Arc 19.14

1.8K 296 2
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၄)

စိတ်ပညာရှင်သည် အလျင်အမြန် ရောက်လာသော်လည်း သူသည် တစ်ယောက်တည်း မဟုတ်ဘဲ တစ်စုံတစ်ယောက်က စိတ်ပညာရှင်နှင့်အတူ ပါလာခဲ့သည်။

ကျန်းကျွိ အစက သူတို့ ဘယ်သူ့ကို ရည်ညွှန်းနေမှန်း သူ မသိခဲ့၊ သူက သဘောပေါက်သွားချိန်တွင် " မင်းတို့ မုပိုင်အကြောင်း ပြောနေတာလား...မုမိသားစုက တစ်ယောက်လေ "

" ဟုတ်တယ်၊ သူပဲ " ရဲတစ်ယောက်က သူ့မျက်နှာပေါ်တွင် လေးစားမှုအပြည့်ဖြင့် ပြန်ဖြေလာသည်။ " ကျွန်တော် သူနဲ့ အပြင်မှာ တွေ့နိုင်တာကို ယုံတောင် မယုံနိုင်ဘူး။ ဒါက အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာသလိုပဲ။ ကျွန်တော် ရဲသင်တန်းကျောင်းမှာ ရှိနေကတည်းက သူ့အကြောင်းတွေ ကြားပြီး လေးစားခဲ့တာ။ သူ ရဲတပ်ဖွဲ့ထဲ မဝင်ခဲ့တာ နှမြောစရာပဲ "

မုပိုင်ဆိုတာ ဘယ်သူလဲ??
မုပိုင်ဟူသော အမည်မှာ အထက်တန်းလွှာ ရဲသင်တန်းကျောင်းအားလုံးတွင် လူသိများနာမည်ကြီးလေသည်။ သူတို့လို စီနီယာများပင် ထိုနာမည်နှင့် အကျွမ်းတဝင်ရှိကြသည်။

သူသည် အသက် ၁၅ နှစ်အရွယ်တွင် ကွင်းဆက်လူသတ်မှုကို ဖြေရှင်းနိုင်ခဲ့ပြီး အသက်၁၇ နှစ်အရွယ်တွင် ရဲသင်တန်းကျောင်းကို ၀င်ရောက်ခဲ့သည်။ ထို့နောက် သူက ယုတ်ညံ့သည့်အမှုအများအပြားကို ၁၀၀ရာခိုင်နှုန်း ကွက်တိဖြေရှင်းခဲ့သည်။ သူ့၏အရွယ်နှင့် မလိုက်အောင် ထူးချွန်သည့် ရောင်ခြည်စက်ဝန်းသည် မရေမတွက်နိုင်သည့် လူများ၏မျက်လုံးကို ကန်းသွားစေလေသည်။

ထိုအချိန်က လူတိုင်းမှာ မုပိုင်အား ငှားချင်ကြသည်။ သို့သော်လည်း မုပိုင်သည် ရဲတပ်ဖွဲ့သို့ ၀င်ရောက်မည့်အစား ပြည်ပသို့ ပညာတော်သင်သွားခဲ့လေသည်။ ထိုအချိန်မှစ၍ သူ့ထံမှ ဘာမျှမကြားရတော့ပေ။ ဆက်လက်တည်ရှိနေသည့် တစ်ခုတည်းသောအရာမှာ သူ့ဒဏ္ဍာရီသာဖြစ်သည်။

အခု ဒီ legend ကြီးက သူတို့နယ်မြေမှာ ပေါ်လာတယ်။
ကောင်းကင်ကနေ သွေးမိုးတွေ ရွာတော့မှာများလား??

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....حيث تعيش القصص. اكتشف الآن