Arc 19.13

1.8K 310 3
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၃)

ဤစကားလုံးများသည် လူတိုင်းကို ဖမ်းစားသွားတော့သည်။
ထိုအချိန် သူမလှုပ်ရှားလာလိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။ အကြောင်းမှာ သူမသည် လူသတ်မှုသံသယရှိနေသူဖြစ်ပြီး ယခု သူမသည်လူတစ်ဦးကို ချည်နှောင်ထားကာ သူ့ကိုသတ်ပစ်တော့မည်ဟု သူတို့ထင်လိုက်ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် သူတို့၏အမှားမဟုတ်ချေ!
ဒါက ဤအရူးမ၏ အမှားပင်!
သူမက ဘာကြောင့်များ သူမ စိတ်ပျော်ဖို့အတွက် တစ်ယောက်ယောက်ကို ကြိုးနဲ့ချည်ထားရတာလဲ??
အခုတော့ သူတို့ပဲ ဒုက္ခရောက်ပြီ!

ကျန်းကျွိသည် ဤလူများကို ဒေါသထွက်ထွက်ဖြင့် စိုက်ကြည့်လိုက်သည်။  သူတို့အားလုံး ချက်ချင်းပင် သူတို့၏ခေါင်းများကို ငုံ့လိုက်ကြသည်။
ဒီမှာ. . . ကိစ္စတစ်ခုကို အခြားကိစ္စတစ်ခုနဲ့ သွားမရောနှောသင့်ပေ။ ဒီအရူးမက သံသယရှိတဲ့သူ ဖြစ်နေပေမယ့်လည်း ငါတို့မှ သက်သေမပြနိုင်သေးတော့ သူမကို သေနတ်နဲ့သွားပစ်တာကတော့ လုံးဝကို တားမြစ်ထားတာကြီး။

……

ရှီရှန်းသည် သူမအား လူသတ်မှုတစ်ခုတွင် သံသယရှိသူဟု ပြောလာကြောင်း ကြားလိုက်ရသောအခါ အံ့အားသင့်သွားတော့သည်။

" ရှင်ဘာပြောလိုက်တာလဲ?" သူမ နားကြားမှားသည်ဟုတောင် ထင်သွားသည်။

အဆိုပါရဲက " ဒီနေ့နံနက် 3 နာရီမှာ ဒီအမှုကို သတင်းထုတ်ပြန်ခဲ့တာပါ။ ရှမ်းရှုရာစုနှစ်အိမ်ရာမှာ မီးလောင်မှုရှိခဲ့တာပါ။ မီးသတ်သမားတွေ မီးကိုငြှိမ်းပြီးတဲ့အချိန်မှာ အလောင်းတစ်ခုရှာတွေ့ခဲ့တာပါ။ အကြမ်းဖက်ခံရသူက လျန့်ချင်းပါပဲ။ ရဲတွေက ရာဇ၀တ်မှုကျူးလွန်ထားတဲ့နေရာကို စုံစမ်းနေခဲ့တုန်းက လက်ဗွေတွေကို အခင်းနေရာမှာ ရှာတွေ့ခဲ့ပါတယ်။  မစ္စလျှို. . . ဒီနေ့ မင်းမနက် ၁ နာရီကနေ မနက် ၃ နာရီအထိ ဘယ်မှာရှိနေလဲ ငါတို့ကိုပြောပြလို့ရမလား "

" ဒါက ညဥ့်သန်းခေါင်အချိန်ကြီးပဲ. . . ကျွန်မက အိပ်ပျော်နေမှာပေါ့!"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now