဖမ်းဖို့ အကူအညီတောင်းနေတာလား?”

ရှီရှန်းက သူမကိုယ်သူမ လက်ညှိုးညွှန်လိုက်ပြီး
“ကျွန်မကိုရူးနေတယ်လို့ ရှင်ထင်နေတာများလား?”

ရှီရှန်းရဲ့စကားကမှန်နေတော့ ဝူချန်လည်း ဘာမှပြန်မပြောနိုင်တော့ဘူး။ သူမကလည်း မြေခွေးမိစ္ဆာပဲလေ။

ရှီရှန်းက မကူညီတာကြောင့် ဝူချန်လည်း သူ့ဘာသာလိုက်ရှာရတော့တယ်။ စွမ်းအားသုံးလို့မရပေမယ့် စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲမှာပဲ ရှိနေသေးတာကြောင့် မိစ္ဆာရှိနေတဲ့အနီးစပ်ဆုံးနေရာကို အာရုံခံလို့ရနိုင်တယ်။ ဒါပေမဲ့ တစ်မြို့လုံးပတ်ရှာကြည့်တာကို မိစ္ဆာရှိနေတဲ့နေရာကို မတွေ့ခဲ့ရဘူး။ ပြောရမယ်ဆို ရှီရှန်းကိုတောင် အာရုံခံလို့မရခဲ့ဘူး။

လူတွေဆက်တိုက်သေနေတာလည်း ရက်အတော်ကြာခဲ့ပြီ။ ယွဲ့ရန်ဂိုဏ်းသားတွေ ပြန်ရောက်လာတာတောင်မှ မိစ္ဆာက အရင်ထက်အတင့်ရဲလာပြီး လူသတ်နေတုန်းပဲ။

…………………….

“ရွှစ်…”

ပြတင်းပေါက်ကိုဖြတ်ပြီး အမည်းရောင်အရိပ်တစ်ခု အခန်းထဲကိုဝင်လာခဲ့တယ်။ ထို့နောက် မိနစ်ပိုင်းအတွင်း ထိုအရိပ်ကနေ လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ ထိုလူက အခန်းကိုတချက်ဝေ့ကြည့်လိုက်ပြီး အိပ်ရာနားကို လျှောက်သွားလိုက်တယ်။ အိပ်ရာနားကပ်သွားလိုက်တာနဲ့ ဓားတစ်ချောင်းက လည်ပင်းပေါ်ကို ရောက်နှင့်နေပြီ.

“ငါက အမြင်မှားနေတာလို့ထင်ခဲ့တာ.. မိစ္ဆာတစ်ကောင်ကိုတွေ့ရမယ်လို့ မထင်ခဲ့ဘူး…”
ထိုလူရဲ့အသံက ထူးဆန်းပြီး ကြက်သီးထဖွယ်ပင်။

“ဘာလို့ လူတွေရဲ့နှလုံးကိုသွားမရှာပဲ ဒီကိုရောက်လာတာလဲ”

ရှီရှန်းက ခနဲ့လိုက်တယ်..
“ငါ့နှလုံးကိုလိုချင်နေတာများလား.. နင်မလုပ်နိုင်မှာစိုးတယ်….?”

တကယ်လို့ ထိုလူရဲ့အသံကို ကြက်သီးထဖွယ်လို့ပြောရင် ရှီရှန်းရဲ့အသံကိုတော့ အေးစက်နက်ရှိုင်းနေပြီး မကောင်းဆိုးဝါးလို ဖျက်ဆီးနိုင်စွမ်းပြည့်နှက်နေတယ်လို့ ပြောရမယ်။ ထိုလူလည်း မကောင်းတဲ့အာရုံရသွားပြီး အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်။ ပြီးမှ တည်ငြိမ်စွာဖြင့်…

“ငါတို့တွေက မိစ္ဆာတွေပဲလေ.. မင်းကိုလာပြီး နှုတ်ဆက်တာပါ.. ဘာလို့ ဒီလောက်စိတ်ဆတ်နေရတာလဲ?”

“ငါက စိတ်ဆတ်တယ်လို့ ဘာလို့ထင်ရတာလဲ..?”

“မဟုတ်ရင် ဘာလို့ဓားနဲ့ကြိုဆိုနေမှာလဲ?”

“ငါ့အခန်းထဲကို အခွင့်မရှိပဲဝင်လာခဲ့တဲ့အတွက် အဖိုးအခလေ”

“ရှောင်ရီ.. ဘယ်သူနဲ့စကားပြောနေတာလဲ?”
ဝူချန်ရဲ့အသံက အခန်းအပြင်ကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့တယ်။

အခန်းက တခမမျှ တိတ်ဆိတ်သွားခဲ့တယ်။

ဘာအသံမှမကြားရတာကြောင့် ဝူချန်က တံခါးနှစ်ချက်ခေါက်လိုက်ပြီး..
“ရှောင်ရီ… ကိုယ်ဝင်လာခဲ့မယ်နော်”

“ရွှစ်….”

တံခါးကပွင့်လာတာနဲ့ ထိုလူလည်း မူလအရိပ်မဲသဏ္ဍာန်ပြောင်းလဲသွားပြီး ပြတင်းပေါက်ကနေ အမြန်ပြေးထွက်သွားတော့တယ်။ ထို့နောက် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့တယ်။

ဝူချန်လည်း သူ့အရှေ့ကဖြတ်ပြေးသွားတဲ့ အရိပ်မဲကြီးကိုတွေ့လိုက်ရသလို မကောင်းဆိုးဝါးအငွေ့အသက်ကိုလည်း ခံစားမိလိုက်တယ်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ရှီရှန်းက ပြတင်းပေါက်ကိုကျောပေးရပ်နေပြီး သူမရဲ့လက်ထဲမှာတော့ ဓားကိုင်ထားခဲ့တယ်။

“ရှောင်ရီ…. အခုလေးတင်…” ‘ငါဘယ်လိုလုပ် မိစ္ဆာတွေကို အာရုံပြန်ခံလို့ရသွားတာလဲ..? အဲ့တာလူသတ်သမားလား?’

“ရှင်ရှာနေတဲ့ လူသတ်သမား”

ရှီရှန်းက သူမရဲ့ဓားကို Space ထဲ ပြန်သိမ်းလိုက်ပြီး သက်သောင့်သက်သာ ဖြေလိုက်တယ်။ သူမရဲ့အိပ်ရာဆီကို လျှောက်သွားလိုက်ပြီး…

“ရှင်ပြန်ထွက်သွားရင် တံခါးပိတ်ဖို့မမေ့နဲ့.. ကျေးဇူး”

‘လူသတ်သမားက မင်းဆီရောက်လာတာတောင် ဘယ်လိုလုပ် အရမ်းတည်ငြိမ်နေနိုင်သေးတာလဲ?’

………………………………………




Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Onde as histórias ganham vida. Descobre agora