Arc 20.11

410 40 0
                                    

Unicode

ရှာဖွေနေသော ကောင်မလေ၊ နှင့် သူမ၏အဖွဲ့က ရှီရှန်းတို့ကို မြန်မြန်ပဲ ရှာတွေ့ သွားပေသည်။

ရှာဖွေနေသော ကောင်မလေး၏levelအရ သူမသည် အဆင့်၇ဝရှိ မြေပုံတွင် ရှင်သန်နိုင်မည် မဟုတ်သောကြောင့် အတွေ့ အ ကြုံရှိ ကစားသမားအချို့ ပါခေါ်လာလေသည်။

[World]အို၊သွားပြီဗျို့ ၊ "ရက်စက်တဲ့အပျိုကြီးက လော့ချင်းနဲ့ တူတူ ဒီမှာ ရှိနေတာဟ ဘာတွေ ဖြစ်နေတာတုန်း"

ထိုအဆင့်၇ဝရှိ ဘိုးတော်များသည် world ချန်နယ်တွင် ချက်ချင်းဟစ်ကြွေးတော့၏။

[World! ယောကျာ်းတစ်ယောက်ရဲ့ ပုံရိပ်အစစ်အမှန် ၊

“ရက်စက်တဲ့အပျိုကြီးက ဘယ်မှာရှိနေတာလဲ သူ့ ကိုဩဒိနိတ်လေး တွေ ငါ့ကို တစ်ချက်လောက် ပြောပြပေးစမ်းပါ

[World] အဘိုးကြီး လူတွေကိုအရူးလုပ်နေတာတော်တော့ ၊

“ ယောကျာ်းတစ်ယောက်ရဲ့ ပုံရိပ်အစစ်အမှန်၊ အပျိုကြီးကို မင်းဆီ မျက်နှာသာ လာပေးစေချင်လို့လား ?မင်း အရှုံးပေးပြီး သေဖို့ စိတ်ပြောင်းလိုက်တာလား?ကိုဩဒိနိတ်လေး ပလိ့စ်!"

[World] ယောကျာ်းတစ်ယောက်ရဲ့ ပုံရိပ်အစစ်အမှန် ၊

“တောင်ကြီးကငါ့ဆီကိုလာ မှာမဟုတ်တော့ ငါကပဲ တောင်ကြီးဆီ သွားရမှာပေါ့။ငါ သူ့ကို မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး!"

[World] ငြီးငြူရတာ ငါ့ဝါသနာ ၊
“ဘယ်လိုဖြစ်ပြီး ဟွားမန်မန်က နန်းတော်ထဲက ထွက်လာနိုင်တာလဲ?ဒါက bugမဟုတ်ဘူးလား မင်းတို့ report မထုဘူးလားဟ?"

ဘယ်သူ့မှထိုစာကို မပြန်ကြချေ။ အားလုံးက ကိုဩဒိနိတ် မေးတာနှင့်သာ အလုပ်ရှုပ်နေကြ၏။

ကစားသမား တော်တော်များများသည် နေရောင်ခြည်တန်း လေး ပြောသွားသည့် bugအကြောင်းကို သိကြပေသည်။ ထို့ ကြောင့် သူတို့သည် ဒီbossက ဉာဏ်ကောင်းကြောင်းကို သိပြီးနောက်ပိုင်း bossတစ်ကောင် အပြင်ထွက်လာနိုင်သည်နှင့် ပတ်သတ်ပြီး ထူးထူးဆန်းဆန်း မဖြစ်ကြတော့ပေ။

ထို့အပြင် ဤဂိမ်း၌ bugများကို ကိုင်တွယ်သည့် APE ပရိုဂရမ်မာ များလည်းရှိသည်အဲ့Bossက အရှက်မရှိဗြောင်ကျကျ နေရာတိုင်းလှုပ်ရှားသွားလာနိုင်တာကို APE ပရိုဂရမ်မာတွေက မပြင်ဘူးဆိုတည်းက ဒါကလုံးဝကို Bugမဟုတ်ဘူးလေ ဆိုတော့ဘာလို့ reportထုနေဦးမှာတုန်း?
[APE - ဂိမ်းရဲ့လုပ်ဆောင်ချက်မှာရှိနေတဲ့ ပြဿနာတွေကို အသေးစိတ်ကျကျ dataတွေယူပြီး ဖြေရှင်းဖို့အတွက်ရေးဆွဲထားတဲ့ applicationတစ်ခုပါ *ရင်းနှီးတဲ့အသုံးအနှုန်းမဟုတ်တဲ့အတွက် အပြည့်အဝ မမှန်နိုင်ပါ မှားခဲ့သည်ရှိသော် ထောက်ပြပေးကြပါဦးရှင့်]

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Onde as histórias ganham vida. Descobre agora