Arc 18.5

1.6K 189 1
                                    

Unicode
-------------

လေးလံသော ပစ္စည်းတစ်ခု မြေကြီးပေါ်ပြုတ်ကျကာ အသံတစ်သံ ဖြစ်ပေါ်လာသည် ။

ကောင်လေး သူ့ခေါင်း ပေါ် တစ်ခုခု ပြုတ်ကျ လာတာကို ခံစားလိုက်ရတယ် ။ အဲ့ဒါက စေးကပ်ကပ်နဲ့ သူ့ ဆံပင် တစ်လျှောက် စီးဆင်းသွားတယ်။

ပြီးလည်းပြီးရော အပုပ် နံ့ တွေ တလှိုင်လှိုင် ရလာတယ် ။

အချိန်တချို့ကြာသည် အထိ ၊ ကောင်လေးက နာကျင်မှုကို မခံစားခဲ့ရဘူး ။
သူ ခေါင်းကို နှေးကွေးစွာ မော့ကြည့်ခဲ့တယ် ။ ဇွန်ဘီက သူ့ရှေ့မှာ လဲကျနေတဲ့ အဖြစ်အပျက်ကို မြင်လိုက်ရတယ် ။

သူ့ရဲ့ ခေါင်းတစ်ဝက် ပြတ်သွားပြီး  တစ်ဝက်ကလည်း မြေ ကြီးပေါ် ပြုတ်ကျနေတယ် ။

မြေကြီး​ပေါ်မှာ ဇွန်ဘီ နောက် တစ်ကောင်သေနေတယ် ။ အဲ့ဒီကောင်က ပိုပြီး အဖြစ်ဆိုးတယ် ။ အလယ်ကနေ ထက်ခြမ်း အပိုင်းခံ ထားတာ!

ကောင်လေးက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ပါးပေါ် စီဆင်း လာတဲ့ အရည်ကို သုတ်ကြည့်လိုက်တယ် ။ အဲဒါက စေးကပ်နေပြီး သူ့ကို ပျို့အန်ချင်စိတ်ပေါက်စေတယ် ။ နောက်ဆုံး သူ ပျို့အန်လိုက်တော့တယ် ။

"မင်းက ဒီလောက်တောင်မှ သတ္တိမရှိတာများ ဘယ်လိုလုပ် အသက်ရှင်ကျန်နေသေးရတာလဲ ။ မင်း ဒီကလေး နဲ့ သေဖို့ စောင့်နေတာမှ ပိုကောင်းဦးမယ် ။ "

အမျိုးသမီး ရဲ့ အသံက သူရဲ့ နား အနီးမှာ ကျယ်လောင်စွာ မြည်ဟီးနေတယ် ။ ​ ကောင်ကလေးဟာစိတ်ပျက်နေပြီးတော့ သူမသည် အမှန်တရားကို ပြောပြနေရုံသာ ။

ဤနေရာသည် ငြိမ်းချမ်းသည့် နေရာ မဟုတ်တော့ပေ ။ ဤနေရာတွင် သင့်ကို သတ်ပစ်မည့် ဇွန်ဘီများစွာ ရှိနေပြီဖြစ်သည် ။

ငါ အားကြီးရမယ် ။

ငါ ငါ့ညီမလေးကို ကာကွယ်စောင့်ရှောက်ရမယ် ။

ငါ့ညီမလေး...

ကောင်လေးသည် သူချီထားသည့် ညီမလေးကို ကြည့်လိုက်တယ် ။ ကလေးသည် သူ့လက်မောင်းအောက်၌ ပိနေပြီး မျက်နှာမှာ နီ၍ ပူနေသည် ။ အကယ်၍သာ သူသည် ကလေး၏ မျက်နှာကို ပို၍ ဖိထားလိုက်ပါက ကလေး၏ အသက််ကို ပါ ဆုံးရှုံးနိုင်ချေရှိပေသည် ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Onde as histórias ganham vida. Descobre agora