Arc 16.40

1.5K 193 4
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[40]

ရှီရှန်းကဂိမ်းရောင်းအားမြှင့်တဲ့ကြော်ငြာတစ်ခုမှာပါဝင်လိုက်တည်းက သူမကနာမည်ပြောင်အသစ်တစ်ခုရခဲ့တယ်။ 

#ဂိမ်းစွဲနေတဲ့စင်ဒရဲလားလေး#

#ရိုက်ကွင်းရောက်နေလည်း ဂိမ်းဆော့ဖို့မမေ့တဲ့စင်ဒရဲလား#

#ဂိမ်းစွဲနေတဲ့စင်ဒရဲလားလေးရဲ့ နေ့စဉ်လုပ်ဆောင်တဲ့လုပ်ငန်းစဉ်#

ရှီရှန်းရဲ့နာမည်ကြီးအနုပညာရှင်ဆိုတဲ့ပုံရိပ်ကြောင့် ဂိမ်းကုမ္ပဏီကသိပ်ပြီးမကျော်ကြားတဲ့ တချို့ဂိမ်းတွေတောင် ရုတ်တရက်လူသိများကျော်ကြားလာခဲ့တယ်။ 

ဒီဇင်ဘာလ။ 

စောင့်မျှော်နေတဲ့နှစ်ဆုံးဟာ နောက်ဆုံးတော့ရောက်ရှိလို့လာပြီ။ 

ရှီရှန်းနဲ့ကုချီကလက်ထပ်မယ့်နေ့ရက်ကို မကြေညာရသေးတာကြောင့် ဖန်တွေကအွန်လိုင်းပေါ်မှာသူတို့ဘာသူတို့သတ်မှတ်ထားတဲ့ လက်ထပ်မဲ့နေ့ရက်စွဲနဲ့ပက်သက်တာတွေကို ပို့စ်တင်နေခဲ့တယ်။ 

အဲဒါကအတော့ကိုရှည်လျားတဲ့စာရင်းပဲ။ 

ရှီရှန်းနဲ့ကုချီကလက်ထပ်ကြတော့မယ်ဆိုတော့ ကုမိသားစုနဲ့လန်ချင်းကအသေအချာကိုပဲ အရာအားလုံးအတွက်စတင်ပြင်ဆင်ထားရတော့မယ်။ 

လန်ချင်းကသူ့ရဲ့ချစ်ညီမလေးကို ကုချီနဲ့လက်ထပ်ခွင့်ပြုဖို့တော်တော်ကိုပဲ ဆန္ဒမရှိနေဘူး။ 

သူခက်ခက်ခဲခဲပျိုးထောင်ထားရတဲ့ အချစ်ရဆုံးပေါင်ပေ့လေးကနောက်ဆုံးကြီးပျင်းလာပြီး သူတောင်အခုထိသူမရဲ့ပုံစံလေးကို ကြည့်မဝရှုမဝဖြစ်နေချိန်မှာ သူမလေးကဒီဝက်နဲ့လက်ထပ်တော့မယ်။ 

ဒီဝက်ကရွှေဝက်ဖြစ်ပေမယ့်လည်း သူကအတော့ကိုမပျော်မရွှင်ဖြစ်နေတုန်းပဲ။

ဒါကြောင့်မို့ လန်ချင်းကကုချီကို အရာအားလုံးခက်ခဲအောင်လုပ်တော့တယ်။ သူကအရာအားလုံးကိုမူရင်းသတ်မှတ်ချက်ကနေ မတူတဲ့ဟာကိုတောင်းဆိုခဲ့တယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now