Arc 18.4

1.4K 201 0
                                    

Unicode
-------------

"အဓိပ္ပါယ် မရှိလိုက်တာ "

ကောင်ကလေးက ဒေါသထွက်နေတယ် ။ ဒါပေမဲ့ ရှီရှန်းရဲ့ နှုတ်ခမ်း ကွေး ပြီး သူ့ကို ကြည့်နေတယ် ။

ကောင်လေးက ရုတ်တရက် အသံတိတ်သွားပြီး ကလေးကို ပွေ့ဖက် လိုက်တယ် ။

ရှီရှန်းက အောက်ထပ်ကို ဆင်းသွားတယ် ။ သူမ ရေပုံး အနည်းငယ် ရှာတွေ့တယ် ။ ဒါပေမဲ့ ရေမရှိဘူး ။ လျှပ်စစ်လည်းမရှိဘူး( မီးမလာဘူး)

ရှီရှန်းက စားပွဲ ခုံကို ဆွဲထုတ်လိုက်ပြီး အသင့်စားခေါက်ဆွဲ လုပ်ရန် မီးကို လုပ်လိုက်တယ် ။

အသင့်စား ခေါက်ဆွဲတွေ စားရတာ က ငါ့ ကို ဖျားအောင် လုပ်နေတာပဲ! 

ရှီရှန်း က ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့ပြီး အသင့်စားခေါက်ဆွဲ ကို ပြုတ် ​ခဲ့တယ် ။ သူမမှာ ခေါက်ဆွဲ ထပ်ပို ကောင်းတဲ့ စားစရာမရှိသေးဘူး။

သူမ ဗိုက်ပြည့်သွားတဲ့ အခါမှာ ၊ သူမကို မျှော်ကြည့်နေပြီး တံတွေးမျိုချနေတဲ့ ကောင်လေး လှေကားမှာ ရပ်နေတာကို သူမ မြင်လိုက်တယ်။

ရှီရှန်းက သူ့ကို ကြည့်နေတာ မြင်တဲ့ အခါ သူ့မျက်နှာ တွန့်သွားပြီး အပေါ်ထပ်ကို ပြေးတက်သွားတယ် ။

'ငါ သူ စားဖို့ နည်းနည်းလောက် ချန်သင့်လား? '

ရှီရှန်းက အိုးထဲ ပူနေဆဲ အသင့်စားခေါက်ဆွဲ တွေကို ကြည့်လိုက်တယ် ။ အဲဟာတွေကို ပန်းကန်ထဲကို လောင်းထည့်ခဲ့ပြီး အပေါ်ထပ်ကို ယူသွားလိုက်တယ် ။

အခု ရှီရှန်း သွားတဲ့အခါ သူမ  က လက်နှိပ်ဓာတ်မီး ယူသွားခဲ့တာကြောင့် အခန်းက မှောင်သွားတယ် ။(အောက်ထပ် မှောင်သွားတယ်)

ရှီရှန်းကို မြင်လိုက်တဲ့အခါ ကောင်ကလေး ကြောက်သွားတယ် ။ ကလေးငယ်ကို ချီပြီး နံရံ ထောင့်လေးမှာ ပုန်းနေတယ် ။

"စား " ရှီရှန်းက ခေါက်ဆွဲ တစ်ပန်းကန်ကို အခန်းထဲမှာရှိတဲ့ သုံးထောက်ခုံပေါ်
တင်ပေးလိုက်တယ် ။

ကောင်လေးက မလာရဲ ဖြစ်နေတဲ့ အခါ ရှီရှန်းက စူးရှစွာ စိုက်ကြည့်လိုက်တယ် ။ သူ အစာ ကို အနံ့ ခံရုံ နဲ့တင် ဆာလောင်မှုကို ဖြေသိမ့်နိုင်လိမ့်မယ် ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now