Arc 19.10

2K 308 9
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၀)

စျေးနှုန်းသည် သူ့ဘတ်ဂျက်ထက် ကျော်လွန်လုနီးပါးဖြစ်နေသောကြောင့် ယဲ့ဖုန်းသည် အနည်းငယ် စိုးရိမ်နေသည်။

အရမ်းထူးဆန်းလေသည်။ သူနှင့် ဈေးပြိုင်မြှင့်နေသော ရှီရှန်းအပြင် သူ မသိသည့် ဝတ်စုံပြည့်နှင့် လူတစ်ယောက်လည်း ရှိနေလေသည်။

ယဲ့ဖုန်းသည် ဆက်ပြီးလေလံဆွဲရန် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည်။ ထို့ပြင် ရှီရှန်းသည် အရှုံးမပေးမီ နှစ်ကြိမ် ဆက်ခေါ်ခဲ့သေးသည်။

အကြောင်းမှာ ဝတ်စုံပြည့်နှင့် လူသည် အရှုံးပေးရန် ရည်ရွယ်ချက် မရှိသောကြောင့်ဖြစ်သည်။

လေလံပွဲ၏ငွေပမာဏသည် တဟုန်ထိုးမြင့်တက်လာခဲ့ပြီး နယ်ခံသူဌေးများ တိတ်ဆိတ်နေရလောက်အောင်ပင် အလွန်မြင့်မားလာခဲ့သည်။
သူဌေးများ၏ကမ္ဘာသည် အမှန်ပင် အလွန်ကြောက်စရာကောင်းလေသည်။

ဒီစျေးနှုန်းသည် သူ မတတ်နိုင်တော့သည့်အတွက် ယဲ့ဖုန်း လက်လျှော့ရန် လုပ်တော့သည်။ သို့သော် သူ့တွင် အကြံရှိနေသကဲ့သို့ သိပ်မဝေးသည့် နေရာတွင် ထိုင်နေသော ရှီရှန်းကို ကြည့်လိုက်လေသည်။ သူမမျက်နှာပေါ်က သိသိသာသာ လှောင်နေသည်ကို ကြည့်ရင်း ယဲ့ဖုန်း၏စိတ်ထဲ ချက်ချင်း ဒေါသများဖြင့် ပြည့်သွားတော့သည်။
သူမက အဲ့နေရာမှ ထိုင်နေပြီး အဲ့လိုသိသိသာသာ လှောင်ပြောင်နေတဲ့ အမူအယာနဲ့ ငါ့ကို ဘာလို့ကြည့်နေတာလဲ!?

မွဲတေနေတဲ့သူက သူမပဲလေ......
သူ့ခေါင်းထဲ အသံနှစ်သံသည် တစ်ဦးနှင့် တစ်ဦး အငြင်းပွားနေကြသည်။

--လေလံဆက်ဆွဲ၊ မင်း သူမကို အထင်သေးခွင့်မပြုနဲ့၊ မင်းကို ဖြတ်လိုက်တာက သူမ ဘယ်လောက်တောင်ရူးလဲဆိုတာ သက်သေပြလိုက်။

--လေလံဆွဲတာကို လက်လျော့လိုက်တော့၊ မင်းမှာ ငွေအပို မရှိတော့ဘူးမလား၊ မိန်းမတစ်ယောက်ကြောင့် အမှားမလုပ်မိစေနဲ့။

ယဲ့ဖုန်းတစ်ယောက် သူ့အတွေးများကြား ရုန်းကန်နေစဉ်မှာပဲ အနောက်မှ တခြားတစ်ယောက်က တိုက်ပွဲထဲ ထပ်ဝင်လာခဲ့သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now