Arc 18.9

486 56 0
                                    

Unicode

------------

အဲ့ဒီ ယောက်ျား လက်မြောက်လိုက်တဲ့ အခါ တစ်ခြားသူတွေ တိတ်ဆိတ်လိုက်ကြတယ် ။ ခနအကြာမှာ ၊ အရပ် ရှည်ရှည်နဲ့ ယောက်ျား တစ်ယောက်ထွက်လာပြီးတော့ 

" မိန်းကလေး.. မင်းတိုက်ခိုက်ချင်တာ သေချာလို့လား ။ " 

ငါတို့ အားလုံးက အထူးလေ့ကျင့်ပေးခံထားရတာ ။ သူမ က ပိန်လွန်းတယ် ။ 

သူမ တိုက်ခိုက်နိုင်ပါ့မလား?

" မဆိုင်တာတွေ ပြောနေတာ ရပ်လိုက်တော့ " ရှီရှန့်က သူမ မျက်လုံး ကို လိမ့်လိုက်တယ် ။

ငါက နောက်နေရမှာလား?ထိုလူ၏မျက်နှာသည် အနည်းငယ် တွန့်သွားသည် ။  

သူက လက်သီးကို ထုတ်လိုက်ပြီး "ဒါဆိုလာခဲ့လေ "

သူက ရှီရှန်း လက်ထဲက သံမဏိ ဓားကို ကြည်လိုက်တယ် ။ ဒီဓားနဲ့ သူမက သူ့ကို မထိုးဘူး လို့ သူထင်ခဲ့တယ် ။ ဒါပေမယ့် နောက်တစ်စက္ကန့်မှာတော့ သံဓားက သူ့ကို ရှေ့ကဆီးပြီး တိုက်ခိုက်နေတယ်။ ဤကဲ့သို့သော ခွန်အားဖြင့် သူကို ထက်ဝက်ခန့် ဖြတ်တောက်နိုင်ပုံရတယ် ။

သူ ကပ်ကပ်လေး လွတ်မြောက်ခဲ့တယ် ။ ဒါပေမယ့် သံဓားရှည်က သူ့နောက်ကိုအရမ်းမြန်တဲ့အရှိန်နဲ့ လိုက်လာခဲ့ပြီးအချိန်မီ မလွတ်မြောက် နိုင်​တော့ဘူး။

ရှီရှန်း ကို ရှုတ်ချသော သူတို့သည် ယခုပင် စိတ်ပြောင်းသွားသည်။ သူမ၏ အမြန်နှုန်းသည် အလွန်မြန်သည်။

သူတို့ရဲ့ မျက်နှာတွေ မဲ့ရှုံ့နေကြသည် ။ 

သူတို့က သူမကို ပထမကတော့ ခြောက်လှန့်ချင် ရုံပေမယ့် ရှီရှန်း ကဒီလောက်အစွမ်းထက်လိမ့်မယ် ဆိုတာ ဘယ်သူသိမှာလဲ။

ဒီ နေရာက သိပ်မကျယ်ဘူး ။ အဲ့လူကြီး ထွက်ပြေးဖို့နေရာ မရှိဘူး ။ မကြာမီပင် ထောင့်၌ ချောင်ပိတ်ခံရလေသည် ။ ထိုလူသည် အမှောင်ထဲတွင် ပိုတောက်ပလာသည့် သံဓားကို ကြည့်ပြီး ဖြည်းဖြည်းချင်း ​ နောက်ဆုတ်သွားသည်။ 

ငါ အခု သေရတော့မှာလား ?!

ထိုလူ ထိတ်လန့်သွားသည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now